Saturday, January 31, 2015

မြန်မာသစ်များ ခိုးထုတ်မှုတွင် မြန်မာအစိုးရနှင့် တရုတ်အစိုးရ ပါဝင်နေ



 ၃၁-၁-၂၀၁၅
မီဒီယာမှာပြနိုင်အောင်အဖမ်းပြပြီး ဖမ်းမိသစ်လုံးတွေတညလုံးတရုတ်ပြန်ခိုးထုတ်နေပါတယ်။
သစ်လုံးတင်ကားများညစဉ်12:30 ကျော်လျင်နမ့်ခမ်းမြို့ကိုဖြတ်၊ရွှေလီကြိုးတံတားဖြတ်ပြီး
မန်ဝိန်းကြီးဖက်မှာသွားတင်၊မနက်3:30 - 4:00ဆိုလျင်ထိုကားများ နမ့်ခမ်းမြို့ကိုပြန်ဖြတ်ပြန်နေပြီး။
မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ လူကိုယ်တိုင်(လမ်းပြရဲများ)မှဆိုင်ကယ်ဖြင့်လမ်းရှင်းပေး။လိုက်ပို့ပေး။
လမ်းပြပေးနေပါတယ်။ဗမာပြည်သူတွေကဖမ်းတာသာသိပြီး အစိုးရဝန်ထမ်းများကိုယ်တိုင် 
သစ္စာဖေါက် နေတာလည်းသိစေလိုပါသည်။ တရုတ်နိုင်ငံ ခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်
 ရှိသူ Hua Chunying က အင်္ဂါနေ့တွင် နယူးယောက်တိုင်းမ် သတင်းစာကို တုံ့ ပြန်ဝေဖန်
 ပြောကြားသွားခဲ့ခြင်းသည် အရှက်မရှိ၍ ပြောဆိုခြင်းသာဖြစ်ပြီး ဂုဏ်သိက္ခာမရှိသည်ကို အထောက်
အထားများက သက်သေပြနေပါသည်။

မြန်မာနိုင်ငံ သဘာဝအရင်းအမြစ်များဆုံးရှုံးမှုအတွက် ၄င်းတို့တွင် တာဝန်မရှိဟု တရုတ်ငြင်းဆို
ဇမ္ဗူထွန်း
ရန်ကုန်၊
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနသည် နယူးယောက်တိုင်းမ်သတင်း တွင်ဖော်ပြခဲ့သော မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ အရင်းအမြစ်များ ဆုံးရှုံးမှုအတွက် တရုတ်နိုင်ငံ၌တာဝန် ရှိသည်ဆိုခြင်းနှင့်
 မြန်မာနိုင်ငံ၏ သ ဘာဝသယံဇာတ အရင်းအမြစ်များ ဈေးကွက်ကို လက်ဝါးကြီးအုပ်သည် ဟူသော ရေးသားဖော်ပြချက်ကို အင်္ဂါ နေ့တွင် ယတိပြတ်ငြင်းဆိုသွားခဲ့သည်။
နယူးယောက်တိုင်းမ်သတင်းစာ အယ်ဒီတာ့အာဘော်တွင် တရုတ်နိုင်ငံ အား မြန်မာနိုင်ငံ၏ သဘာဝအရင်းအ မြစ်များအားလုံးကို လက်ဝါးကြီးအုပ် လျက်ရှိသည်ဟု ရေးသားဖော်ပြထား ခဲ့ပြီး တရုတ်နိုင်ငံ၏ ကျားခန္ဓာကိုယ်အ စိတ်အပိုင်းမှစ၍ ကြေးနီအထိ သဘာဝ သယံဇာတအားလုံးကို လိုချင်တပ် မက်မှုသည် မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်နှင့် နိုင်ငံရေးတည်ငြိမ်မှု တို့ကို ခြိမ်းခြောက်လျက် ရှိသည်ဟု ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏သဘာဝ အရင်းအမြစ် မှောင်ခိုဈေးကွက်တစ်ခု လုံးအတွက် တာဝန်ရှိသူမှာ တရုတ်နိုင်ငံ ဖြစ်သည်ဟုလည်း ရေးသားဖော်ပြခဲ့ သည်။နယူးယောက်တိုင်းမ် အယ်ဒီတာ့
 အာဘော်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Hua Chunying
 က အင်္ဂါနေ့တွင် နယူးယောက်တိုင်းမ် သတင်းစာကို တုံ့ ပြန်ဝေဖန် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
Hua က နယူးယောက်တိုင်းမ် ၏ ရေးသားဖော်ပြချက်သည် တရုတ်- မြန်မာ ဆက်ဆံရေးကို ကတောက်ကဆ ဖြစ်စေရန် သွေးထိုးလှုံ့ဆော်ရေးသား မှုဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ပြော ကြားခဲ့ပြီး နယူးယောက်တိုင်းမ်၏ ရေး သားချက်ကို လုံးဝလက်မခံကြောင်း ပြောကြားသွားခဲ့သည်။



Hua က တရုတ်နိုင်ငံသည် တ ရားမဝင် သစ်မှောင်ခိုလုပ်ငန်း၊ တရား မဝင် သတ္တုတူးဖော်ရေး
လုပ်ငန်းနှင့် တရားမဝင် သဘာဝသားရဲတိရစ္ဆာန် မှောင်ခိုလုပ်ငန်းများအားလုံးကို အမြဲ ဆန့်ကျင်
လျက်ရှိသည်ဟုဆိုသည်။ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ကာ နယ်စပ်လုံခြုံရေး၊ သဘာဝပတ် ဝန်းကျင် ကာကွယ်စောင့်
ရှောက်ရေး နှင့် တရားမဝင် မှောင်ခိုလုပ်ငန်းများ ကို တားဆီးဟန့်တားရေးတို့ကို အတူ တကွ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ဆက်လက်၍ Hua က တရုတ် နိုင်ငံသည် နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံ ကာ လုပ်ငန်းများ ဆောင်ရွက်
လျက်ရှိ သော တရုတ်နိုင်ငံသားများနှင့် လုပ် ငန်းများအား ဒေသတွင်း ဥပဒေပြဋ္ဌာန်း ချက်များကို လိုက်နာကြရန်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့် ရှောက်ရန်နှင့် ဒေသခံပြည်သူများ
၏ အကျိုးစီးပွားကို ကြည့်ရှုကြစေရန် အ စဉ် ဆောင်ရွက်လျက်ရှိသည်ဟု တုံ့ပြန် ပြောကြားခဲ့သည်။