Monday, July 13, 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီတွင်း အားပြိုင်မှုကြောင့် ပြည်သူထောက်ခံမှုကျဆင်း


၁၃-၇-၂၀၁၅
လာမည့်ေ၇ွးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည့်ကိုယ်စားလှယ်လောင်း
စာ ရင်းတွင် သမ္မတ ဦးသိန်းစိန်၏ နာမည်မပါရှိသေးကြောင်း ပါတီဗဟိုကော်မတီဝင် သူရဦး အောင်ကို ကပြောကြားထားပါတယ်။

၃-၇-၂၀၁၅ သမ္မတ ဦးသိန်းစိန် မဲခေါင်အစည်းအဝေး ဂျပန်နိုင်ငံကို ရောက်ရှိနေချိန် NHK ရဲ့  Interview 
မှာ ပြည်သူတွေက ဆန္ဒရှိလို့  တောင်းဆိုလာရင် ဒုတိယအကြိမ် သမ္မတနေရာ ရွေးခံဖို့ စဉ်စားမယ်လို့ 
ဆိုပါတယ်။ဒါဆိုရင် ၂ ကြိမ်ရှိပါပြီ မိမိ၏ ဆန္ဒကို မိမိကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံ
တွင်းမှာလည်း ၀န်ထမ်းတွေက သမ္မတဆက်လုပ်ဖို့  ဆန္ဒပြတောင်းဆိုတာလည်း တွေ့ ရပါတယ်။

အခုတစ်ခါ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းစာရင်းကြေညာရာမှာ ဦးသိန်းစိန် အမည်ကို
မထည့်ထားတာနဲ့ ပါတ်သက်လို့  သူရဦးအောင်ကိုက ပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ 
ဆိုထားပြီး ပါတီကိုပြန်မလာတော့ဘူးလို့  ထင်မြင်ယူဆကြောင်း ပြောပါတယ်။ 

ဦးသိန်စိန်က ပြန်လုပ်ချင်တယ် ပါတီကလက်မခံဘူး ဆိုတာကိုကြည့်ရင် ပါတီတွင်း ပြသနာတွေရှိနေ
တာထင်ရှားပါတယ်။ စစ်တပ်ဘက်အသိုင်းအ၀န်းကတော့ သမ္မတနဲ့  ကာကွယ်ရေးဦးစီးချုပ်တို့ ဟာ
ရင်းရင်းနှီးနှီးရှိတယ် အဆင်ပြေတယ် ဆန္ဒတူတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ဦးသိန်းစိန်နဲ့ 
ဦးမင်းအောင်လှိုင်တို့ ကတစ်ဘက် မပြောင်းလဲခြင်ဘူး၊၊ ဦးအောင်ကိုနဲ့  ပါတီဥက္ကဌ ဦးရွှေမန်းတို့ က
တဘက် ပါတီဘက်ကတော့ ပြောင်းလဲချင်တဲ့သဘောတွေရှိနေပေမဲ့ လွှတ်တော်မှာ  ပြည်ခိုင်ဖြိုးပါတီက
တင်တဲ့ ဖွဲ့ စည်းပုံပြင်ဆင်ရေးကို တပ်မတော်က ကန့် ကွက်ခဲ့တာဟာ သမ္မတကြီးက သဘောမတူတာ
ဖြစ်လို့ ဆိုပြီး ဝေဖန်တဲ့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်  ပြည်ခိုင်ဖြိုး
ပါတီကဟာ ၂ ခြမ်းကွဲနေတဲ့သဘောရှိပါတယ်။

တဘက်မှာ  ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးရွှေမန်းကလည်း ပါတီကနေ သမ္မတနေရာရွေးခံမယ်လို့ ဆိုထား
ပြန်တယ်။ ပါတီကတော့ ဦးရွှေမန်းကို ပေးမဲ့သဘောတွေရှိနေပြီး ပါတီတွင်း ပြင်ဆင်မှုတွေ ပြောင်းလဲ
မှုတွေလုပ်နေတယ်လို့  ပါတီရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ နောက်ပြီး ပါတီမှာ သြဇာရှိတဲ့
ချမ်းသာကြွယ်ဝသူလည်းဖြစ်တဲ့ ဦးအောင်သောင်း ဦးနှောက်သွေးကြောပေါက်ပြီး စင်ကာပူမှာ
ဆေးရုံတက်နေရ၍ ပါတီတွင်းပြောင်းလဲမှုတွေမှာ ပြော့ပြောင်းသူတွေက အရေးပါလာနေတာတွေ့ ရ
ပြီး ပါတီ ၂ ခြမ်းကွဲမဲ့အနေအထားမှာလည်းဖြစ်နိုင်တယ်လို့  ပြည်တွင်းမှာ သတင်းတွေထွက်
ပေါ်နေပါတယ်။ 

လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဦးသိန်းစိန်ကို ဒုတိယအကြိမ် ပါတီက မရွေးချယ်ရတဲ့အကြောင်း
အရင်းကတော့ ပြုပြင်ပြောင်းလဲမှုမအောင်မြင်တဲ့အပြင် တပ်မတော်နဲ့  အစိုးရအပေးအယူလုပ်ခဲ့တာ
တွေကို ပါတီကသိနေပြီး အပြစ်အခတ်ရပ်စဲရေးနဲ့  ပြည်တွင်းငြိမ်းချမ်းရေးဟာလည်း တိုင်းရင်းသား
လက်နက်ကိုင်တွေနဲ့  တပ်မတော်အကြား ဂတိက၀တ်တွေ မတည်တာ ငြိမ်းချမ်းရေးဆွေးနွေးနေ
သည့်ကြားမှ စစ်ပွဲတွေဖြစ်နေတာ၊ ဒီမိုကရေစီပညာရေးစနစ် ပြောင်းလဲဖို့  ကျောင်းသားတွေရဲ့ 
တောင်းဆိုဆန္ဒပြမှုနဲ့ ပါတ်သက်ပြီး MPC ရဲ့  ချယ်လည်မှု အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှု မှားယွင်းခဲ့၍
ပြည်သူတွေ စိတ်နာခဲ့ကြောင်း၊အစိုးရ၏အောင်မြင်မှုအားနည်းသွားခဲ့ရခြင်းနှင့် ပါတီကတင်တဲ့ 
ဖွဲ့ စည်းပုံပြင်ဆင်ရေးဟာလည်း ၉၅% ရှုံးနိုမ့်ခဲ့ရတဲ့အတွက် ပါတီရဲ့ ဂုဏ်သိက္ခာလည်းထိခိုက်ပါတယ်။
လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူရဲ့ ထောက်ခံမှုအားလည်း ကျဆင်းလာနေ
တာကြောင့် ဦးသိန်းစိန်ကို ဆက်ပြီး ပါတီကနေ သမ္မတနေရာတင်ပြီး ယှဉ်ပြိုင်မယ်ဆိုရင် အနိုင်ရဖို့ 
ခက်နေပါတယ်။ ဒီအတိုင်းဆို ပြည်သူကမထောက်ခံရင် ရှုံးနိုင်ပါတယ်။ ပြည်သူထောက်ခံမှုအားကောင်း
လာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ NLD က အပြတ်အသတ်နဲ့  အနိုင်ရသွားနိုင်တယ်လို့  
စိုးရိမ်မှုတွေ ရှိနေတာကြောင့် ဦးရွှေမန်းကို ပါတီက တင်ဖို့  ကြိုးစားလာနေတာကိုတွေ့ ရပါတယ်။

မြသိန်း