Monday, July 11, 2011

တောင်ပိုင်း ဆူဒန် လွတ်လပ်ရေးရပြီ

As South Sudan is welcomed as the newest country on the block, a vast amount of opportunity in almost every field has suddenly sprung up for investors on the look out for new markets.
၁၉၅၆ ခုနှစ်အထိ အီဂျစ်နဲ့  ဆူဒန်ကို အင်္ဂလိပ်က အုပ်ချုပ်ခဲ့ပြီး ၁၉၅၆ ခုနှစ် ၁လပိုင်းတွင် လက်အောက်ခံ    ဘ၀မှ လွတ်လပ်ရေးရခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာ မြောက်ပိုင်းဒေသတွင် အာရပ် မူဆလင်လူမျိုးအစိုးရက မူဆလင်ဘာသာ ဥပဒေများဖြင့် အုပ်ချုပ်ခဲ့ရာ တောင်ပိုင်း လူမဲ ခရိယာန်ဘာသာဝင် မျိုးနွယ်စုများဖြစ်သည့် ဆူဒန်ပြည်သူ့ လွတ်မြောက်
ရေးတပ်(SPLA)နှင့် ပြည်တွင်းစစ်ဖြစ်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဘာရှာ ( Bashir)က သမတဖြစ်လာခဲ့သည်။

၂၀၀၅ ခုနှစ် ၁လပိုင်းတွင် အစိုးရနှင့်ဆူဒန်ပြည်သူ့ လွတ် မြောက်ရေးတပ် (SPLA)တို့  ငြိမ်းချမ်းရေးစာချုပ် (CPA)လက်မှတ်ရေးထိုးခဲ့ပြီး ပြည်တွင်းစစ်ရပ်နားခဲ့သည်။၇ လပိုင်းတွင်(SPLA)၏  ခေါင်းဆောင် ဂါရန်လ် (Garang's) ဒု သမတ လေယဉ်ပျက်ကျပြီး သေဆုံးခဲ့သည်။ ၉လပိုင်းတွင် ညွန့် ပေါင်းအစိုးရ တက်လာခဲ့ သည်။

၂၀၀၉ ခုနှစ် ၃လပိုင်းတွင် ဆူဒန်အနောက်ပိုင်း ဒါဖေါ (western Darfur )စစ်ပွဲဖြစ်ပွားခဲ့ရာ စစ်ပွဲတရားခံ အဖြစ် အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးမှ  ဘာရှာ ( Bashir)သမတ အား ဖမ်းမိန့် ထုတ်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ် (CPA)အရ ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဘာရှာ ( Bashir)က ပြန်
လည်အနိုင်ရရှိသွားပြီး တောင်ပိုင်ဒေသတွင် ခိလ်( Kiehl)က သမတအဖြစ်အရွေခံခဲ့သည်။

၂၀၁၁ ခုနှစ် ၁ လပိုင်း ၉ရက်နေ့  လွတ်လပ်ရေးအတွက် ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။
၂လပိုင်း ၇ ရက်နေ့ တွင် လွတ်လပ်ရေးအတွက် ပြည်သူ့ ဆန္ဒ ၉၈.၈၃ဖြင့် အနိုင်ရခဲ့သည်။
၅လပိုင်း ၂၁ ရက် ဒစ်ပူတက် ကျွန်း(disputed land ) ပါတ်သက်ပြီး စစ်ပွဲဖြစ်ခဲ့။
၇ လပိုင်း ၄ရက် နေ့  လွတ်လပ်ရေးရခဲ့ပြီးနောက် နယ်စပ်ဒေသ နယ်နမိတ် သတ်မှတ်ခြင်းနှင့် ပါတ်သက်ပြီး
တောင်ပိုင်းနှင့်မြောက်ပိုင်း ဆွေးနွေးမှုများပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့သည်။

၇ လပိုင်း ၉ရက်နေ့  တောင်ပိုင်း ဆူဒန်က လွတ်လပ်ရေးရခဲ့သည်။

 ဆူဒန်နိုင်ငံတောင်ပိုင်းဟာ နိုင်ငံသစ်တခုအဖြစ် ဒီကနေ့ တရားဝင် ပေါ်ထွန်းလာပြီလို့ ကြေညာလိုက်ပါပြီ။ ဆူဒန် ဒေသစံတော်ချိန် သောကြာနေ့ည သန်းခေါင်မှာ တောင်ဆူဒန်သမ္မတနိုင်ငံဟာကမ္ဘာ့နိုင်ငံသစ်အဖြစ် 
ပေါ်ထွန်းလာခဲ့ပါပြီ။