Tuesday, March 10, 2015

ပြည်သူ့ ရဲတပ်ဖွဲ့ ဟာ အာဏာပိုင်တွေရဲ့  လက်ကိုင်ဒုတ်ဖြစ်နေပြီး အစွန်းရောက်အကြမ်းဖက်မှုတွေကို အစိုးရမှဖန်တည်းလျှက်ရှိ

ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသူ ကျောင်းသားများ

  ရဲများက နံပါတ်ဒုတ်ဖြင့် ကျောင်းသားနဲ့  ပြည်သူကို ၀ိုင်းရိုက်

 
 ရဲများက ကျောင်းသားကားကို နံပါတ်ဒုတ်ဖြင့် ၀ိုင်းရိုက်ဖျက်ဆီး


၁၀-၃-၂၀၁၅
ပဲခူးတိုင်း နယ်လုံဝန်ကြီးက နေပြည်တော်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကျောင်းသားတွေ ရန်ကုန်ကို
 ကားနဲ့သွားဖို့ သဘောတူခဲ့ပြီး ၄ယောက်တစ်တွဲစီ တာလုံကို လမ်းလျှောက်ဖို့ပြင်နေစဉ်မှာပဲ 
အသံချဲ့စက်ကနေ မိဘပြည်သူတွေလို့ သူတို့ကိုယ်သူတို့ပြောနေကြတဲ့ လူတစ်စုက
သပိတ်မှောက်ကျောင်းသားတွေကို စတင်ခြိမ်းခြောက်ကာ ကျောင်းသားနဲ့  လုံခြုံရေးရဲတွေက
အပြန်အလှန်တွန်းကြပြီး သပိတ်စစ်ကြောင်းကို နတ်ပါတ်ဒုတ်တွေနဲ့  ရိုက်နက်ဖြိုခွင်းခဲ့ပြီး
ကျောင်းသားတွေရဲ့  ကားတွေကိုလည်း ရဲများက အကြမ်းဖက် ရိုက်ခွဲခဲ့တာကို ဗီဒီယို ဖိုင်တွေမှာ
တွေရပါတယ်။

 ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်နည်းသုံးပြီးဖြေရှင်းခဲ့မှုဟာ ကျောင်းသားတွေတောင်းဆိုထားတဲ့
အချက် ၈ ချက်ကို တူညီမှုတချို့ ရရှိခဲ့ပြီး အလံလွှင့်ထူဖို့ နဲ့  စပီကာ အသုံးပြုဖို့  ညှိနှိုင်းနေချိန်မှာ
အခုလို အရပ်ဝတ်လူတစ်စုက ကားနဲ့ ရောက်လာပြီး မလိုအပ်တာတွေပြောဆိုခဲ့ရာမှ စဖြစ်ခဲ့တယ်
လို့  သိရပါတယ်။ရဲတွေက အင်အားသုံးပြီးအကြမ်းဖက်ဖြိုခွင်းခြင်းဟာ ဒီမိုကရေစီကို ဆန့် ကျင်
ရာရောက်နေ၍ အစိုးရကို ပြည်သူများက အယုံအကြည်မရှိဖြစ်လာနေပြီး အစိုးရဖျက်သိမ်းပေးဖို့ 
လွှတ်တော်မှ တောင်းဆိုဖို့ လိုအပ်လာကာ အမြန်ဆုံးရွေးကောက်ပွဲ ကျင်းပေးရန်လိုအပ်နေပါပြီ၊၊
နိုင်ငံတကာမှာတော့ အကြမ်းဖက်တဲ့အစိုးရကို ရှုံ့ ချကြပြီး ထိုနည်းကို အသုံးပြုကြပါတယ်။

 ကျောင်းသားသပိတ်ကို ဦးဆောင်ဖြိုခွင်းသူက ရဲမှူးမိုးသန်းအောင်ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ၂၀၁၂ နိုဝင်ဘာလတုန်းက လက်ပံတောင်းတောင်မှာ ဖြိုခွင်းခဲ့သူဖြစ်ပြီး
သပိတ်စခန်းမှာ သံဃာတော်တွေကိုဝင်ရောက်ဖြိုခွင်းခဲ့သူလည်းဖြစ်ပါတယ်။
အခြေအနေကတော့အကြမ်းဖက် နှိမ်နင်းတာပဲဗျ။ သေနတ်တွေနဲ့ ကျောင်းထဲဝင်စီးပြီးတော့
 ဖမ်းနေတယ်၊ အကုန်လုံးအကုန်လုံး ဖမ်းဆီးသွားတယ်လို့  သိရပါတယ်။ 

မြသိန်း