Monday, February 23, 2015

တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့  သမ္မတ အကြံပေးဝန်ကြီး ပြောဆိုချက် ကွာဟမှု ပြည်သူတွေယုံကြည်ရခက်နေ

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ဖို့ Copy and WIN : http://bit.ly/copynwin

Copy and WIN : http://bit.ly/copynwin

၂၃-၂-၂၀၁၅
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ မသမာသူလူတစ်စုရဲ့  လုပ်ကြံမှုဖြင့် အမျိုးသားခေါင်းဆောင်
ကြီး ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက်ပိုင်းမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကာ 
ဖဆပလ နှစ်ခြမ်းကွဲပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်လာရာမှ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး
နေ၀င်းမှ အာဏာသိမ်းခဲ့ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ တော်လှန်ရေး
စတင်ခဲ့ပြီး ပြည်တွင်းစစ်မီးစတင်လောင်ကျွမ်းခဲ့ရာ လွတ်လပ်ရေး၏ ဖွားဘက်တော်ဟု
 ခေါ်ဆိုခဲ့ကြသည်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ဖို့ အတွက် တိုင်းရင်းသားများ
ကလိုလားပါတယ်ဟု ပြောဆိုထားကာ အပြစ်အခတ်ရပ်ဆဲရေး သဘောတူညီများရရှိထားရာမှ
 နောက်ပြန်ဆုတ်သွားခဲ့ပြီး လောက်ကိုင်ဒေသ ကိုးကန့် စစ်ပွဲများဖြစ်ပေါ်လာရခြင်းသည်
တိုင်းပြည်အတွက် လက္ခာဆိုးတစ်ခုဖြစ်လာနေသည်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ဖို့ Copy and WIN : http://bit.ly/copynwin

Copy and WIN : http://bit.ly/copynwin
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ဖို့ Copy and WIN : http://bit.ly/copynwin

Copy and WIN : http://bit.ly/copynwin

တပ်မတော်
 ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ လောက်ကိုင် တိုက်ပွဲဖြစ်စဉ်တွေမှာ တရုတ်စစ်သားဟောင်းတွေ ပါဝင်သလို (ယူဒဗလျူအက်စ်အေ) ၀တပ်ဖွဲ့ပိုင် လက်နက်စက်ရုံက
ထုတ်တဲ့ လက်နက်တွေလည်းသိမ်းဆည်းရမိတယ်လို့ မြန်မာ့တပ်မတော်က ပြောပါတယ်။
ကိုးကန့်၊ လောက်ကိုင် တိုက်ပွဲများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၁ရက်နေ့က နေပြည်တော်တွင်
 ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး
 မြထွန်းဦးက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
တပ်မတော်၏ တပ်ရင်းတပ်စခန်းများကို လက်နက်ကိုင်တိုက်ခိုက်၍ ကိုးကန့်ဒေသတွင်
ပဋိပက္ခများ ဖန်တီးသော ဖုန်ကြားရှင် ပြဿနာတွင် ပါဝင်ပတ်သက်သည့် “ဝ” အဖွဲ့၊ KIA အဖွဲ့၊ 
မိုင်းလား၊ SSA (ဝမ်ဟိုင်း) နှင့် TNLA လက်နက်ကိုင်ငါးဖွဲ့တို့ တာဝန်ယူရမည် ဖြစ်ကြောင်း 
 ဒါ့အပြင် တရုတ်စစ်သားဟောင်းတွေက စစ်ရေး အကြံပေး၊ နည်းပြ၊ ကြေးစားစစ်သည် 
တနည်းနည်းနဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ တပ်မတော်က ဓါတ်ပုံအထောက်အထား
များနှင့်တကွ အတိအလင်း ထုတ်ပြန်ပြော ဆိုလိုက်သည်။

သမ္မတအကြံပေး
ဝန်ကြီး ဦးအောင်မင်းကတော့ လွှတ်တော်ပြင်ပမှာ သတင်းမီဒီယာတွေက ကိုးကန့်ဒေသနဲ့
ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာပါ။"ဖုန်ကြားရှင်လို ကိုးကန့်လူမျိုးတွေက
တော့ တကယ်တော့ လည်း သူတို့ဟိုဘက်ကမ်းမှာတော့ ဟိုဘက်တရုတ်နယ်မြေမှာ ကိုးကန့်လူမျိုးတွေရှိပါတယ်၊ အဲ့ဒီတော့ သူတို့လူမျိုးအချင်းချင်း ဝင်ပြီးတော့တိုက်တာခိုက်တာ
တော့ ရှိချင်ရှိမှာပေါ့ဗျာ၊ တရုတ်ကပါတယ်ဆိုတာတော့ ဒါတော့မဖြစ်နိုင်ပါဘူး၊တရုတ်က
 နိုင်ငံကြီးဖြစ်ပါတယ်၊ နိုင်ငံကြီးဖြစ်တော့ နိုင်ငံတကာ ဥပဒေနဲ့ပဲ ဒါလုပ်မှာပဲလေ၊ သူကိုယ်တိုင် ပါစရာမလိုပါဘူး၊ သို့သော်လည်းပဲ ဟိုဘက်ရွာနီးခြောက်စပ်ပေါ့နော်၊ တရုတ်နိုင်ငံထဲမှာရှိတဲ့ 
 ကိုးကန့်လူမျိုးတွေရှိတာပေါ့ဗျာ၊ သူတို့ကတော့ ပါပြီးတော့ကူညီပြီး တိုက်တာတို့ဘာတို့တော့ 
ရှိနိုင်တယ်လို့ ဒီလိုပဲတွက်လို့ရပါတယ်"ဟု ၀န်ကြီးဦးအောင်မင်းကဆိုသည်။
 တပ်မတော်က တရုတ်ပါတယ်ပြောတယ် MPC ဦးအောင်မင်းက တရုတ်မပါဘူးပြောတယ်။
မည်သူ့ စကားကို အမှန်ယုံကြည်ရမလဲ ပြည်သူတွေကို လိမ်ဇတ်ခင်းနေတာလား

