Thursday, July 14, 2011

မြန်မာသံရုံး အဆင့်မြင့်အရာရှိကြီးတွေ
နိုင်ငံရေးခိုလှုံသူများပြားလာ

၂၀၁၁-၇-၁၄
အမေရိကန်ပြည်ထောင်စု မြို့ တော်ဝါရှင်တန်အခြေစိုက် မြန်မာသံရုံးက ပထမ အတွင်းဝန် ဦးစိုးအောင်ဟာ အမေရိကန် နိုင်ငံခြားရေးရုံးမှာ နိုင်ငံရေးခိုလုံခွင့် တင်လိုက်ပြန်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်း
အတွင်းမှာပဲ အဲဒီဝါရှင်တန် မြန်မာသံရုံးကပဲ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ ရဲ့သံတမန်ရေးရာ ဆောင်ရွက်
ပေးခဲ့မှုတွေကြောင့် မြန်မာနိုင်ငံ ပြန်ရင် ဒုက္ခအများကြီး ရောက်ဖို့ ရှိပါတယ်ဆိုပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါသေးတယ်။
အခုလို သံရုံးမှအဆင့် မြင့်တာဝန်ကိုထမ်းဆောင်နေပြီး ပြန်ရင်ဖမ်းဆီး အရေးယူခြင်းခံရနိုင်ဖွယ်ရှိလို့  နိုင်ငံ
ရေးခိုလှုံခွင့်တောင်ခံရပါတယ်လို့ ဆိုပါတယ်။သံမှူးတွေ သံအမတ်တွေပြောသလိုဘဲ မိမိလက်ရှိရာထူးရှိနေ စဉ် နိုင်ငံအရေးအတွက် ဆောင်ရွက်ခဲ့မှုကြောင့်လို့ ဆိုလျှင် မြန်မာအစိုးရသစ်ဟာ တကယ်ဘဲသူတို့ ပြော သလို ဒီမိုကရေစီလမ်းကြောင်းကို သွေဖီနေလို့  နိုင်ငံကိုစွန့် လွတ်ရသည့်အခြေအနေတွေအထိ ဖြစ်လာ
ကြပြီထင်ပါတယ်။ ဆက်တိုက်ဆိုသလို နိုင်ငံရေး ခိုလုံမှုကို တောင်းခံနေကြတာကြောင့် အပြောင်းအလဲမြန် လှတဲ့ အစိုးရသစ်အပေါ် သံရုံးဝန်ထမ်းတွေရဲ့ စိတ်မှာ ယုံကြည်မှုကင်းမဲ့လာနေပြီး ပြန်ခေါ်ရင် စိတ်မချရလို့ 
နိုင်ငံရေးလျှောက်လာကြတာတွေ့ ရပါတယ်။မြန်မာနိုင်ငံတွင်းမှာလည်း အစိုးရသစ်ဟာ ပြောင်းလဲမှုတွေကို 
မလုပ်ဆောင်ဘဲ တပ်ချုပ်ကြီး သန်းရွှေရဲ့  ထိမ်းချုပ်ချယ်လှယ်မှုအောက်တွင် ရှိနေဆဲမို့  ဆိုးရိမ်မှုတွေက ပို၍ကြီးထွားလာနေပြီး စိတ်ပူပင်မှုများလည်းရှိနေပါတယ်။
နှစ်ပေါင်းများစွာ တာဝန်ကျေပြွန်စွာ ထမ်းဆောင်လာခဲ့တဲ့ အမှုထမ်းဘ၀ကို စွန့် လွတ်ခြင်းက မိမိဘ၀ရှေ့  
ရေးအတွက် အကောင်းဆုံးလမ်းလို့  ဆုံးဖြတ်လာကြတာကြောင့် နောက်ထပ်နိုင်ငံတကာတွင် ၀န်ထမ်းများ စိုးရိမ်ပူပန်စိတ်တွေကြောင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်လာနိုင်ပါတယ်။
တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ အသက်နဲ့ လဲလို့ မဖြစ်နိုင်ပါဘူး မိမိသားစုတွေအတွက်လဲစဉ်းစားပြီး ခိုလှုံခွင့်တောင်းတာက သားသမီးတွေရဲ့ ရှေ့ ရေးအတွက်စိတ်ချရတယ်လို့  ပြောဆိုသံတွေ ထွက်ပေါ်နေ ပါတယ်။