Tuesday, January 10, 2012

ကချင်ပြည်နယ် “နေ့” စစ်တပ် စစ်အင်အားတိုးချဲ့… ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်..


 ဇော်ရှန် ၁၀ ၁ ၂၀၁၂
နှစ်တိုင်းရဲ့ ဇန္နဝါရီလ ၁၀ ရက် ဟာ ကချင်လူမျိုးတွေရဲ့ ကချင်ပြည်နယ်နေ့ အဖြစ် ပျော်ပျော်
ရွှင်ရွှင် လုပ်ဆောင်ကျင်းပ လာခဲ့တာဟာ ၆၃ ကြိမ်မြောက်အထိ ရှိခဲ့ပါတယ်။ ဒီနှစ်ဟာ ၆၄ ကြိမ်
မြောက် ကချင်ပြည်နယ်နေ့ ဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် နှစ်တိုင်းပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်လျက်ရှိပါတယ်။

ဒါပေမယ့် ဒီနှစ်ဟာ ယင်းမနောကွင်းတွင် လူသူကင်းမဲ့ပြီး ဝမ်းနည်းစွာ တိတ်ဆိတ်ငြိမ် သက်နေပါ
တော့တယ်။လွန်ခဲ့တဲ့နှစ် ဇွန်လကတည်းကနေ ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကြောင့် အပြစ်မဲ့ပြည်
သူ များဟာ စစ်ပွဲရဲ့ မြေဇာအဖြစ် ခံစားနေရပါတယ်။ ကချင်လူမျိုးတွေဟာ ဘိုးဘွားခေတ်
ကတည်းက ကိုယ့်မြေ ကိုယ်နယ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်လာခဲ့တာ
ဖြစ်ပါတယ်။
ကချင်လူမျိုးတွေရဲ့ တန်းဖိုးထားပြီး လုပ်ဆောင်လာခဲ့တဲ့ ကချင်မနောပွဲဟာ ယခုနှစ်မှာဆိုရင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါ။ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သိန်းစိန်
စစ်တပ်ရဲ့ စစ်အင်အားတိုးချဲ့ပြီး ကေအိုင်အေကို ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေကြောင့် အပြစ်မဲ့ ပြည်သူလူထုဟာ စစ် မြေဇာအဖြစ် သိန်းစိန် စစ်အစိုးရရဲ့ အပြစ်မဲ့ပြည်သူများကို
ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ညှင်းပန်း နှိပ်စက်ပြီး သတ်ဖြတ်ခြင်း၊ ကချင်အမျိုးသမီး
များနှင့် တခြားတိုင်းရင်း သူများကို အဓမ္မကျင့် သတ်ဖြတ်ခြင်း၊ ကလေး သူငယ်များကို
ခြိမ်းခြောက် ညှင်းပန်းနှပ်စက်ခြင်း စတဲ့ လူ့အခွင့်အရေးများကို ချိုးဖောက်နေပါ တော့တယ်..။

သိန်းစိန်နှင့် မင်းအောင်လှိုင် စစ်တပ်တို့ဟာ ယခုချိန်တွင်လဲ ကချင်ပြည်နယ် ဖါးကန့်မြို့နယ်ရှိ ဥရိုဆိုင်းမော်၊ ခွမ်ဇိုင်ဇွပ် (Hkum Tsai Zup) နမ်ယာ ကျေးရွာ၊ မနာမော်၊ ဆဘော်မော် စတဲ့ နယ်မြေ ကျေးရွာများတွင် စစ်အစိုးရ စစ်အင်အား (၈၀၀) ဝန်းကျင် ဝင်ရောက် နေရာယူနေပြီ
ဖြစ်ကြောင်း သိရှိ ရပါတယ်။ ယင်း စစ်တပ်များမှာ ခလရ ၅၈၊၂၉၈၊ခမရ ၃၈၂၊၃၈၅၊ ၃၈၆၊၃၁၅ တို့ဖြစ်ပြီး နေပြည်တော် အထူး ရဲတပ်ဖွဲ့မှ စစ်အင်အား (၂၀၀) ဝန်းကျင်တို့ ပါဝင်ကာ စစ်အင်အား တိုးချဲ့ နေကြောင်း သိရှိရပါတယ်။
 ကေအိုင်အေကို စစ်အင်အားတိုးချဲ့ ထိုးစစ်ဆင် တိုက်ခိုက် နေမှုတွေကြောင့် ယခုချိန်တွင်
ကချင်ပြည်နယ် ဖါးကန့်နယ်မြေတဝိုက်မှ စစ်ပြေးဒုက္ခသည်များဟာ ထောင်နှင့်ချီပြီး ဘုရားကျောင်း
နှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
သမ္မတသိန်းစိန်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကေအိုင်
အေအား ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းရန် လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့စွဲနဲ့ ညွန်ကြားစာ ပေးပို့ခဲ့ပြီးနောက် တိုက်ပွဲများဟာ ပိုမူပြင်းထန်လာပြီး နေရာတိုင်းမှာ တိုက်ပွဲများ ဖြစ်ပွား နေပါတယ်။