(မှန်လှပါဘုရား---ရှင်ဘုရင်လက်နက် ထက်ပါသည် ဘုရား )
၂၀၁၁-၆-၁၆
၂၀၁၁-၆-၁၆
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ
ဒေါ်လာသန်း ရာနဲ့ ချီပြီး ချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတွေပေါ်လာနေပါပြီ။ တချို့ ဆိုရင် ဒေါ်လာသန်း ထောင်
ဂဏန်းထိ ရှိတယ်လို့ ဆိုပါတယ်။
သူတို့ တွေကတော့ ဓါတ်ပုံကိုကြည့်ရင်သိနိုင်ပါတယ် စစ်အာဏာရှင်ကြီးတယောက်လို့  ကမ္ဘာကလူသိများ တဲ့ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါများဖြစ်ပါတယ်။ဗိုလ်ချုပ်မှူးကြီးဟာ အာဏာကိုအနှစ်၂၀
ကျော် ထိမ်းသိမ်းထားပြီးတိုင်းပြည်ရဲ့  ဘဏ်ဏ္ဍာငွေများကို ဗိုလ်ချုပ်တွေနဲ့  ခွဲဝေစားခဲ့သူဖြစ်ပြီး မတရား
ရရှိခဲ့တဲ့ငွေတွေနဲ့  ချမ်းသာသူ တဦးဖြစ်ပါတယ်။ တိုင်းပြည်ကိုတော့အကျွေးတွေမဆပ်နိုင်လို့ အဆင်းရဲဆုံး
နိုင်ငံထဲထဲ့ပြီးပြည်သူများဆင်းရဲ ဒုက္ခနဲ့  ကြပ်တည်းနေကြရပါတယ်။
ဗိုလ်ချုပ်တွေကတော့ အစုရှယ်ယာဝင်ထားပြီး စစ်တပ်နဲ့ ရင်းနှီးသူလုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်တွေပေးပြီး ရှယ်ယာစားနေကြပါတယ်။ဗိုလ်ချုပ်တွေရဲ့  လစာနဲ့  သားသမီးတွေကလုပ်ငန်းရှင်ကြီးတွေဖြစ်လာဖို့ ကတော့
မလွယ်တဲ့အလုပ်ပါ။နိုင်ငံရဲ့ သယံဇတတွေကို ရောင်းစားပြီး ချမ်းသာလာကြသူတွေကတော့ ဗိုလ်ချုပ်ကြီး
တွေနဲ့ ဝန်ကြီးတွေရဲ့ သားသမီးတွေပါ။
နိုင်ငံတော်ရဲ့ ဘဏ်ဏ္ဍာနဲ့  တိုင်းပြည်ရဲ့ သယံဇတတွေကို အမြတ်ထုတ်ပြီး ချမ်းသာလာကြသူများကတော့
ဦးတေဇ (Air pagan )ကုပဏ္ဍီပိုင်ရှင် ဆောက်လုပ်ရေး သစ်ရောင်ဝယ်ရေးနဲ့ ရုရှားလေယဉ်နဲ့  စစ်လက်နက် ပစ္စည်းဝယ်ယူရေးလုပ်ငန်းများနဲ့ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ရင်းနှီးသူတဦးပါ။
ဦးနေအောင် (IGE ) ကုပဏ္ဍီပိုင်ရှင် ညီဗိုလ်မှူးပြည်အောင် ယခင် ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမက်
ကြံခိုင်ဖွံ့ ဖြိုးရေပါတီ၏ ခေါင်းဆောင် (ယခင် စက်မှုဝန်ကြီး )ဦးသောင်း၏ သား ရေနံပိုက်လိုင်းရောင်းချမှု
ကန်ထရိက်ရထားသူ။ ရွှေဂစ် ဒေးဟူးနဲ့ တွဲလုပ်ပြီး( Amara Bank )ပိုင်ရှင်တဦးဖြစ်သည်။
ဦးထွန်းမြင့်နိုင် (Asia World Bank) ကုပဏ္ဍီပိုင်ရှင် ယခင်ဘိန်းဘရင် လောစစ်ဟန်၏သား မှုးယစ်ဆေးဝါး စီးပွားရေးနှင့်ပါတ်သက်သူ သတ္တု ကျောက်မျက် ဆောက်လုပ်ရေးလုပ်ငန်းနှင့် တရုပ်နှင့်ရင်းနှီးသူ တဦးဖြစ်သည်။
ဦးဇော်ဇော် (Irrawaddy Bank) ကုပဏ္ဍီပိုင်ရှင် မြန်မာနိုင်ငံဘောလုံးအသင်း ဥက္ကဌ။ဆောက်လုပ်ရေး စိုက်ပျိုး
ရေး နေပြည်တော်တည်ဆောက်ရေး ကန်ထရိက်ရထားသူ နေရွှေသွေးအောင်(ယခင် ဗိုလ်ချုပ်မှူးကြီးမြေး)နှင့် ရင်းနှီသူတဦးဖြစ်သည်။
ဦးအောင်ကိုဝင်း (Kanbawza Bank) ကုပဏ္ဍီပိုင်ရှင် မြန်မာနိုင်ငံအကြီးဆုံးလေကြောင်းပိုင်ရှင် Myanmar Air
Way ပုဂ္ဂလိကလေကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ ဗိုလ်ချုပ်ကြီးများနှင့်ရင်းနှီးသူတဦးဖြစ်သည်။
အဆင်းရဲဆုံးနိုင်ငံမှာ သန်းကြွယ်သူဌေးကြီးတွေဖြစ်နေရတာ
(မှန်လှပါဘုရား---ရှင်ဘုရင်လက်နက် ထက်ပါသည် ဘုရား )
အနှုတောမှ လူချောများသာဖြစ်ကြသည်။ တိုင်းပြည်၏ သယံဇာတတွေကို အလွဲသုံးစားလုပ်ကာကိုယ်ပိုင်လုပ်နေသူများဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်ဟုအရေခြုံဇိမ်ခံနေကြကာ ဗိုလ်ချုပ်မှူးကြီးများနှင့်ပေါင်း စားနေသူများသာဖြစ်ပြီး ပြည်သူများမှာ ဆင်းရဲနိမ့်ကျစွာဖြင့်နေထိုင်ကြ ရသည်။အနောက်နိုင်ငံများ၏ စီပွားရေးပိတ်ဆို့ မှုသည် တိုင်းပြည်၏သယံဇာတကို ကိုယ်ကြိုးရှာ အမြတ်ထုတ်နေကြသည့် သူများအတွက်ဖြစ်ပြီး နိုင်ငံပိုင်ငွေများဖြင့် သန်းကြွယ်သူဌေးလုပ်သူများသာ ထိခိုက်နစ်နာနိုင်စေသည်။ ဒီ ဥပဒေစိုးမိုးမှုမရှိတဲ့ စနစ်ဆိုးကြီးအောက်မှ ရုန်းတွက်နိုင်မှသာ တိုင်းပြည်နှင့်ပြည်သူများ နိုင်ငံပိုင်
သယံဇာတများ၏ အကြိုးကိုခံစားကြရမည်။
ဒုက္ခဆင်းရဲတွင်းမှလွတ်ကင်းပြီး လူသားဇစ်မြစ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သောဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူပြည်သားများအနေနှင့် တော်လှန်ရေးတရပ် ဆင်နွဲကြရမည်ဖြစ်သည်။