Sunday, February 22, 2015

မြန်မာ့နိုင်ငံရေး အကျပ်အတည်းအမျိုးမျိုးကြားက
ပြည်သူတွေရုန်းထွက်ရန် ကြိုးစားဖို့ လိုအပ်

၂၂-၂-၂၀၁၅
မြန်မာ့နိုင်ငံရေးသည် အခက်အခဲအကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့ နေသောအချိန်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာဖို့ အတွက် အရေးကြီး
သော အချိန်လည်းဖြစ်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည်လည်း အဓိကဖြစ်သည်။

မြန်မာနိုင်ငံကို ဦးနေ၀င်းမှ တပါတီအာဏာရှင်စနစ်ဖြင့် ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့သောကြောင့်
တိုင်းပြည်သည် ဖွံ့ ဖြိုးတိုးတက်မှုမရှိဘဲ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရပါတယ်။
 ၁၉၈၈ ခုနှစ်မှာ  တပါတီအာဏာရှင် ဦးနေ၀င်းကို လူထုလှုပ်ရှားမှုကြီးဖြင့် ဖြုတ်ချခဲ့ပြီးနောက်
စစ်တပ်မှ အာဏာသိမ်းကာ ၁၉၉၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကို စစ်တပ်မှ ကျင်းပပေး
ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၈၂%ဖြင့် တပ်နယ်မြေများအပါအ၀င် နေရာအနှံအပြားတွင်
အနိုင်ရခဲ့ရာ အာဏာလွှဲပြောင်းပေးခြင်းမရှိသောကြောင့် စစ်မှန်သော ဒီမိုကရေစီစနစ်ထူထောင်
ရန် အခွင့်အရေးတရပ် ဆုံးရှုံးခဲ့ရသည်။ထို့ ကြောင့် နိုင်ငံနှင့်နိုင်ငံသားများ ဖွံ့ ဖြိုးတိုးတက်ရန်အခွင့်
လမ်းများ နှောက်နှေးကြံကြာခဲ့ရခြင်းဖြစ်ပေသည်။

၂၀၀၃ ခုနှစ်တွင် စစ်တပ်မှ ဦးသိန်းစိန်ဦးဆောင်ပြီး အမျိုးသားညီလာခံတွင် ၂၀၀၈ ဖွဲ့ စည်းပုံ
အခြေခံဥပဒေရေးဆွဲရန် ခေါ်ယူခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တက်ရောက်ခဲ့သောလည်း
လွတ်လပ်၍ တရားမျှတမှုမရှိဘဲ လက်ညိုးထောင်ခေါင်းငြိမ့် လုပ်ရပ်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ 
ချုပ် နှုတ်ထွက်ခဲ့သည်။ ထိုနောက် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို တဘက်သတ်အတည်ပြုခဲ့ပြီး
ယနေ့ အချိန်အထိ  ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် မညီညွတ်မှုမရှိ   သောကြောင့် အငြင်းပွားဖွယ်ကိစ္စများနှင့် ရင်ဆိုင်နေကြရသည်။

၁၉၄၇-၁၉၇၄- ဥပဒေတို့ကို လေ့လာကြည့်ယင် ဘယ်ဥပဒေကမှ ကြာကြာမခံခဲ့ဘူး။ ၁၉၄၇-ဥပဒေက ၁၉၆၂-မှာ ပျက်ရတယ်။ ၁၉၇၄-ဥပဒေက ၁၉၈၈-မှာ ပျက်ရပြန်တယ်။ ၂၀၀၈-ဥပဒေလည်း အများ
ပြည်သူ လက်မခံသောကြောင့် ပျက်ခြင်းဟူသော အနေအထားသို့ ရောက်ရှိရန်  အချိန်သာဆောင့်
နေရသည်။ လွတ်လပ်ရေးရတာ (၆၇)နှစ် ကြာခဲ့ပြီဖြစ်သော်လည်း ပြည်သူတွေမှာ ယနေ့ အချိန်အထိ
လွတ်လပ်ရေ၏ အနှစ်သာရကို မခံစားရသေးပေ။ အခြေခံဥပဒေကို စနစ်တကျ တိုင်းပြည်နှင့် နိုင်ငံသား
များအတွက် အခြေခံပြီး ရေးဆွဲခဲ့ခြင်းမရှိဘဲ မသိကျိုးကျွံပြုပြီး စစ်တပ်က  စိတ်ကြိုက်ရေးဆွဲအုပ်ချုပ်ခဲ့တဲ့
အတွက် တိုင်းပြည်ဟာ ယနေ့ အချိန်အထိ ပြသနာပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ နေရပြီး
ဒီမိုကရေစီစနစ်မပြောနဲ့  ခက်ခဲရှုပ်ထွေးအောင်လုပ်ထားသော နိုင်ငံရေးလမ်းကြောင်းအပေါ်မှာ
 ဖြတ်သန်းနေရခြင်းဖြစ်သည်။

