Monday, February 7, 2011

ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေး KIO ကြိုးပမ်းမည်

2011-02-05
ဒုတိယအကြိမ် ပင်လုံညီလာခံ ပေါ်ပေါက်အောင် ကြိုးစားသွားမယ့် အကြောင်း နှစ် ၅ဝ မြောက် ကချင် တော်လှန်ရေးနေ့ အခမ်းအနားမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။KIO အဖွဲ့ရဲ့ နှစ် ၅၀ မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်ကနေ ၅ ရက်နေ့အထိ အရှေ့ပိုင်းတိုင်း တပ်မဟာ (၃) နယ်မြေ မိုင်ဂျာယန်ဒေသမှာ ကျင်းပနေပါတယ်။ အခမ်းအနားမှာ ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ KIO ဥက္ကဌ ဦးဇောင်းဟရား က တက်ရောက်လာတဲ့ ပြည်သူလူထု သုံးထောင်လောက်ကို ပင်လုံ သဘောတူညီချက်နဲ့ ပတ်သက်ပြီး အဓိကထား ပြောသွားတယ်လို့ အခမ်းအနား တက်ရောက်နေတဲ့ ကချင်အမျိုးသားတဦးက RFA ကို ပြောပါတယ်။