၂၀၁၁-၃-၂၀
လစ်ဗျားအရှေ့ မြောက်ဘက် Benghaziနှင့်Ajudabiya မြို့ တို့ တွင် ကုလတပ် ၀င်ရောက်ကာ 112 Tomahawk စစ်လေယဉ်ဖြင့် မျက်ရေယိုဗုံးများ ပစ်ခတ်ပေါက်ကွဲခဲ့သည်။အမေရိကန် ပြင်သစ် အင်္ဂလန်
နှင့်၅နိုင်ငံကုလတပ်သည် ယနေ့ ညနေပိုင်းတွင် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်နှင့်အညီ ကဒါဖီ၏ စစ်တပ်ရှိရာ စစ်စခန်းများကို စတင်ဝင်ရောက်ပစ်ခတ်ခဲ့ပါသည်။ အရှေ့ အလယ်ဖျား မြောက်အာဖရိကတို့ တွင် ဒီမိုက ရေစီနှင့်လူ့ အခွင့်အရေးကိုတောင်းဆိုဆန္ဒပြမှုများ မြင့်တက်လာနေပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ စစ်တပ်များဝင်ရောက်၍ အတိုက်အခံများကိုအားကူညီမှုသည် ပထမဆုံး အကြိမ်ဖြစ် သည်။
Reuters သတင်းဌာနမှ U.S. Joint Chiefs of Staff Chairman Mullen၏ပြောဆိုချက်အရ NBC TV အစီအစဉ်တွင်ပြခဲ့သော မြင်ကွင်းများသည် လစ်ဗျား၏ လေယဉ်တိုက်ခိုက်မှုထက်သာလွန်နေပြီး လေယဉ် မပျံသန်ရအမိန့် ထုတ်နယ်မြေကိုကန့် သတ်လိုက်ခြင်းဖြစ်သည်။ "The Odyssey (adventure) dawn of the" နံမည်တပ်ထားပြီး အမေရိက ပြင်သစ် အင်္ဂလန်နှင့် ကနေဒါ အိတလီ တို့  ပူးပေါင်းပါဝင်ခဲ့သည်။ ပြင်သစ်တပ်က အတိုက်အခံတို့  အင်အားကောင်းသော လစ်ဗျားအရှေ့ မြောက်ဘက် Benghazi ကောင်း ကင်မှဝင်၍ ကဒါဖီး စစ်တပ်၏ စစ်ကားများကိုတိုက်ခိုက်ဖျက်ဆီးခဲ့သည်။ အမေရိကနှင့် အင်္ဂလန်က စစ်သင်္ဘောဖြင့် ကုန်လမ်းမှဝင်၍လစ်ဗျားမြို့ တော် Tripoli အနီးတ၀ှက်လှည့်လည်ကာ လစ်ဗျား စစ်စခန်းများကိုTomahawk တိုက်လေယဉ်က အမြောက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။
