
တွက်ပေါ်လာမည် အစိုးရသစ်သည် ရုပ်သေးအစိုးသာဖြစ်မည်ဟု ပြည်တွင်းနိုင်ငံရေး လှုပ်ရှားနေသူများက သုံးသပ်ကြသည်။ လွပ်လပ်မှုမရှိတဲ့ လွှတ်တော်ကနေ အကန့်  အသပ်တွေနဲ့  လွတ်လပ်စွာဆွေးနွေးခွင့် ရရှိလိမ်မည် မမြင်ဘူးဟု တက်ရောက်နေသော လွတ်တော်အမတ်တဦးမှ ပြောဆိုခဲ့သည်။ အစိုးရသစ်အဖွဲ့  မှာလည်း အတိုက်အခံတွေ ပါဝင်လိမ့်မည် မဟုတ်ဟုထင်မြင်ယူဆနေကြသည်။ ရုဒ်မက် ၇ ချက်ကို အကောင်အထည်ဖေါ်ရာ တွင် ဒီမိုကရေစီ နည်းအရ လွတ်စွာပြောဆိုခွင့် ရေးသားဖေါ်ထုတ်ခွင့် စည်းရုံးခွင့်စသည်များကို ပိတ်ပင်ထားပြီး မသမာမှုတွေနဲ့  ရွေးကောက်ပွဲကို အနိုင်ယူခဲ့ကာ အလျှင်အမြန် လွတ်လပ်မှုမရှိတဲ့ လွှတ်တော်ခေါ်ယူစေခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး၏ ချုပ်ကိုင်မှုအောက်တွင် အစိုးရသစ်တွက်ပေါ်လာတော့မှာပါ သေချာပါတယ်။ တိုင်းပြည်၏ငြိမ်းချမ်းရေးကို ထည်ဆောက်နိုင်မည့် အစိုးရဟုမယူဆပါ။ ပျက်ဆီးချို့ ယွင်းနေတဲ့ စီးပွားရေစနစ်နဲ့  အမျိုသားပြန်လည်သင့်မြတ်ရေး ရယူနိုင်မည် မဟုတ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုလည်း မရရှိနိုင်ပေ။ အဓိက ကတော့ တိုင်းပြည်ရဲ့ အနာဂတ်အရေးမှာ တာဝန်ယူထားတဲ့ သူတွေမှာ တာဝန်ရှိပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူကနေဆင်းသက်လာရမှာပါ အာဏာရှိသူကနေ ထိမ်းချုပ်နေတာ ဒီမိုကရေစီမဟုတ်ပါဘူး။ ပြည်သူရဲ့ထောက်ခံမှုမရတဲ့အစိုးရဟာ တနေ့  ပြိုကွဲရမြဲပါ။ အကောင်းဆုံးကတော့ မတူကွဲပြားနေတဲ့ အယူအဆတွေကို ညှိနိုင်းဆွေးနွေးအဖြေရှာသောနည်းဖြင့် အကောင်အထည်ဖေါ်ကာ အကောင်းဆုံးနည်းဖြင့် ဒီမိုကရေစီကို တည်ဆောက်မှသာ ငြိမ်းချမ်းရေးကိုရရှိနိုင်မည်ဖြစ်သည်။