Thursday, June 16, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏(၆၆)နှစ်ပြည့်မွေးနေ့အကြို ဈေးရောင်း ပွဲတော်

တေးသီချင်းသီဆိုသည်ကို ၀မ်းမြောက်ဝမ်းသာစွာဖြင့်ကြည့်ရှုနေသော မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။
သီဆိုဖျော်ဖြေနေသော တေးသံရှင်တဦးကို အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီဝင်လူကြီးများ၊NLDပါတီများ၊ပရိသတ်များဧည့်သည်များမှအားပေးကြည့်ရှုနေပုံ
ဥတ္တရအလင်းမှ ကိုတိုးလွင် တေးသီချင်းသီဆိုဖျော်ဖြေနေစဉ်
ဥတ္တရအလင်း ကိုတိုးလွင်မှ တေးသံရှင်များနှင့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
မိတ်ဆက်ပေးနေစဉ်။
ဈေးရောင်းပွဲတော်တွင် ခင်းကျင်းရောင်းချထားသော သီတဂူဆရာတော် ဦးဥာဏိဿရနှင့်မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့၏ဓါတ်ပုံကိုပြသနေစဉ်။
အဖွဲ့ချုပ်ရုံးချုပ်ရှေ့တွင်ချိတ်ဆွဲထားသော ဈေးရောင်းပွဲတော် ဆိုင်းဘုတ်ပုံ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ် ပြည့်မွေးနေ့(မြန်မာအမျိုးသမီးများနေ့)အ ထိမ်းအမှတ်အဖြစ် ဈေးရောင်းပွဲတော်ကိုဇွန်လ(၁၆)ရက်နေ့နံနက် (၉)နာရီအချိန်က ရန်ကုန်မြို့၊ဗဟန်းမြို့
နယ်၊ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌စတင်ကျင်းပခဲ့ပါသည်။ ဈေး ရောင်းပွဲတော်ဖွင့်ပွဲ
အခမ်း အနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။၎င်းအခမ်းအနားတွင် ဥတ္တရအလင်းမှကိုတိုးလွင်၊မဇ္ဈိမလှိုင်းမှကိုရဲလွင်၊ACID အဖွဲ့မှ ကိုဇေယျာသော်နှင့်တေးသံရှင်အချို့မှ တေးသီချင်းများနှင့် သီဆိုဖျော်ဖြေဧည့်ခံခဲ့ပါသည်။
အဆိုပါဈေးရောင်းပွဲတော်မှ အမှတ်တရပစ္စည်းများ ရောင်းချ၍ရရှိသောအမြတ်ငွေများကို လူမှုရေးလုပ်ငန်း များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး
ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသွားခဲ့ပါသည်။ဈေးရောင်း  ပွဲတော်ကို ဇွန်လ(၁၆)ရက်နေ့မှ ဇွန်လ(၁၈)ရက် န့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။