Saturday, May 23, 2015

UNA နှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)တို့၏ နိုင်ငံရေးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်း




မေလ ၂၂ ရက်၊ နံနက် ၉း ၀၀ နာရီမှ ၁၂း ၀၀ နာရီအထိ တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိ Holiday စားသောက်ဆိုင်တွင် ပြုလုပ်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့
 ( UNA ) နှင့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ နိုင်ငံရေးဆွေးနွေးပွဲသို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ ( UNA ) မှ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ဦးစိုင်းလိတ်၊ ဦးအေးသာအောင်၊ ဦးမျိုးကျော်၊ ဦးနိုင်သောင်းရှိန်၊ ဦးမင်းဖေသန်း၊ ဦးမန်းမင်းရဲထွေး၊ ဒေါ်အိန်ဂျလာသောင်း၊ ဦးစိုင်းရွှေကြူး နှင့် ဦးမန်းကျော်ငြိမ်းတို့ တက်ရောက်ခဲ့ကြပြီး
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊
ဦးပြုံးချို၊ ဦးဂျင်မီ၊ ဦးထွန်းမြင့်အောင်၊ ဦးစိုးထွန်း၊ ဦးသက်ဇော်၊ ဦးဥာဏ်လင်း၊ ဦးမာကီ၊ ဦးအံ့ဘွယ်
ကျော်နှင့် ဦးပဏ္ဍိတ်ထွန်း တို့ တက်ရောက်ခဲ့ကြသည်။

နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနားတွင် ဦးခွန်ထွန်းဦးနှင့် ဦးမင်းကိုနိုင်က အဖွင့်အမှာစကားပြော
ကြားခဲ့ပြီး မြန်မာနိုင်ငံ၏ မျက်မှောက်နိုင်ငံရေးအခြေအနေအရပ်ရပ်ကို ဦးအေးသာအောင် နှင့် ဦးကိုကိုကြီးက တင်ပြဆွေးနွေးသွားခဲ့ကြသည်။

လက်ရှိမြန်မာ့နိုင်ငံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ညှိနှိုင်းပြင်ဆင်နိုင်
ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များကို နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲ ၁၂း ၂၅ နာရီတွင် နိုင်ငံရေးဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီးနောက် သတင်းဌာနအသီးသီးမှ သတင်းထောက်များ၏ မေးမြန်းမှုများကို ဦးအေးသာအောင် နှင့် ဦးမင်းကိုနိုင်တို့က ပြန်လည်ဖြေကြားပေးခဲ့ကြသည်။