၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီးသည့်နောက် (မဆလ) အသွင်ပြောင်း (နဝတ) နဝတ- အသွင်ပြောင်း (နအဖ) နအဖ- အသွင်ပြောင်း လက်ရှိ- ယူနီဖောင်းဝတ်-ယူနီဖောင်းချွတ်အာဏာရှင်
ဖားတပိုင်း ငါးတပိုင်း သိန်းစိန်အစိုးရလက်ထက်အထိ နယ်စပ်ရှိ တိုင်းရင်းသားလူမျိုးစုတွေအပေါ် လက်နက်အားကိုးပြီး မတရားသောထိုးစစ်ဖြင့် ရက်ရက်စက်စက် ထိုးစစ်ဆင်တိုက်ခိုက်နေမှာ နှစ်ပေါင်း
များစွာကြာမြေ့ခဲ့ပြီးဖြစ်သည်။
တန်းတူအခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်အခွင့်အရေးရရှိရေး၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုပေါ် ပေါက်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ဖြင့် နှစ်ပေါင်းများစွာ တရားသော- စစ်ပွဲကိုဆင်နွဲနေ
သော လက်နက်ကိုင်လူမျိုးစုတို့သည် တပ်ပေါင်းစုအဖွဲ့အစည်းကို တည်ထောင်နိုင်ခဲ့သော်ငြားလည်း ညီညွှတ်မှုကင်းမဲ့ကာ အာဏာရှင်တို့၏ ထိုးစစ်ကို ခုခံစစ်ဖြင့် အလူးအလှဲ ချေမှုန်းခံနေကြရသည်မှာ ယနေ့ထိတိုင်အောင်ပင်မဟုတ်လော..။
ထို- ထိုးစစ်ကြောင့် တိုင်းရင်းသားပြည်သူတို့သည် ၁- ပညာနို့ရည်ကို ပြည့်ဝစွာမသောက်သုံးခဲ့ရဖြင်း၊ ၂- အတင်းအဓမ္မခိုင်းစေခံရခြင်း၊ ၃- ကျေးရွာများမီးရွံ့ဖျက်ဆီးခြင်းခံခဲ့ရခြင်း၊ ၄- လူတို့၏ ရသင့်-ရထိုက်- ရှိသင့်- ရှိထိုက်သောအခွင့်အရေးများဆုံးရှုံးနေရခြင်း၊ ၅- ကျေးလက်နေအမျိုးကောင်းသမီးများအား အဓမ္မပြုစော်ကားခြင်း၊ ၆-စစ်တွင်းအရွားဆုံးတခုဖြစ်သည့် ဖြတ်လေးဖြတ်ရဲ့ဒဏ်တွေကို ကျေးရွာနေလူတန်း
စားအကုန်လုံး ခံစားခဲ့ကြရခြင်း၊ ၇- စစ်၏ဒဏ်ကြောင့် ကျေးရွာနေလူတန်းစားများ အသက်ပေါင်းများစွာ
စတေးခံခဲ့ကြရသည့်အပြင်- ဒုက္ခိတဘဝဖြင့် ခြေလက်ကျိုး- ကန်းဖြစ်ခဲ့ရခြင်း၊ ၈- မိတကွဲ- ဖတကွဲ၊ သားတကွဲ- မယားတကွဲဖြစ်ကာ- ငတ်တလှည့်- ပြတ်တလှည့်နဲ့ဘဝကို ဆိုးဆိုးရွားရွား နှစ်ပေါင်းများစွာ ရုန်း၍- ကန်၍ ရင်ဆိုင်ကျော်ဖြတ်သန်းနေရဆဲဖြစ်သည်။
ဤသို့ ဆိုးရွားသောစစ်၏ အနိဌါရုံကို ရွံ့ရှာမုန်းတီးနေသော နယ်စပ်သားပြည်သူတို့၏ဘဝ အားလုံးလွတ်
မြောက်ရန်ဖန်တီးပေးနိုင်ကြမည့်သူများမှာ စစ်ကိုဖန်တီးထားသူများပင်မဟုတ်လော..။ အကျိုးမဲ့ပြည်တွင်းစစ်ကိုရေရှည်ကစားလျှင်...တိုင်းပြည်နစ်နာယုံမှတပါးအခြားမရှိသည်ကို ခေါင်းဆောင်များ အထူးသတိချပ်ရမည်ဖြစ်သည်။တိုင်းပြည်နှင့်လူမျိုးကို တကယ်ချစ်လျှင် ပြည်တွင်းစစ်ကိုရပ်ဆိုင်းနိုင်မည့် နည်းလမ်းကောင်းများကို ရှာဖွေနိုင်စွမ်းရှိကြရမည်။ ထိုသို့မဟုတ်ပဲ ပြည်တွင်းစစ်ကို မီးမွှေးနေကြဦး
မည်ဆိုလျှင်...တနေ့တချိန် သမိုင်းရဲ့ ဒဏ်ပြုခြင်းကို သူသူ- ငါငါ ခံကြရမည်ဖြစ်သည်။
အချုပ်ဆိုရလျှင်....ယနေ့ထိတိုင်အောင် နှစ်ပေါင်းများစွာ ပြည်တွင်းစစ်၏ ပဋိပက္ခကိုဖြေမရှင်းနိုင်
သေးခြင်းသည်လက်ရှိ- ခေါင်းဆောင်ပိုင်းနေရာများတွင်ရယူထားကြသည့် ခေါင်းဆောင်ကြီးများ၏
ညံ့ဖျင်းမှုကြောင့်ဆိုရမည်ဖြစ်သည်။ ထိုအထဲတွင် အဓိက အဆိုးရွားဆုံးကတော့ စစ်နဲ့မွေ့လျှော်နေသည့် လက်ရှိ- သိန်းစိန် ယူနီဖောင်းဝတ်-ယူနီဖောင်းချွတ် ဖါးတပိုင်း- ငါးတပိုင်း အစိုးရပင်မဟုတ်လော....။
(နိုင်စစ်မုန်း) ခ (ကိုဗလိုင်)