Tuesday, October 14, 2014

NLD ကို အားမရဘူး လို့ ပြောကြတယ်

2014-10-14
ကျွန်တော်လဲ အားမရပါဘူး။ ကျွန်တော်လဲ NLD ကို အစစအရာရာ ပြီးပြည့်စုံတဲ့ အဖွဲ့ အစည်းကြီး
 ဖြစ်စေချင်တာပေါ့။ဒါပေမယ့် ပြည်တွင်းမှာ ခက်ခက်ခဲခဲ ရုန်းကန်ဖြတ်သန်းနေကြတဲ့ NLD အဖွဲ့ဝင်တွေကို မြင်တွေ့ရတော့လဲ ကျွန်တော် သူတို့ကို ကိုယ်ချင်းစာနာ မိတယ်။
ငွေကြေးမပြည့်စုံမှုတွေ နဲ့၊ အန္တရာယ်တွေ ကြားထဲမှာ၊ ယုံကြည်ချက် တစ်ခုထဲအတွက် အံခဲပြီး ကြိုးစားရုန်းကန်နေကြရှာတဲ့ NLD အဖွဲ့ဝင်တွေကို စာနာမိတယ်။

စစ်အာဏာရှင်တွေအုပ်ချုပ်ခဲ့တဲ့ နှစ် ၂၀ ကျော် ကာလ တွေမှာ သူတို့ရဲ့ ဘ၀ တွေကို ပေးဆပ် အနစ်နာခံခဲ့ကြလို့ NLD ဆိုတာ ယနေ့အထိ ရှိနေခဲ့တာပါ။တကယ်တော့ ကျွန်တော်တို့
တစ်ယောက်ချင်းစီ က တာဝန်သိသိ နဲ့ NLD ကို ၀ိုင်းဝန်းပံ့ပိုးကြရတော့မှာပါ။ ဒီမိုကရေစီ စနစ်ကို
လိုလားတဲ့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။

ကျွန်တော်တို့ သက်တောင့်သက်သာ နေပြီး NLD ကို ဝေဖန်နေလို့ ဘာမှ ထူးထူးခြားခြား
 ပြောင်းလဲမှုတွေ မြင်တွေ့လာရမှာ မဟုတ်ပါဘူးဆိုတာ သေချာပါတယ်။၂၀၁၅ ဟာ ကျွန်တော်တို့ အတွက် နောက်ဆုံးမျှော်လင့်ချက် ပါဘဲ။ကျွန်တော်တို့ မျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်ဖို့ ရရှိလာတဲ့ အခွင့်အရေး တိုင်းကို မိမိရရ ဆုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ တစ်ယောက်ချင်းစီ ရဲ့ အင်အားတွေ စုပေါင်းပြီး အရွေ့တစ်ခု ဖြစ်ပေါ်လာအောင် ၀ိုင်းတွန်းကြရတော့မယ်ဗျ။ကျွန်တော်တို့ အင်အားတွေပြန့်ကျဲနေတယ်။ စုစည်းမှုရှိဖို့ လိုပြီ။
 ကျွန်တော်တို့ အားလုံး ညီညီညာညာ နဲ့ NLD အလံ ကိုင်ဆွဲသင့်တဲ့ အချိန်ရောက်လာပါပြီခင်ဗျာ။

(Credit-Melvin Moe)
Photo-Copy
Post-Kyaw Aung
YZ SG