Thursday, March 12, 2015

ရက်စက်စွာအကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရှုံချခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများ ပြန်လည်လွတ်မြောက်ရေး
တောင်းဆိုပွဲအခမ်းအနား





၁၂-၃-၂၀၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)

တွင် ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက်(၁၀း၀၀)နာရီက ကျင်းပခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒထုတ်
ဖော်တောင်းဆိုနေသော ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူလူထုတို့ကို ရက်စက်စွာ

အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရှုံချခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများ ပြန်လည်
လွတ်မြောက်ရေးတောင်းဆိုပွဲအခမ်းအနားသို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမာကီး၊ ကိုဥာဏ်လင်းနှင့် မနီလာသိန်းတို့ဦးဆောင်

သောအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကပေးပို့သောသ၀ဏ်လွှာအား
 နာရေးကူညီမှုအသင်း ဥက္ကဌဦးကျော်သူမှ ဖတ်ကြားခဲ့ပြီး၊ အကြမ်းဖက်နှိမ်နင်းမှုဖြစ်စဉ်များနှင့်
ပတ်သက်ပြီး ၄င်း၏အမြင်သဘောထားများကိုလည်း ပြောကြားခဲ့သည်။

ထို့နောက် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှကိုမင်းကိုနိုင်က ကျောင်းသားများနှင့်
ပြည်သူလူထုအပေါ် ရက်စက်စွာအကြမ်းဖက်နှိမ်နင်းမှုအား ဆန့်ကျင်ရှုံ့ချကြောင်း ပြောကြားခဲ့ပြီး
အခြားသော စာပေနယ်၊ အနုပညာနယ်၊ ဥပဒေနယ်မှ ပုဂ္ဂိုလ်များကလည်း ၄င်းတို့၏သဘောထားများ
ကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။