Saturday, March 19, 2011

၁၉ ရက်နေ့  အမှတ် ၁-၂ ကို လျှပ်စစ်ခလုပ်ဖွင့်လိုက်ပြီဖြစ်သည်။

၂၀၁၁-၃-၁၉  ASAHI NEWS  
ဂျပန်အရှေ့ ပိုင်းငလျင်ဒဏ်ခံရသော တိုကျိုလျှပ်စစ်ဓာတ်အားပေးဌာန အမှတ်(၁)FUKUSHIMA ဒေသ OONOU-CHO,FUTABA-CHO တွင် ၁၉ ရက်နေ့  လျှပ်စစ်ဓာတ်ခလုပ်ဖွင့်၍ လွှတ်ဖို့ ဆောင်ရွက်နေကြပါ သည်။ ၁-၂ လျှပ်စစ်ဓာတ်အားပေးစက်ကို လျှပ်စစ်ခလုပ်ဖွင့်လိုက်ပြီဖြစ်ပါတယ်။ ကျန်တဲ့ ၃မှ၆ ကိုလည်း ၂၀ ရက်နေ့ မှာ လျှပ်စစ်ခလုပ်ဖွင့်ဖို့  ကြိုးစားနေကြပါတယ်။ အကယ်၍ လျှပ်စစ်ထည့်တာအဆင်ပြေပြီး ပြန် လည်အလုပ်လုပ်လာလျှင် အအေးပေးရန်အဆင်ပြေလာမည်ဖြစ်ပြီး လျှပ်စစ်အသုံးပြုပြီးသား နျူကလီယား များကို အအေးခံရန် အဆင်ပြေလာမည်ဖြစ်သည့်အတွက် လက်ရှိစိုးရိမ်နေရသော အခြေအနေမှ ကျော် လွှား နိုင်မည်ဖြစ်သည်ဟုဆိုပါသည်။ ၁ မှ ၄ အထိ လျှပ်စစ်ဓာတ်အားပေးတွေပျက်ဆီးသွားရာမှ ၂ တခု ထည်း ပေါက်ကွဲမှုမရှိဘဲ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ ၂ သည် ပေါက်ကွဲသည်ဟုထင်ထားသောလည်း ထိခိုက် မှုနည်းခဲ့သည်။ စက်အားလုံးကို လှုပ်ရှား၍ရမရ စစ်ဆေးဖို့ လိုအပ်နေပါသည်။လျှပ်စစ်ဓါတ် ထည့်မည့်အရင် တခုစီတခုစီကို အန္တရာယ်ရှိမရှိစစ်ဆေးရန်အရေးကြီးပါသည်။ ပေါက်ကွဲနေသောပိုက်လှိုင်းများကို လည်း ပြုပြင် ရန် အရေးတကြီးဆောင်ရွက်နေပါသည်။
လက်ရှိသတင်းများအရ FUSHIMA နှင့် ကီလို ၂၀-၃၀ အတွင်းရှိ ဆေးရုံများ ပြည်သူများ ပြောင်းရွေ့ ရန် အစိုးရမှ တိုင်းအသီသီးကို အကြောင်းကြားဆက်သွယ်ထားပါသည်။ ထိုပေါက်ကွဲမှုနှင့်ပါတ်သက်၍ အစိုးရမှတာဝန်ယူမည်ဖြစ်ကြောင်း NAOHITO KAN ၀န်ကြီးချုပ်မှ ပြောဆိုထားသည်။ လက်ရှိအခြေအနေ တွင် လျှပ်စစ်ဓါတ်ပေါင်းဖိုများကို ပေါက်ကွဲမှုနှင့် ရောင်ခြည်ဓါတ်များ ပြန်လွင့်မှုနည်းအောင် ဖြစ်ရေများ သယ်ယူကာ မီးသတ်ကားများဖြင့် ပက်ဖျန်းနေသည်။