Tuesday, March 10, 2015

ကျောင်းသားသမိုင်းနှင့် အရေးအခင်းများကို ဖြေရှင်းရာတွင် အစိုးရအဆက်ဆက် အကြမ်းဖက်


 ၇ ဇူလှိုင်အရေးအခင်း
ဦသန့်  အရေးအခင်း

 ၈၈၈၈ လူထုလှုပ်ရှားမှု အရေးတော်ပုံ
 ၂၀၀၇ ရွေဝါရောင်တော်လှန်ရေး
 ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ
၁၀-၃-၂၀၁၅
ပဲခူးတိုင်း နယ်လုံဝန်ကြီးက နေပြည်တော်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကျောင်းသားတွေ ရန်ကုန်ကို ကားနဲ့
သွားဖို့ သဘောတူခဲ့ပြီး ၄ယောက်တစ်တွဲစီ တာလုံကို လမ်းလျှောက်ဖို့ပြင်နေစဉ်မှာပဲ အသံချဲ့စက်
ကနေ မိဘပြည်သူတွေလို့ သူတို့ကိုယ်သူတို့ပြောနေကြတဲ့ လူတစ်စုကသပိတ်မှောက်ကျောင်းသား
တွေကို စတင်ခြိမ်းခြောက်ကာ ကျောင်းသားနဲ့  လုံခြုံရေးရဲတွေကအပြန်အလှန်တွန်းကြပြီး သပိတ်စစ်ကြောင်းကို နတ်ပါတ်ဒုတ်တွေနဲ့  ရိုက်နက်ဖြိုခွင်းခဲ့ပြီးကျောင်းသားတွေရဲ့ ကားတွေကိုလည်း
 ရဲများက အကြမ်းဖက် ရိုက်ခွဲခဲ့တာတွေ့ ရပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ အေးချမ်းတည်ငြိမ်စွာ နဲ့ပဲ ဒီမိုကရေစီစနစ်အရတော့ ပြဿနာတစ်ရပ်ကို ညှိနှိုင်းပြီးတော့ ဖြေရှင်းမဲ့စနစ်ပဲရှိပါတယ်၊ အကြမ်း ဖက်ဖို့လဲ အစီအစဉ်မရှိပါဘူး၊ အဲ့ဒါကြောင့်ကျနော်
 တို့မှာ လက်နက်ခဲယမ်း တစုံတရာ ကိုင်ဆောင်ထားတာလည်းမရှိပါဘူး၊ ကျနော်တို့အနေနဲ့ ပုံမှန်အတိုင်းအတာလေးတစ်ခု ကျနော်တို့ဘက် ကနေပြီးတော့ နေရာလေးချထားချင်တဲ့သဘောပါ၊
 တခြား ရည်ရွယ် ချက်တော့မရှိပါဘူး၊ ကျနော်တို့ အနေနဲ့ နေရာလေး နှစ်ခုကို ပိုင်းခြားထားတယ် ဆိုတဲ့ဟာလေး တိတိကျကျလေးဖြစ်အောင် ကျောင်းသား တပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့လက်ရှိရှိတဲ့
နေရာ မှာ အေးချမ်းစွာနေလိုအောင်၊ ပြင်ပကနေအနှောင့် အယှက်တွေမဝင်အောင် ကျနော်တို့တားဆီးချထားတဲ့ သဘောဖြစ်ပါတယ်"ပဲခူးတိုင်းဒေသကြီး အမှတ် ၁၁ လုံခြုံရေး
ရဲတပ်ဖွဲ့ခွဲမှူး က ပြောထားသော်လည်း နောက်ဆုံးတော့ ရဲကအကြမ်းဖက်ခဲ့ပါတယ်။ 

၇ ဇူလှိုင်အရေးအခင်း အကျဉ်း
မြန်မာနိုင်ငံကျောင်းသားသမိုင်းတွင် ၁၉၆၂ ခု၊ ဇူလိုင်(၇) ရက်နေ့ ကျောင်းသားများ အရေးတော်ပုံကြီး
 ဖြစ်ပွားခဲ့သည်။ ၁၉၆၂ မေလမှာ ကျောင်းသားတယောက်ကို ကျောင်းဆောင်ကနေ နှင်ထုတ်လိုက်
