Thursday, March 5, 2015

မြို့ တော်ခန်းမရှေ့  ဒီမိုကရေစီပညာရေး တောင်းဆိုသော
ကျောင်းသားများကို ရဲနှင့် တရားမ၀င် အကြမ်းဖက်
အုပ်စုတစ်စုက ၀င်ရောက်ဖြေရှင်းမှု အစိုးရတွင်တာဝန်ရှိ





၅-၃-၂၀၁၅
ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ကျောင်းသားသပိတ်ထောက်ခံဆန္ဒပြသူများအား လက်ပတ်အနီရောင်ဝတ် လူအုပ်ကြီးမှ အကြမ်းဖက်ပြီး ကျောင်းသားပြည်သူများကို ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဦးသိန်းစိန်အစိုးရမှ ကျောင်းသားတွေရဲ့  တောင်းဆိုထားတဲ့ အချက်တွေကို လွှတ်တော်မှာ ယနေ့ 
ဆွေးနွေးနေချိန် ယခုလို ရဲ၊ စွမ်းအားရှင်နဲ့  လူမိုက်လူဆိုးများပုံဆန်ပေါက်နေတဲ့ လူအုပ်စုတစ်စုက
ဝင်ရောက် ရိုက်နက်ကာ အကြမ်းဖက်ပြီး ဖမ်းဆီးတာဟာ လူအခွင့်အရေးချိုးဖေါက်ခြင်း
ဖြစ်ပါတယ်။ အစိုးရကိုယ်တိုင်က လူဆိုးလူမိုက်တွေကို မွေးထားပြီး အကြမ်းဖက်ဖြေရှင်းနေခြင်း
ဟာ တိုင်းပြည်နဲ့  နိုင်ငံသားများအဖို့ နစ်နာစေပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်နေခြင်း
ဖြစ်သည်။ထိုနောက်ကြောင်းပြန်စေတဲ့ လုပ်ရပ်တွေဖြစ်နေတာကို ပြည်သူတွေတွေ့ မြင်နေကြရပါ
သည်။လူမိုက်မွေးပြီး အုပ်ချုပ်တဲ့ သိန်းစိန်အစိုးရကိုပြုတ်ချ၍ အစိုးရအသစ်ပြန်ရွေးဖို့  လိုအပ်နေပါပြီ။

ယခုလို အကြမ်းဖက်သမားတွေကို မွေးပြီးဖြေရှင်းခြင်းဟာ အာဏာရှင်တွေရဲ့ လုပ်ရပ်ဖြစ်ပြီး
ဒီမိုကရေစီလို့  ကြွေးကျော်ထားတဲ့ ဦးသိန်စိန်အစိုးရ၏ အစွန်းရောက်လုပ်ရပ်ဖြစ်ကြောင်း
ထင်ရှားစွာတွေ့ မြင်ကြရပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ မတရားတဲ့အစိုးရရဲ့ 
လုပ်ရပ်တွေကို ရှုံ့ ချကြ၊ လွှတ်တော်အမတ်တွေက ကန့် ကွက်ကြနဲ့  အစိုးရဖျက်သိမ်းပေးဖို့ 
တောင်းဆိုတာမျိုးတွေလုပ်လေ့ရှိပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့  ပြည်သူတွေက
 တောင်းဆိုကြပါတယ်။ဒီမိုကရေစီနည်းအရ လွှတ်တော်တွင် ဖြေရှင်းပေးနေသည့် ကြားမှ
ရဲများ၏ အကြမ်ဖက်ဆောင်ရွက်ခြင်းသည် လွှတ်တော်၏ လုပ်ရပ်ကို မထီမျက်မြင်ပြုရာရောက်
ပေသည်။

အစိုးရက တာဝန်လို့ ပေးထားတဲ့အထဲမှာ အရွယ်မရောက်သေးသူနဲ့  လူရမ်းကားများ ပါဝင်နေတာ
ဖြစ်လို့ အကြမ်းဖက်ဖို့ ခေါ်လာတယ်ဆိုတာ ထင်ရှားနေပါတယ်။ ပြသနာကိုဖြေရှင်းရာ အာဏာပိုင်
အဖွဲ့ အစည်းမှ တာဝန်ရှိသူလုံခြုံရေးရဲများမှ အကြမ်းဖက်ပြီး မည်သူမည်ဝါမှန်မသိတဲ့
အရပ်ဝတ်တွေနဲ့  တာဝန်လို့ ရေးထားသူ တရားမ၀င် အကြမ်းဖက်တဲ့လူတွေက ၀င်ရောက် ဖြေရှင်း
ခြင်းဟာ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်ရာရောက်ပြီး လူ့ အခွင့်အရေးနဲ့ တရားဥပဒေကို
ချိုးဖေါက်ခြင်းဖြစ်သည်။အကြမ်းဖက်လူတစ်စုဟာ ဓါတ်ပုံနှင့်တကွမှတ်တမ်းများရှိနေတာဖြစ်လို့ 
အစိုးရတွင် တာဝန်ရှိပြီး အရေးယူဖေါ်ထုတ်ဖို့ လိုအပ်ပါတယ်။အစိုးရရဲ့  ပြည်သူတွေအပေါ်မှာ
စွမ်းအားရှင်လို အကြမ်းဖက်ဂုဏ်းဖွဲ့ ပြီး အစွန်းရောက်ဖြေရှင်းမှုနှင့်ပါတ်သက်ပြီး ပြည်သူတွေကို
ကိုယ်စားပြုတဲ့  လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် ၂ ရပ်လုံးက တာဝန်ယူဖြေရှင်းပေးရမယ့် ကိစ္စတရပ်ဖြစ်လာနေပါတယ်။

မြသိန်း