Friday, March 13, 2015

ဦးသိန်းစိန် အစိုးရမှ နိုင်ငံတော်လှုပ်ကြံမှုကြီးတစ်ခု ထပ်မံကျူးလွန်လိုက်ခြင်း


၁၃-၃-၂၀၁၅
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပညာရေး တောင်းဆိုသော ကျောင်းသားသပိတ်အား လက်ပံတန်းမြို့
တွင် မန္တလေးမှ ချီတက်လာသော ကျောင်းသားလူငယ်များအား ရဲအင်အားအလုံးအရင်းဖြင့် အကြမ်း
ဖက်ဖြိုးခွင်းခံခဲ့ရသော မြင်ကွင်းများသည် ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်လျှောက်လှမ်းနေပါပြီ ဒီမိုကရေစီလမ်းစဉ်နှင့်အတူ
အမျိုးသားစည်းလုံးညီညွတ်ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ ဆုံဆွေးနွေးအဖြေရှာရန်
သမ္မတ မိန့် ခွန်းများတွင် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း အစိုးရမှ ရဲအင်အားသုံးပြီး အကြမ်းဖက်ဖြေရှင်းခဲ့သည့် လုပ်ရပ်သည် နိုင်ငံတော်လှုပ်ကြံမှုကြီးတစ်ခု ထပ်မံကျူးလွန်ခဲ့ခြင်း
ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့၊ စိန်ရတု ခန်းမတွင် ပြုလုပ်ခဲ့သော လေးပွင့်ဆိုင် တွေ့ဆုံမှုတွင်
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လေးပွင့်ဆိုင် ဆက်လက် ဆွေးနွေးနိုင်ရန်
ရန်ကုန်မြို့ရှိ တက္ကသိုလ် စိန်ရတုခန်းမတွင် သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ် ၃ ဦး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားလှယ် ၂ ဦး၊ 
ပညာရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးသန့်ရှင်း၊ ပညာရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာ
 အောင်မင်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့ အကြိုတွေ့ဆုံရာတွင်
 ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ ချက်ကို မှုအားဖြင့် သဘောတူခဲ့ကြသည်။ 
  
လက်ပံတန်းမြို့ကနေ သာယာဝတီမြို့ကို ချီတက်မယ့်သပိတ်စစ်ကြောင်းဟာ အောင်မြေဗိမာန်
ကျောင်းတိုက်အနီးက တန် ၂၅၀ လမ်းမှာ မနေ့က တားဆီးခံထားရပြီး ၃လပိုင်း ၄ ရက်အထိ
 ကျောင်းသားသပိတ်စစ်ကြောင်းဟာ အစာငတ် ခံ ဆန္ဒပြနေကြပါတယ်။ အမျိုးသားပညာရေးဥပဒေ
 ပြင်ဆင်ဖို့အတွက် အမျိုးသားလွှတ်တော်မှာ ဒီလ ၅ ရက်နေ့ကစပြီး ကြားနာပွဲတွေ ကျင်းပနေပါတယ်။

၁၀ ရက်နေ့ တွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို လုံခြုံရေးရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ပိတ်စို့ ထားရာ ပြည်သူတွေက စိတ်ပူနေကြပါတယ်။
လက်ပံတန်းမြို့က ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲမှာ မဟုတ်ကြောင်း ပဲခူးတိုင်းဒေသကြီး အမှတ် ၁၁ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး ဦနန္ဒ၀င်း က ပြောပါတယ်။

NNER မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းဟာ  နယ်လုံဝန်ကြီးနှင့် ဆွေးနွေးနေချိန်
ကျောင်းသားများတောင်းဆိုထားသည့် အချက် ၈ ချက်အနက် ၃ကို ဆက်လက်ဆွေးရာ
၁၁နာရီကျော်တွင် ရဲနှင့် ကျောင်းသားများ တိုးဝှေ့ နေကြရာမှ ၁၂ နာရီကျော်လောက်မှာ
အရပ်ဝတ်လူတစ်စုက ကားနဲ့ ရောက်လာပြီး မလိုအပ်တာတွေပြောဆိုခဲ့ရာမှ ဆွေးနွေမှုတွေကို
ပျက်ပြားသွားပြီလို့  ကျောင်းသားများကထင်ခဲ့ပါတယ်။ထို့ နောက်မှာ ရဲတွေက အင်အားသုံး
ဝင်ရောက်ရိုက်နက် အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပါတယ်။