ရာမှစခဲ့ပြီး မေလ ၉ ရက်နေ့မှာ ကျောင်းသားတချို့ အဖမ်းခံရတယ်။၇-၇-၁၉၆၂ မှာ ကျောင်းသားတွေက အစည်းအဝေးခေါ်လိုက်တယ်။၇-၇-၁၉၆၂ ညနေ ၅ နာရီခွဲမှာ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ ချန်ဆလာလမ်းဆီတွေကို စစ်ကား ၂ စီး ရောက်လာပြီး မောင်ပြန်သေနတ်တွေနဲ့ ကျောင်းသား
မှန်သမျှကိုပြစ်တော့တယ်။ အမှတ် (၄) ဗမာ့သေနပ်ကိုင် တပ်ရင်းက စစ်သားတွေဖြစ်တယ်။ 
၃ မိနစ်ပြစ်၊ ၂ မိနစ်နား အမိန့်ပေးထားတယ်။၇-၇-၁၉၆၂ ည ၈ နာရီ ၁၅ မိနစ်မှာ မြန်မာ့အသံရေဒီယို
ကနေ ၅ မိနစ်ကြာ မိန့်ခွန်းပြောတော့ ဗိုလ်ချုပ်နေဝင်းက ‘ဓားဓားချင်း၊ လှန်လှန်ချင်းပဲ’ လို့ ပြောခဲ့တာ သမိုင်းတွင်တယ်။မန္တလေးဆောင်တခုတည်းက ၁၇ ယောက် သေတယ်။ ၁၃ဝ ကျော် ပစ်သတ်ခံခဲ့ရ
တယ် လို့လဲ ဖတ်ရပါတယ်။၈-၇-၁၉၆၂ မနက် ၆ နာရီမှာ သမိုင်းဝင် တက္ကသိုလ်ကျောင်းသာများသမဂ္ဗ အဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲဖျက်ဆီးလိုက်တယ်။

ဦးသန့် အရေးအခင်း အကျဉ်း
၁၉၇၄ ဒီဇင်ဘာ ၅ရက်နေ့ မှာတော့ နေဝင်းစစ်အစိုးရဟာ ဦးသန့် အလောင်းကို
ကြံတော သချိင်္ုင်းမှာ သာမှန်သင်္ဂြိုလ်ဖို့ စီစဉ်ခဲ့ရာမှ ကျောင်းသားများမကျေမနပ်ဖြစ်ပြီး ဦးသန့် 
ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေဘွဲ့ နှင်းသဘင် ခန်းမရှေ့ သို့ သယ်ဆောင် လာပြီး၊ ကျောင်းသား 
သမဂ္ဂ အဆောက်အဦဟောင်းနေရာကိုရှင်းလင်းပြီး အုတ်ဂူတည်ဆောက်သင်္ဂြိုလ်ဖို့ လုပ်ကြတယ်။
 ငြိမ်းချမ်းရေးဂူဗိမာန်ကိုလည်း တည်ဆောက်ဖို့ ဆုံးဖြတ်ကြတယ်။ဒီဇင်ဘာ ၁၁ရက်နေ့ မှာတော့
 နေဝင်းစစ်အစိုးရဟာ တက္ကသိုလ်နယ်မြေထဲကို ကျူးကျော်ပြီး ကျောင်းသားတွေကို အကြမ်းဖက်
 နှိမ်နင်းပါခဲ့၍ ဦးသန့် အရေးအခင်းဖြစ်ပေါ်ခဲ့ရပါတယ်။

၈၈ အရေးအခင်း အကျဉ်း
၁၉၈၇ ခု စက်တင်ဘာလ ၅ရက်နေ့တွင် ဦးနေ၀င်းအစိုးရမှ နိုင်ငံတော်အတွင်းလှည့်ပတ်သုံးစွဲနေ
သော ၇၅ကျပ်တန်၊၃၅ကျပ်တန်နှင့် ၂၅ကျပ်တန် ငွေစက္ကူများအားဖျက်သိမ်းခဲ့သည်။ အဓိကအားဖြင့် 
၁၉၈၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျောင်းသားများနှင့် ရပ်ကွက်ထဲမှ လူငယ်အချို့ သီချင်း ခွေလုဖွင့်ရာမှ အင်းစိန်ကြို့ကုန်းရှိ စန္ဒာဝင်းလ္ဘက်ရည်ဆိုင်တွင် ခိုက်ရန်ဖြစ်ပွား
ကြသည်။ အဆိုပါ ရန်ပွဲတွင်ပါဝင်သူ လူငယ်တစ်ဦးမှာကျောင်းသားများအား အပြင်းအထန်နာကျင်
စေမှုဖြင့်ဖမ်းဆီးခံရပြီးမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အရာရှိတစ်ဦး၏ သားဖြစ်နေသဖြင့်
 ပြန်လွှတ်ပေးလိုက်ရာ ကျောင်းသားများမှ ဌာနေရဲစခန်းအားဝိုင်ဝန်း ဆန္ဒပြကြပါသည်။ ထိုအခါ 
