Friday, July 17, 2015

၁၉ ဇူလိုင် မမေ့နိုင်


၁၀-၇-၂၀၁၅
လာမည့် ဇူလိုင်လ ၁၉ ရက်နေ့ သည် ၆၈ နှစ်မြောက် အာဇာနည်နေ့ ဖြစ်သည်။တိုင်းပြည်အတွက်
အသက်ပေးပြီး လွတ်လပ်ရေးရယူပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများအား လေးစားသော
အားဖြင့် ချီတက်အလေးပြုကြမည်။
၂၀၁၅ ခုနှစ်သည် တိုင်းပြည်အပြောင်းအလဲအတွက် အရေးကြီးသော နှစ်ဖြစ်သလို အာဇာနည်
ခေါင်းဆောင်ကြီးများ ရည်မှန်းခဲ့သော စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ်တစ်ခု
 ပေါ်ထွန်းလာရေး သစ္စာပြု၍ ဦးညွတ်ဂုဏ်ပြုကြရန် ပြည်ထောင်စုဘွားတိုင်းရင်းသား အားလုံး၏
တာဝန်ဖြစ်သည်ဟု နှိုးဆော်လိုက်ပါသည်။

မြသိန်း