Monday, February 2, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါက်တာသိန်းလွင် (အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်) ပါတီ၏ စည်းမျဉ်းစည်းကမ်းများမလိုက်နာသဖြင့် အရေးယူမည်

 ၂-၂-၂၀၁၅
အမျိုးသား​ပညာ​ရေး​ဥပဒေ​ပြင်ဆင်​ရေး​အတွက် လေး​ပွင့်​ဆိုင်​တွေ့​ဆုံ​မှု​တွင် NNER ကိုယ်စားလှယ်
အဖြစ် ပါဝင်​ဆွေးနွေး​နေ​သည့် အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ် အရန်​ဗဟို​အလုပ်​အမှုဆောင်​အဖွဲ့​ဝင်၊
အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ် ပညာ​ရေး​ကွန်ရက်​တာဝန်​ခံ​လည်း​ဖြစ်​သူ ဒေါက်​တာ​သိန်း​လွင်​သည် ပါ​တီ​ဗဟို​အလုပ်​အမှုဆောင်​အဖွဲ့​၏ ကြိုတင်​သဘောတူ​ညီ​ချက်မ​ရ​ရှိ​ဘဲ ဆွေးနွေး​ပွဲ​တက်​ရောက်​ခဲ့
သည့်​အတွက် ပါ​တီ​စည်းမျဉ်း​စည်းကမ်း​များ​နှင့်​အညီ အရေးယူ​ဆောင်ရွက်​သွား​မည်​ဖြစ်​ကြော​င်း အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ်​က ကြေညာ​ချက်​အမှတ် ​၈/၀​၂/၂​၀​၁​၅ ဖြင့် ကြေညာ​ချက်​တစ်​စောင် ထုတ်ပြ​န်​ခဲ့​သည်။

ရန်ကုန်တိုင်း အမျိုးသား​ဒီ​မို​က​ရေ​စီ​အဖွဲ့​ချုပ်(NLD)၏ ပြန်ကြား​ရေး​တာဝန်​ခံ ဒေါက်​တာ​စိုး​ဝင်း​ဦး​က
“သူ့​ကို NNER မှာ NLD အနေ​နဲ့ မ​ပါဝင်​ဖို့ ပြောထား​ပြီး​သား​ပါ။ သူ​နဲ့ နောက်​ကွယ်​မှာ ပတ်သက်
နေ​တဲ့ အဖွဲ့​အစည်း​တချို့​ကို​လည်း ကျ​နော်​တို့ ခေါင်းဆောင် က မ​ကြိုက်​ဘူး။ နောက်​ပိုင်း အမျိုးသား​ပညာ​ရေး​ကိစ္စ ရှုပ်​ထွေး​မှု​တွေ​ရှိ​လာ​ရင် NLD အနေ​နဲ့ တာဝန်​ခံ​ရ မှာ​မို့ လို့ အခု​က​တည်း
က ရှင်း​ထား​တဲ့ သဘော​ပါ”ဟု ပြော​ကြား​သည်။