လုံထိန်း ရဲတပ်သား ၅၀၀ ခန့်ဖြင့်ဖြိုခွဲ နှိမ်နင်းခဲ့သဖြင့် စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော်
 သေနတ်ထိမှန် သေဆုံးခဲ့သည်။ စစ်အာဏာရှင်ဆန့်ကျင်မှုများအား အရှိန် ပြင်းစွာ ဆန့်ကျင်လုပ်
ဆောင်လာကြပါတော့သည်။၁၉၈၈ ခု ဇွန်လလယ်တွင်မူ လူအုပ်ကြီးများဖြင့် ဆန္ဒပြမှုများမှာ ရန်ကုန် အပါအ၀င် မြို့ကြီးများတွင် နေ့စဉ် မြင်တွေ့ လာခဲ့ရပါသည်။ ဦးနေ၀င်းက ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် မိန့်ခွန်းပြောကြားခဲ့ရာ ‘တပ်မတော်ဆိုတာသေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး၊ ပစ်ရင် တည့်တည့်ပစ်တယ်’ လို့ ထပ်ပြောကြားခဲ့ရာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ တွင် တနိုင်ငံလုံး
ဒီမိုကရေစီ လူထုအုံကြွမှုကြီးပေါ်ပေါက်လာခဲ့ပါသည်။

၂၀၀၇ ရွေဝါရောင်တော်လှန်ရေး အကျဉ်း
၂၀၀၇ ရွေဝါရောင် သံဃာ့လှုပ်ရှားမှုကရော ဘာကြောင့် ဖြစ်ပေါ်ခဲ့တာလဲ ဆိုတာ ပြန်ကြည့်လိုက်ရင် လူထုတွေ စားဝတ်နေရေး ဆင်းရဲ ငတ်ပြတ်နေတယ်၊ ဆန်ဈေး ဆီဈေးစတဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတယ်၊ ပြည်သူတွေ ဒုက္ခရောက်နေတယ် အဲဒါတွေကို မြင်ပြီးသံဃာတွေက စိတ် မချမ်းမသာဖြစ်ကြရတယ်။ “---အကျဉ်းကျသံဃာတွေကို မမေ့ကြပါနဲ့ - တတ်နိုင်သမျှ ထောက်ပံ့ကြပါ---” တနည်းပြောရရင် စစ်အာဏာရှင်တွေက မတရား ကြီးပွား ချမ်းသာနေပြီး နေရာတကာ လက်နက် အားကိုးပြီး လူထုအပေါ် ဗိုလ်ကျလွန်းတဲ့ ဖြစ်ရပ်တွေကြောင့်ပါ။ ဒီလိုမတရားတာကို သံဃာတွေက ငုံ့ခံမယ် ထင်နေသလား။ ဒကာ ဒကာမ လူထုတွေကို မေတ္တာထားကာပြည်သူတွေရဲ့ အခက်အခဲတွေ ပြေလည်စေဖို့ မကြောက် မရွံ့ လမ်းမပေါ် ထွက်ပြီး၊ လူထု ကိုယ်စား အာဏာပိုင်တွေ သိအောင် ငြိမ်းချမ်းစွာ လှည့်လည်ပြီး မေတ္တာသုတ် ရွတ်ဖတ်တယ် မေတ္တာပွားတယ်။ အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပွားတဲ့ ပခုက္ကူက ဦးဇင်းလေးတွေကို ဖမ်းဆီးပြီး ဓာတ်တိုင်မှာ ကြိုးချည် ရိုက်နှက်ခဲ့ကြာတာဟာ စစ်အာဏာပိုင်တွေပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းလိုရတဲ့ နည်းကိုမသုံးဘဲ စစ်တပ်က အကြမ်းဘက် ဖြိုခွင်းခဲ့တာတွေကြောင့် ဗုဒ္ဓဘာသာသမိုင်းမှာ သွေးစွန်းခဲ့ရသလို ကမ္ဘာ့အလယ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတာ တွေဟာ စစ်အဏာရှင်တွေကြောင့်ပါ။

