Monday, July 11, 2011

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ ဂျပန်အစိုးအား ဆန္ဒပြ

ဓါတ်ပုံ လှမျိုး
ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဂျပန်အစိုးရ၏ မြန်မာစစ်အစိုးရအပေါ် ထောက်ခံကူညီမှုများ ရပ်ဆိုင်းရန်နှင့် ODA နှင့်ပါတ်သက်ပြီး ပြန်လည်သုံးသပ်ရန်။ ဂျပန်အစိုးရအနေဖြင့် အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ရင်းနှီးစွာဆက်ဆံရေးအတွက် ဒီမိုကရေစီအင်အားစုများ၏ အသံကို အလေးထားဆောင်ရွက်ရန်။ ဂျပန်အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးနှင့်ပါတ်သက်ပြီး နှောက် ယှက်ဖျက်စီးသော လုပ်ရပ်မျိုးကို ရပ်တန်းကရပ်ရန်။မြန်မာ့ဒီမိုကရေစီအရေးအတွက် ဂျပန်အစိုးရအနေဖြင့် အမြန်ဆုံး လက်ရှိအနေအထားထက်ပိုပြီး အကောင်အထည်ဖေါ်ဆောင်ရွက်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။