Saturday, January 31, 2015

ဒီမိုကရေစီဆိုတာ ညှိနှိုင်းဆွေးနွေးမှုကို ယဉ်ကျေးမှုတစ်ခုအဖြစ် လက်ခံရမယ်


 ၃၁-၁-၂၀၁၅
လွှတ်တော်တွင် တင်သွင်းထားသော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးမှုနှင့် ပတ်သက်၍ ယနေ့ပြည်သူလွှတ်တော်တွင် သတင်းမီဒီယာများမှမေးမြန်းရာ ဥက္ကဋ္ဌ မှ ပြန်လည်ဖြေကြားခဲ့သည်။ " ခြောက်ပွင့်ဆိုင်ဆိုတာလုပ်သင့်တယ်ပေါ့နော် လုပ်မယ် မလုပ်မယ်ဆိုတာကထားလိုက် ဒါကတော့ အထိကကတော့ သမ္မတပေါ်မှာမူတည်တယ် ဒါပေမယ့် အမေကတော့ရှင်းရှင်းလင်းလင်း ပြောချင်တယ် ဒီလိုဆွေးနွေးညှိနှိုင်းသင့်တဲ့ကိစ္စတွေကို စောစောစီးစီးလုပ်တာအကောင်းဆုံးပဲ အခုလိုပေါ့နော် ဖိအားပေးမှ တော်တော် မကျေနပ်မှုတွေက အရှိန်တက်လာမှ ညှိနှိုင်းဆွေးနွေးတိုင်ပင်တယ် လက်ခံတယ်ဆိုတာဟာ ဒါဟာဒီမိုကရေစီ စံချိန်စံနှုန်ေးတွနဲ့မကိုက်ညီဘူးလို့ ဒီလိုပဲမြင်တယ် ဒီမိုကရေစီဆိုတာ ညှိနှိုင်းဆွေးနွေးတယ်ဆိုတဲ့ဟာကိုလိုလိုလားလားနဲ့ ယဉ်ကျေးမှုရဲ့
အစိတ်အပိုင်းတစ်ခုအနေနဲ့ လက်ခံရမှာပဲ အတင်းဖိအားပေးလို့ ပြသနာတွေမဖြေရှင်းနိုင်တော့မှ
 ပြဿ နာတွေပွါးလာတော့မှ ဆွေးနွေးပါမယ်ဆိုတာဟာ ဒီဟာကတော့ ဆွေးနွေးညှိနှိုင်းတဲ့တန်ဖိုးကို တစ်ကယ်နားမလည်သေးလို့ပဲအမေ ဒီလိုပဲမြင်တယ်" ဖြင့်ဖြေကြားခဲ့သည်။

NLD Chairperson