Copy and WIN : http://bit.ly/copynwin
၂၀၀၇ ရွေဝါရောင် သံဃာ့လှုပ်ရှားမှုကရော ဘာကြောင့် ဖြစ်ပေါ်ခဲ့တာလဲ ဆိုတာ ပြန်ကြည့်လိုက်ရင် လူထုတွေ စားဝတ်နေရေး ဆင်းရဲ ငတ်ပြတ်နေတယ်၊ ဆန်ဈေး ဆီဈေးစတဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတယ်၊ ပြည်သူတွေ ဒုက္ခရောက်နေတယ် အဲဒါတွေကို မြင်ပြီးသံဃာတွေက စိတ် မချမ်းမသာဖြစ်ကြရတယ်။ “---အကျဉ်းကျသံဃာတွေကို မမေ့ကြပါနဲ့ - တတ်နိုင်သမျှ ထောက်ပံ့ကြပါ---” တနည်းပြောရရင် စစ်အာဏာရှင်တွေက မတရား ကြီးပွား ချမ်းသာနေပြီး နေရာတကာ လက်နက် အားကိုးပြီး လူထုအပေါ် ဗိုလ်ကျလွန်းတဲ့ ဖြစ်ရပ်တွေကြောင့်ပါ။ ဒီလိုမတရားတာကို သံဃာတွေက ငုံ့ခံမယ် ထင်နေသလား။ ဒကာ ဒကာမ လူထုတွေကို မေတ္တာထားကာပြည်သူတွေရဲ့ အခက်အခဲတွေ ပြေလည်စေဖို့ မကြောက် မရွံ့ လမ်းမပေါ် ထွက်ပြီး၊ လူထု ကိုယ်စား အာဏာပိုင်တွေ သိအောင် ငြိမ်းချမ်းစွာ လှည့်လည်ပြီး မေတ္တာသုတ် ရွတ်ဖတ်တယ် မေတ္တာပွားတယ်။ အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပွားတဲ့ ပခုက္ကူက ဦးဇင်းလေးတွေကို ဖမ်းဆီးပြီး ဓာတ်တိုင်မှာ ကြိုးချည် ရိုက်နှက်ခဲ့ကြာတာဟာ စစ်အာဏာပိုင်တွေပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းလိုရတဲ့ နည်းကိုမသုံးဘဲ စစ်တပ်က အကြမ်းဘက် ဖြိုခွင်းခဲ့တာတွေကြောင့် ဗုဒ္ဓဘာသာသမိုင်းမှာ သွေးစွန်းခဲ့ရသလို ကမ္ဘာ့အလယ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတာ တွေဟာ စစ်အဏာရှင်တွေကြောင့်ပါ။

Copy and WIN : http://bit.ly/copynwin
၂၀၀၇ ရွေဝါရောင် သံဃာ့လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့တာ လူထုတွေ စားဝတ်နေရေး ဆင်းရဲ ငတ်ပြတ်နေ
တယ်၊ ဆန်ဈေး ဆီဈေးစတဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတယ်၊ ပြည်သူတွေ ဒုက္ခရောက်နေတယ် အဲဒါတွေကို မြင်ပြီးသံဃာတွေက စိတ်မချမ်းမသာဖြစ်ကြရတယ်။ စစ်အာဏာရှင်တွေက မတရား
 ကြီးပွား ချမ်းသာနေပြီး နေရာတကာ လက်နက်အားကိုးပြီး လူထုအပေါ် ဗိုလ်ကျလွန်းတဲ့ ဖြစ်ရပ်
တွေကြောင့်ပါ။ ဒီလိုမတရားတာကို သံဃာတွေက ငုံ့ခံမယ် ထင်နေသလား။ ဒကာ ဒကာမ လူထုတွေကို မေတ္တာထားကာပြည်သူတွေရဲ့ အခက်အခဲတွေ ပြေလည်စေဖို့ မကြောက် မရွံ့
လမ်းမပေါ် ထွက်ပြီး၊ လူထု ကိုယ်စား အာဏာပိုင်တွေ သိအောင် ငြိမ်းချမ်းစွာ လှည့်လည်ပြီး
 မေတ္တာသုတ် ရွတ်ဖတ်တယ် မေတ္တာပွားတယ်။ အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပွားတဲ့