အစိုးရမှ လွှတ်တော်မှာဆွေးနွေးပေးဖို့ အချိန်ဆွဲခဲ့တာရယ် ပညာရေးဝန်ကြီးဌာနမှတင်သွင်းမည့်
အမျိုးသားပညာရေးမှုကြမ်းကို မိမိတို့ က နောက်ဆုတ်ခဲ့ပြီး သတင်စာတွေမှာ ကျောင်းသားတွေနဲ့ 
ဆွေးနွေးထားပြီးသလို ထင်မြင်အောင်ရေးသားတာရယ်။ ကတိပြုထားပြီးဖြစ်တဲ့ ကျောင်းသား
များနဲ့  ထောက်ခံအားပေးသူ ပြည်သူများကိုမဖမ်းဆီးရန် သဘောတူထားသော အချက်ကို
ချိုးဖေါက်ခဲ့သည်။ကျောင်းသားများကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးကာ သပိတ်ကို ဖြိုခွင်းခဲ့ပြီး
သတင်းမီဒီယာသမားတွေကိုလည်း ဖမ်းဆီးရိုက်နက်ခဲ့သည့်အပြင် ကျောင်းသားများစီးသော
ကားနှင့် ကူညီသည့်ကားများကို ရိုက်ဖျက်ခဲ့သည့်အတွက် အကြမ်းဖက်သူဟာ မည်သူဖြစ်
သည်ကို သတင်း ဓါတ်ပုံ ဗီဒီယို မှတ်တမ်းများတွင် အထင်အရှား အထောက်အထားများ
ရရှိထားပြီးဖြစ်သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်နေပါသည်ဆို့ သည့် ဦးသိန်းစိန်အစိုးရ၏ လုပ်ရပ်သည်
လူဆိုး လူမိုက်များကို အသုံးချ၍ ရဲအင်အားသုံးကာ အကြမ်းဖက်ခဲ့သည့် မြင်ကွင်းများကို
မြန်မာပြည်သူများနှင့် ကမ္ဘာ့က ကြည့်ရှုခဲ့ကြပြီး ထိပ်လှန်တုန်လှုပ်သွားခဲ့သည်။
ကျောင်းသားများ ငြိမ်းချမ်းစွာတောင်းဆိုသည့် ဒီမိုကရေစီပညာရေး မူကြမ်းသည် လေးပွင့်ဆိုင်
တွေ့ ဆုံဆွေးနွေးရေးတွင် သဘောတူထားပြီး လွှတ်တော်တွင် ဆွေးနွေးရန် ကျောင်းသားများ
မှ တောင်းဆိုနေချိန် လုံးခြုံရေးရဲများက ကတိက၀တ်ကို ဖေါက်ဖျက်ပြီး အကြမ်းဖက်ခဲ့သည်။
အကြမ်းဖက်မှုသည် ၂၀၀၃ ခုနှစ် ဒီပဲရင်း နိုင်ငံတော်လုပ်ကြံမှုကြီးနှင့် အသွင်သဏ္ဍန်တူနေသည့်
အချက်များကိုတွေ့ ရှိရသည်။ထို့ ကြောင့် ၁၀-၃-၂၀၁၅ ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်
အကြမ်းဖက်မှုကြီးတွင် အစိုးရမှ ငြိမ်းချမ်းစွာဖြေရှင်းမှု နည်းလမ်းရှိပါလျှက်နဲ့  အကြမ်းဖက်
ရိုက်နက်ဖြေရှင်းခဲ့မှုကြောင့် သမိုင်းတခေတ်ကို အရုပ်ဆိုးအကျဉ်းတန်စေခဲ့ပြီး တရားမ၀င်
သော အရပ်သားစွမ်းအားရှင်များကို ပြန်လည်အသုံးချ ခြင်းကြောင့် ဒီပဲရင်းနှင့် အသွင်တူနေ
သည်ကို တွေ့ ရှိရသည်။

