Friday, September 11, 2015

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အစိုးရတွင် တာဝန်ရှိ

၁၁-၉-၂၀၁၅
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများနှင့်
အတူ နိုင်ငံတကာမှ စိတ်ပူနေကြပါတယ်။မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ ဗဖင်ဖြစ်သူ ဗိုလ်ချုပ်
အောင်ဆန်းဟာ ပြည်သူချစ်တဲ့ နိုင်ငံရေးထင်ရှားသူခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
လွှတ်လပ်ရေးကြိုးပမ်းမှုမှာ ထက်မြက်သူတစ်ဦးဖြစ်သလို့ ပြည်သူများနှင့် နိုင်ငံခြားသားများပါ
လေးစားရတဲ့သူဖြစ်ပါတယ်။လွတ်လပ်ရေးမရခင် မသမာသူတွေရဲ့ လက်ချက်နဲ့  လုပ်ကြံခံခဲ့ရ
ပါတယ်။ပြည်သူများ ရင်ကွဲပက်လက် မျက်ရည်ကြီးစွာကျခဲ့ရပြီးတန်ပိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်
ဆုံးရှုံးခဲ့ရကာ တိုင်းပြည်ကဆင့်ကလျှားဖြစ်ပြီယနေ့ အချိန်အထိ လွတ်လပ်မှုမရရှိသေးကြောင်း
သမိုင်းကသက်သေပြနေပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာနိုင်ငံအဖို့  တန်ဖိုးမဖြတ်နိုင်သော
 ရတနာတစ်ဦးပါ။တိုင်းပြည်က ဆင်းရဲပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ ကြိုးစားအား
ထုတ်မှု သတိဟာ ကမ္ဘာကို လွှမ်းမိုးစေခဲ့ပါတယ်။အာဏာရှင်ခေတ် တော်လှန်တော်လှန်ရေး
သမိုင်းမှာ အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ဖိဆန်ရဲသူ သံမဏိ သတ္တိရှင်တစ်ဦးအဖြစ် ကမ္ဘာမှာထင်ရှားပြီး
 ငြိမ်ချမ်းရေးနိုဘယ်ဆုရှင်လည်း ဖြစ်ပါတယ်။ပြည်သူအများကလည်း ရိုးသားကြိုစားသူ
သစ္စာ သမာဓိနဲ့ ပြည့်စုံသူ မှန်ကန်မှုကို လိုလားသူအဖြစ် ပြည်သူများက လေးစာကြပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမှာ ငြိမ်ချမ်းစွာအသွင်ကူပြောင်းရေးကိုအားထားပြီး စစ်မှန်တဲ့
ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ နဲ့ 
 ပြည်သူများ မှန်မှန်ကန်ကန် မဲပေးကြဖို့  မယ်ဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်နေရာမှာ အစိုးရမှ
လုံခြုံရေးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ်။တာဝန်ယူသော ရဲဝန်ထမ်းများ
ကိုလည်း အထူးပဲကျေးဇူးတင်ရှိပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်လုံခြုံရေးဟာ တိုင်းပြည်အတွက်အလွန်းအရေး
ကြီးပါတယ်။ မသမာသူများ နှောက်ယှက်သူများ ရှိနိုင်ပါတယ်။ထို့ ကြောင့်အစိုးရအနေနှင့် ကျပ်ကျပ်
မတ်မတ် လုံခြုံရေးချပေးဖို့ လိုပြီး နိုင်ငံတစ်ကာမှာလည်း ထင်ရှားပြီး လူချစ်လူခင်ပေါ်များသော
 ခေါင်းဆောင်များကို ရွေးကောက်ပွဲကာလမှာအစိုးရက လုံခြုံရေးတာဝန်ယူပေးကြပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးဟာ မြန်မာအစိုးရမှာ လုံးဝတာဝန်ရှိပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်အား လုံခြုံရေးတာဝန်ယူထားသော အဖွဲ့ အချုပ်အဖွဲ့ ဝင်များမှာလည်း
စည်းကမ်းရှိရှိ စနစ်တကျ ဖိဖိစီးစီးတာဝန်ယူကြရပါမည်။ပြည်သူများအနေဖြင့် ဟောပြော
ပွဲတွေမှာ မိမိတို့ ၏ ပါတ်ဝန်းကျင်နှင့် မသင်ကာသူများရှိပါက လုံခြုံရေးတာဝန်ရှိသူထံတိုင်ကြားရမည်။
ထိုသို့  တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တာဝန်ယူမှု တာဝန်သိမှုဖြင့် လုပ်ငန်းဆောင်တာများကို
တာဝန်ကျေပြွန်ဖို့ လိုကြောင်း အကြံပြုအပ်ပါသည်။

ဒီမိုကရေစီပန်းတိုင် အောင်မြင်စွာ ဆွတ်ခူးနိုင်ပါစေ။

မြသိန်း