ပခုက္ကူက ဦးဇင်းလေးတွေကို ဖမ်းဆီးပြီး ဓာတ်တိုင်မှာ ကြိုးချည် ရိုက်နှက်ခဲ့ကြာတာဟာ စစ်အာဏာပိုင်တွေပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းလိုရတဲ့ နည်းကိုမသုံးဘဲ စစ်တပ်က အကြမ်းဘက်
 ဖြိုခွင်းခဲ့တာတွေကြောင့် ဗုဒ္ဓဘာသာသမိုင်းမှာ သွေးစွန်းခဲ့ရသလို ကမ္ဘာ့အလယ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတာ တွေဟာ စစ်အဏာရှင်တွေကြောင့်ဖြစ်ပါတယ်။

ဒီမိုကရေစီပညာရေး သပိတ် အကျဉ်း
 ဗကသများအဖွဲ့ချုပ်ရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်တွေနဲ့ အကြံပြုချက်တွေကို တင်ပြပါမယ်။၂၀၁၂ခုနှစ် ဇန်န၀ါရီ၁၈ ရက်နေ့ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီကို ဖွဲ့စည်းပြီးချိန်ကတည်းက ကျောင်းသားထုအရေး ဦးဆောင်ရပ်တည်လှုပ်ရှားပေးမယ့် ကျောင်းသား
သမဂ္ဂများကို နယ်မြေဒေသအသီးသီးမှာ လိုက်လံဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းပြီးကျောင်းသား သမဂ္ဂများ
နဲ့ ဗဟိုအဖွဲ့ချုပ်တို့ ပူးတွဲကာပညာဒါနကျောင်းများဖွင့်လှစ်ခြင်း၊စွမ်းရည်မြှင့်တင်သင်တန်းများပေးခြင်း၊
စာကြည့်တိုက်များတည်ထောင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ဗဟိုနှင့်ဒေသဆိုင်ရာသမဂ္ဂအချို့မှထုတ်ဝေ
ဖြန့်ချီတဲ့ စာစဉ်များနှင့် လက်ကမ်းစာစောင်များတွင်ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ၀ါဒဖြန့်
ချီစည်းရုံးရေးကိုလည်း တွင်တွင်ကျယ်ကျယ် ပြုလုပ်ခဲ့ပါတယ်။ဗကသများအဖွဲ့ချုပ်ရဲ့မူဝါဒ(၅)ချက်မှာ တစ်ချက်အပါအ၀င်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို ဦးတည်ဆောင်ရွက်ကြဖို့ ခရိုင်ပေါင်းစုံကျောင်းသား
သမဂ္ဂများ တွေ့ဆုံနှီးနှောဖလှယ်ပွဲကိုလည်း ၂၀၁၃ခုနှစ်၊ဖေဖေါ်ဝါရီလမှာပြုလုပ်ကျင်းပခဲ့ခြင်း
 ဖြစ်ပါတယ်။ ဗကသများ အဖွဲ့ချုပ်က လက်ရှိကျင်းပနေတဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်း
လဲရေးညီလာခံမှာ အကြံပြုစာတမ်းအဖြစ်တင်သွင်းဖို့ ရည်ရွယ်ထားပါတယ်။ဒီမိုကရေစီပညာရေး
 ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နည်းလမ်းများမှ (၁၁)ချက်ကိုတောင်းဆိုခဲ့ပြီး အစိုးရနဲ့ အမျိုးသားပညာရေး
ဥပဒေကို သပိတ်မှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ လေးပွင့်ဆိုင်