လက်ပံတန်းကကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရမှုအပြီး၊ ဖမ်းဆီးထားသော ကျောင်းသား
များကို မတရားသော ပုဒ်မအမျိုးမျိုးတပ်ကာ နှစ်ရှည်ထောင်ဒါဏ်များချမှတ်ခဲ့သည်။မဟန်နီဦး၊ ကိုမိုးထက်နေနဲ့ မန္တလေးခရိုင်က ကိုဇန်ဇန်တို့ ၄ ယောက်ကို ရန်ကုန်တိုင်းအလုံမြို့နယ် ကနေအိမ်တစ်အိမ်မှာမတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ကျော်အချိန်က ရဲတွေလာရောက်ဖမ်းဆီး သွားတယ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် အစိုးရဟာ နောက်ကြောင်းပြန်သွားနေပြီး
ဥပဒေစိုးမိုးမှုမရှိ ဒီမိုကရေစီကို ဆန့် ကျင်နေသောလုပ်ရပ်များကြောင့် သမိုင်းတပါတ်လည်အောင်
လုပ်နေတာလားလို့  ထင်မြင်မိပါတယ်။အခုလိုအကြမ်းဖက်မှုနဲ့  လူ့ အခွင့်အရေးချိုးဖေါက်မှုများ
ကြောင့် ကမ္ဘာမှာ အရှက်ရစေပြီး အမေရိကန် EU အပါအ၀င် နိုင်ငံတကာက စီပွားရေးပိတ်ဆို့ 
မှုတွေလုပ်ဖို့  ပြန်လည်သုံးသပ်နေကြပြီဖြစ်ပါတယ်။

ကျောင်းသားတွေရဲ့  ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီပညာရေးတောင်းဆိုမှုဟာ တရားမျှတပါတယ်။
ဒီမိုကရေစီနိုင်ငံတစ်ခုဆိုရင် ပညာရေးစနစ်ဟာလည်း ဒီမိုကရေစီစံနှုန်းများနဲ့ ညီညွတ်ဖို့ လိုပြီး
သဘာဝကျကျ တောင်းဆိုခြင်းဖြစ်ပါတယ်။ အခြေခံကျတဲ့ ပညာရေးစနစ်ကိုတောင် မပေးချင်လို့ 
အကြမ်းဖက်တယ်ဆိုရင် စစ်မှန်သော ဒီမိုကရေစီနိုင်ငံကို ထူထောင်ရန်မလွယ်ကူလှပေ၊၊
အစိုးရရဲ့  ဒီမိုကရေစီဆိုတာဟာ အတုအယောင်ဒီမိုကရေစီဆိုတာ ဦးသိန်းစိန်ရဲ့  ခြုံထားတဲ့
အရေခွန်ကို ခွာချပြနိုင်ခဲ့ပါတယ်။ ကျောင်းသားများက မိမိတို့ အခွင့်အရေးတောင်းဆိုရာမှာ
ဆုံးရှုံးမှုမရှိပါဘူး ဒီမိုကရေစီပညာရေးဟာ တချိန်မှာ ရရှိမှာဖြစ်ပါတယ်။ကျောင်းသားများရလိုက်
တဲ့အမြတ်က ကြီးပါတယ်။မြန်မာပြည်သူတွေနဲ့  ကမ္ဘာ့ပြည်သူတွေကို မြန်မာအာဏာရှင်စစ်အစိုးရ
ဟာ ယနေ့ အချိန်အထိ မပြောင်းလဲသေးဘူးဆိုတာ သက်သေပြခြဲ့ပီဖြစ်လို့  ကျောင်းသားများရဲ့ 
ရဲစွမ်းသတိကို ကမ္ဘာက ချီးကြုးဂုဏ်ပြုကြမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မြသိန်း