Wednesday, January 28, 2015

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အစိုးရတာဝန်ရှိသူများနှင့် ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေး




 ၂၈-၁-၂၀၁၅
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေအကြား ပဏာမအဆင့် ဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီမနက်စတင်ပါတယ်။
အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီးအပါအ၀င် တခြားဝန်ကြီးတွေလည်း တက်ရောက်ဆွေးနွေးကြပြီး ကျောင်းသားခေါင်းဆောင်တွေဘက်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)၊တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)နဲ့ မြေလတ် ကျောင်းသား
ခေါင်းဆောင် စုစုပေါင်း ၁၀ ဦးတက်ရောက်ပြီးဆွေးနွေးခဲ့ကြတယ်လို့  သိရပါတယ်။