 ဆွေးနွေးပွဲပြုလုပ်သွားဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက သဘောတူညီခဲ့ကြတဲ့ ကျောင်းသားများ တောင်းဆိုသည့် အချက်(၁၁)ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းရန် သဘောတူညီမှု ရခဲ့သော်လည်း   ကျောင်း သားများ၏ သပိတ်စစ်ကြောင်းများရပ်၊ မရပ်ကိုမူ ညှိမရဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်။ တည်ငြိမ်းအေးချမ်းရေးကို အကြောင်းပြပြီး သပိတ်စစ်ကြောင်းများရပ်ရန်အစိုးရဘက်က တောင်းဆို
နေပြီး ကျောင်းသားများဘက်ကမူ ၎င်းတို့တောင်းဆိုထားသည့် အချက်များကို လွှတ်တော်တွင် ဥပဒေအဖြစ် ပြဌာန်းပြီးမှသာ သပိတ်စစ်ကြောင်းများကို ရပ်နားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
လက်ပံတန်းတွင် ၁ပါတ်ကြာ ပိတ်ပင်ခံထားရတဲ့ ကျောင်းသားများသပိတ်စစ်ကြောင်းဟာ ရန်ကုန်မြို့ 
ကိုချီတက်ပြီးပြန်ရန် အစိုးရကို သဘောထား၈ ချက်နဲ့ တောင်းဆိုထားသော်လည်း ၁၀-၃-၂၀၁၅
နံနက် ၁၀နာရီ နောက်ဆုံးထား တောင်းဆိုခဲ့ရာ အစိုးရဖက်မှ အလံလွှင့်ထူခြင်းနှင့် စပီကာများ
မသုံးရန်ပြောကြားခဲ့ရာ ညှိနှိုင်းမှုတွေ လုပ်နေချိန် ကားတစ်စီးဖြင့် အရပ်ဝတ်လူအုပ်စုရောက်ရှိလာပြီး
လက်ပံတန်းမြို့ ပြည်သူအဖြစ်ပြောဆိုပြီး မလိုအပ်သည်များကိုပြောကြားခဲ့ရာမှ တင်းမာမှုဖြစ်ပွားခဲ့
ပြီး ကျောင်းသားသပိတ်စစ်ကြောင်းကို လုံခြုံရေးရဲတပ်ဖွဲ့ မှ အင်အားသုံးကာ အကြမ်းဖက်ဖြိုခွင်းမှု
များပြုလုပ်ပြီး ကျောင်းသားများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယနေ့ မြန်မာ့နိုင်ငံအခြေအနေ
ယနေ့ မြန်မာ့ ကျောင်းသားသမိုင်းတွင် အာဏာရှင်တို့ သည် ကျောင်းသားများကို ခေတ်အဆက်ဆက်
အကြမ်းဖက်ဖြိုခွင်းခဲ့သည်မှာ သမိုင်းကသက်သေပြနေပေသည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင်
အစိုးရမှ ငြိမ်းချမ်းစွာဖြေရှင်းရေး၊တွေ့ ဆုံဆွေးနွေးရေးဟု ဆိုထားသော်လည်း ပြသနာများကို ဖြေရှင်း
ရာတွင် ညှိနှိုင်းမှုကို အရှော့မပေးပဲ အာဏာရှင်ပီပီ ခေါင်းမာစွာ အခြေအနေများတင်းမာလာအောင်
ဂတိက၀တ်များကို လွယ်လွယ်ဖြင့်ဖေါက်ဖျက်တတ်သော အကျင့်ဆိုးကြီးသည် ယနေ့ အချိန်အထိ
ကပ်ပါလာပြီး အာဏာကို အသုံးချဖြေရှင်းသည့် အကျင့်စရိုက်ကို ကျင့်သုံးလျှက်ရှိသည်။အခင်း
တစ်ခုဖြစ်တိုင်း ရဲများကိုအင်အားသုံး၍ဖြေရှင်းခြင်း အရပ်ဝတ် လူဆိုးလူမှိုက်များကိုမွေး၍ စွမ်းအား
