Sunday, May 17, 2015

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သော်လည်း စနစ်တစ်ခုကြောင့် အားနည်းနေရသည်ဟုဆို


မော်လမြိုင်၊ မေ ၁၆
မြန်မာနိုင်ငံ၏ သယံဇာတ ထွက်ရှိမှုသည် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သော်လည်း စနစ်တစ်ခု အားနည်းနေခြင်းကြောင့် မြန်မာနိုင်ငံရှိ လူငယ်၊ လူလတ်ပိုင်းများသည် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေရကြောင်း မေလ ၁၆ ရက်နေ့က မွန်ပြည်နယ်တွင် ကျင်းပသည့်
 ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။