Sunday, May 17, 2015

လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် လူထုထောက်ခံမှုအားကောင်း




၁၇-၅-၂၀၁၅
မွန်ပြည်နယ် သံဖြူဇရပ် လူထုတွေ့ဆုံပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
မွန်ပြည်သူများမှ အင်အားအပြည့်ဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး သောင်းနဲ့ ချီသော
ပြည်သူများက ထောက်ခံအားပေးကြသည်ဟုသိရသည်။  
ပြည်သူကမပေးပဲယူထားတဲ့ အာဏာဆိုတာ တန်ဖိုးရှိတဲ့အာဏာမဟုတ်ပါဘူး။ ပြည်သူကောင်းစားမှာ
 ကို မကြောက်တဲ့အစိုးရမျိုး ပြည်သူကို မလိမ်ညာ မလှည့်ဖြားတဲ့အစိုးရမျိုး ပြည်သူတော်တာကို လက်ခံတဲ့အစိုးရမျိုးဖြစ်အောင်ကျမတို့  ကြိုးစားရပါမယ်လို့  ပြောကြားခဲ့ပါတယ်။
 မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ဟာ အရေးကြီးတဲ့ နှစ်တစ်ခုဖြစ်သလို အစိုးရနှင့် ရွေးကောက်ပွဲကော်မ
ရှင်က နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေညာထားသည်။ပြည်သူများအနေဖြင့်
စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ စစ်မှန်သောဒီမိုကရေစီစနစ်ပြောင်းလဲရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် တိုင်းပြည်၏ အနာဂတ်ကို မျှော်မှန်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံမှုအားကောင်းလာနေသည်ကို 
မွန်ပြည်နယ် ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့်နှင့် လူထုတွေ့ ဆုံပွဲ ဓါတ်ပုံမျာက သက်သေပြနေ
သည်။