Tuesday, February 3, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ၈၈မျိုးဆက် (ငြိမ်း/ပွင့်) တွေ့ဆုံ


၂-၂-၂၀၁၅
ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက်၊ ၂ဝ၁၅ ခုနှစ် နံနက် ၁ဝ နာရီတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သော ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန် တို့နှင့်
 ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ 
ကိုဂျင်မီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံးတွင် တွေ့ဆုံခဲ့ကြပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များကို
 တစ်နာရီကြာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။