ဖွဲ့ စည်းပုံပြင်ဆင်ရေးကိစ္စ၊လက်ပံတောင်းတောင်ကိစ္စ၊ဘာသာရေးအဓိကရုဏ်းကိစ္စ၊ ငြိမ်းချမ်းရေးနှင့်
အပစ်အခတ်ရပ်ဆဲရေးကိစ္စ၊ အလုပ်သမား လယ်သမား ကိစ္စ၊ PR ကိစ္စ၊ white Card ကိစ္စ၊ အမျိုးသားပညာရေးကိစ္စ၊ကိုးကန့် စစ်ပွဲ စသည့် ရှုပ်ထွေးမှုတွေနဲ့ တမျိုးပြီးတစ်မျိုး မရိုးရအောင်
အကွက်ကျကျ ဖန်တီးနေတာ ပြည်သူတွေအသိပါ။ တိုင်းပြည်ဟာ ဒီအတိုင်းဆိုရင်ပိုပြီးဆိုးလာမှာ
တောင် စိုးရိမ်ရပါတယ်။ပြည်သူတွေကတော့ မျှာ်လင့်ချက်တွေကိုယ်စီနဲ့  ကြီးမားသောအပြောင်းအလဲ
ကို လိုလားနေကြသော်လည်း အုပ်ချုပ်သူအစိုးရကတော့ ဒီစနစ်အတိုင်း လိမ်နည်းမျိုးစုံနဲ့ မိမိတို့ 
ဆက်လက်အုပ်ချုပ်ရေးသာ ကျိုးစားအားထုတ်နေတာ တွေ့ ရပါတယ်။

မြန်မာနိုင်ငံရဲ့  အပြောင်းအလဲဟာ ပြည်သူတွေအပေါ်မှာ မူတည်တယ်ဆိုတာလည်း အလေးထား
ပုံမရပါဘူး။ ဒီမိုကရေစီဆိုတာ အရပ်သားအုပ်ချုပ်တဲ့စနစ်ပါ စစ်တပ်ကအုပ်ချုပ်တဲ့စနစ်မဟုတ်ပါဘူး။
စစ်တပ်က နိုင်ငံရေးမှာ ဦးဆောင်မှု့ အခန်းကဏ္ဍကနေပါဝင်ရမယ်ဆိုတာ လွဲမှားတဲ့အယူအဆဖြစ်
ပြီး ဒီမိုကရေစီနိုင်ငံတွေမှာ မရှိပါဘူး။ စစ်တပ်က ၂၅% လွှတ်တော်မှာ ပြည်သူကရွေးချယ်ခြင်းမရှိပဲ
ဝင်ရောက်နေတာဟာလည်း ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံအနေနဲ့  အရှက်ရစရာဖြစ်နေပါတယ်။
 မဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး  စစ်တပ်လက်ထဲရောက်နေပြီး တရားစီရင်ရေးဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိပဲ လယ်ယာမြေတွေကို စစ်တပ်မှ မတရားသိမ်းပိုက်
ကာ ဥပဒေတွေကို လိုသလိုအသုံးချနေပြီး တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေတာကိုတွေ့ ရ
ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ၊ လူမှုရေး၊ ပညာရေး စသည်တို့ မှာ လက်ရှိ
စစ်အာဏာရှင်စနစ်ကြောင့် အဘက်ဘက်မှ နှိမ့်ကျနေပြီး ကမ္ဘာမှာနောက်ကျကျန်နေခဲ့ရတာ ပြည်သူ
တွေအသိဆုံးဘဲဖြစ်ပါတယ်။ စစ်ကျွန်ဘ၀မှ လွတ်မြောက်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု
ကို တည်ထောင်နိုင်ဖို့ ဆိုရင် လူထုကယုံကြည်လေးစားသော အရပ်သားစစ်စစ် ခေါင်းဆောင်များ
ပေါ်ထွက်လာဖို့ လိုအပ်ပြီး တိုင်းပြည်ကို အတတရားကင်းစင်ပြီး စေသနာ မေတ္တာအရင်းခံကာ
အပြောင်း အလဲကို လိုလားထက်သန်သူဖြစ်ရပေမည်။မြန်မာနိုင်ငံဟာ အချိန်ကျလျှင် အပြောင်းအလဲ
ကို မည်သူမျှတားဆီးလို့ မရနိုင်ပါ။ ပြည်သူတွေဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အာဏာရှင်စနစ်
အောက်မှ လွတ်မြောက်ရန်အတွက် အရပ်သားခေါင်းဆောင်များကို ရွေးချယ်ခဲ့တယ်ဆိုတာ
သမိုင်းရှိခဲ့ဘူးပါတယ်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ပြည်သူတွေဟာ အချိန်ကျရင်
မိမိတို့  ဘာလုပ်ရမယ်ဆိုတာ ရင်ထဲမှာရှိကြပါတယ်။ မိမိတို့ ရရှိတဲ့အခွင့်အရေး အသဲကြားက
မဲတပြားကို တန်ဖိုးရှိရှိ ငြိမ်းချမ်းတဲ့နည်းနဲ့  အသုံးချနိုင်လိမ့်မယ်လို တိုင်ပြည်ကမျှော်လင့်ထားပါတယ်။
ပြည်သူတွေ သမိုင်းပေးတာဝန်ကို ကျေပွန်ဖို့ လိုအပ်လျှက်ရှိပြီး ဆက်ပြီးတော့ အာဏာရှင်တွေရဲ့  ရှုပ်ထွေးပြီး ဆင်းရဲတွင်းနက်အောင်လုပ်ထားတဲ့ စနစ်ဆိုးကြီးမှ ရုန်းထွက်ခါ မတရားတဲ့အုပ်ချုပ်ရေး
စနစ်ကို ပြည်သူတွေရဲ့ အင်အားနဲ့  ဒဏ်ခတ်ခါ အာဏာရှင်မည်သူကိုမျှ မဲမပေးဖို့  မြန်မာနိုင်ငံ
 ပြည်ထောင်စုသားအားလုံးမှ တောင်းဆိုလျှက်ရှိပါတယ်။

မြသိန်း