ငြိမ်းချမ်းရေးစန်တာ(MPC)
"၇ ကြိမ်မြောက် UPWC-NCCT ဆွေးနွေးပွဲ" အားရန်ကုန်မြို့ MPC တွင် ကျင်းပဆွေးနွေးနိုင်ရန် 
NCCT ခေါင်းဆောင်များဖြစ်ကြသောဆရာနိုင်ဟံသာ၊ဖဒိုကွယ်ထူးဝင်း၊ဗိုလ်ချူပ်ဂွမ်မော်၊
ဦးထွန်းဇော်နှင့် TAT မှ ဗိုလ်မှူးကြီးလအောင်၊ ဗိုလ်မှူးကြီး ဆင်ဝါးတို့ တက်ရောက်၍ MPC
အလုပ်အဖွဲ့နှင့် ချင်းမိုင်မြို့မှာဆွေးနွေးနေကြပါတယ်။ 
တပ်မတော်က ၁၂၀ ကျော်တဲ့အချက်တွေနဲ့ တဆင့်ပြီးတဆင့် ဆွေးနွေးပွဲတွေလုပ်ပြီး နှစ်ဘက်
တာဝန်ရှိသူတွေက လက်မှတ်တွေထိုးကြ လက်ဆွဲနှုတ်ဆက်ကြ ဓါတ်ပုံတွေ ဗီဒီယိုတွေရိုက်ပြီး သတင်းတွေမှာဖေါ်ပြကြနဲ့ လုပ်စားလို့ ကောင်းအောင် နှစ်ဘက်စလုံးက နိုင်ငံတကာကအကူအညီ
တွေယူပြီး ရိုက်စားလုပ်လာကြတာ နောက်ဆုံးတော့ ငြိမ်းချမ်းရေးမပြောနဲ့  အပစ်အခတ်ရပ်ဆဲ
ရေးတောင် မလုပ်နိုင်ကြဘူး။

အခုတော့ ပြည်တွင်းစစ်မီးတောက်လောင်နေဆဲပါဘဲ၊တကယ်တော့ ငြိမ်းချမ်းရေးဟာ ငွေနဲ့ ကား
ပါမစ်နဲ့ လဲလို့ ရတဲ့အရာမဟုတ်ပါဘူး၊၊တကယ်ဘဲ စေသနာမှန်မှန်နဲ့  တိုင်းပြည်နဲ့ လူမျိုးတွေအပေါ်
စေသနာသန့် သန့် ထားပြီး သတ္တိရှိရှိ ပြောရဲဆိုရဲ ရင်ဆိုင်ရဲပြီး အတ္တကင်းစင်တဲ့ နောက်ကြောင်း
ရှင်းတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူအများစုကလက်ခံတဲ့ ခေါင်းဆောင်ကို
သက်သေထားပြီး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအပေါ်မှ မျှမျှတတ 
မှန်မှန်ကန်ကန် နားလည်ဆုံးဖြတ်ပေးမဲ့ အသိသက်သေများလိုအပ်ပါတယ်။ နှစ်ဘက်စလုံးအပေါ်မှာ
လေးစားတတ်ပြီး တိုင်းပြည်ရဲ့ အနာဂတ် ထာဝရငြိမ်းချမ်းရေးကို ပုံဖေါ်ပေးမဲ့သူတစ်ဦးရှိဖို့ လိုအပ်ပါ
တယ်။ တိုင်းရင်းသားအဖွဲ့ အစည်းဖြစ်တဲ့ UNFC နဲ့  တိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည်
ပါဝင်ပါတ်သက်မှုကို ဆွေနွေးမှုတွေမြင်ရပေမဲ့ တပ်မတော်ဘက်ကတော့ ထုတ်ဖော်ပြောဆိုတာ
မရှိပါဘူး ဒေါ်အောင်ဆန်းစုကြည်ကတော့ နှစ်ဘက်စလုံးက တရားဝင်ဖိတ်ခေါ်ရင် ငြိမ်းချမ်းရေး
အတွက် အဆင်သင့်ပါဘဲလို့  လိုလိုလားလားပြောဆိုခဲ့ဘူးပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဝေးနေရတာ
ဟာ အာဏာရှင်လူတစ်စု အတ္တကြီးသူများရဲ့  နိုင်ငံရေးပရိရာယ်များကြောင့်  တိုင်းပြည်ဟာ
လွတ်လပ်ရေးရပြီးတဲ့ နှစ် ၆၀ ကျော်အထိ ဒီမိုကရေစီဆိုတာဝေးလို့  ငြိမ်းချမ်းရေတောင် ယနေ့ 
အချိန်အထိ မရသေးပါဘူး။ ဒီမိုးဒီလေ ဒီအာဏာရှင်တွေနဲ့  တိုင်းပြည်ကြီးဟာ ရေဆုံမျှောရကိမ်း
ဆိုက်နေပါတော့တယ်။ 

မြသိန်း