ရှင်များကို အသုံးချဖြေရှင်းမှုတို့ ကြောင့် သမိုင်းတလျှောက်တွင် အစိုးရအဆက်ဆက် အမဲစက်ဆိုး
ကြီးကျန်ရှိခဲ့သည်။ လက်ရှိပြသနာသည်လည်း ကျောင်းသားများရန်ကုန်သို့ ချီတက်ပြီး လူစုခွဲမည်
ဟုဆိုထားသော်လည်း ရန်ကုန်သို့ ဝင်ခွင့်မပြု ဘဲ ပြသနာများပိုမိုကြီးထွားလာနိုင်ဖွယ်ရှိသည်ဟု
ယူဆပြီး ပညာရေးဒု-၀န်ကြီး ဦးသန့်ရှင်းကမူ “သူတို့(ရန်ကုန်)ဝင်လာလို့ တစ်ခုခုဖြစ်ခဲ့လို့ရှိရင်
ဒီလူစုက ထိန်းနိုင်မှာမဟုတ်ဘူး။ သူတို့ကိုလည်း ဥပမာတစ်ခုပေးခဲ့ပါတယ်။ ဒီဟာက ရေနက်တဲ့
 ရေအိုင်ကြီးတစ်ခုဖြစ်တယ်။ ရေကူးချင်တယ်ဆို ပေမယ့် နစ်နိုင်တယ်အခြေအနေရှိတယ်” ဟု
 ပြောသည်။ကျောင်းသားများ၏ ညှိနှိုင်းမှုကို လိုက်လျှောမှုမရှိဘဲ ယခုလို ရဲအင်အားသုံးပြီး ဖြေရှင်း
ခဲ့မှုကြောင့် ရန်ကုန်မြို့ တွင် ဆန္ဒပြမှုများဖြစ်ပေါ်လာနေသည်။အခုတော့ အစိုးရကအကြမ်းဖက်လို့ 
ရန်ကုန်မြို့ ကြီး ရေနစ်တော့မယ် အစိုးရမှာ တာဝန်ရှိပါတယ်။ငြိမ်းချမ်းစွာ ဖြေလည်အောင်လုပ်ရင်
ရရဲ့ သားနဲ့  မလိုအပ်တာတွေပြော မလိုလာအပ်တာတွေ လုပ်ခဲ့တဲ့အတွက် တိုင်းပြည်မငြိမ်မသက်
ဖြစ်ရတာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်ဆဲရေး ပျက်သွားရတာ၊ ၂၀၀၈ ဖွဲ့ စည်းပုံကို
ပြင်ရင်ရရဲ့ သားနဲ့  ခက်အောင်လုပ်နေတာ၊ဘာသာရေးအဓိကရုံးတွေဖြစ်ခဲ့တာ၊လက်ပံတောင်း
တောင် ဒေါ်ခင်ဝင်းသေဆုံးမှု၊ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှု၊ လယ်ယာမြေ
မတရားသိမ်းဆည်းမှု၊စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှု၊ပြည်တွင်းစစ် တိုက်ပွဲများပြန်
ဖြစ်လာမှု၊ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်ပေါ်ပေါက်လာမှု စသည့်ပြသနာများသည်
အစိုးရ၏ ညံဖျင်းမှုများကြောင့် မဖြစ်သင့်သောအရာများမှ မီးခိုးကြွက်လျှောက် ဆူပူမှုများဖြစ်
လာနေလေသည်။ဆူပူမှုများကို အကြောင်းပြ၍ အာဏာသိမ်းရန် အကြံအစည်များရှိနေပုံရ
သည်။ပြသနာများကို ငြိမ်းအောင်ဆွေးနွေးအဖြေမရှာပဲ ရလဒ်များကိုဖေါက်ဖျက်၍ မိမိတို့ 
လုပ်ချင်ရာလုပ်ပြီး တာဝန်ယူမှု တာဝန်ခံမှု တာဝန်သိမှုမရှိသော အစိုးရ တရပ်အား ပြည်သူများ
မှ ဒါဏ်ခတ်ဆုံးမရန် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပေသည်။ တော်လှန်ရေး သတိ တော်
လှန်ရေးအသိဖြင့် စစ်မှန်သောဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်ရန် ၀ိုင်းဝန်းကြိုးစားဖို့  လိုအပ်
လာပြီဖြစ်လေသည်။

မြသိန်း