Tuesday, October 14, 2014

MPC ခေါင်းဆောင် ဦးအောင်မင်း၏ ဖြေကြားချက် ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုမရှိ


၂၀၁၄-၁၀-၁၄
NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်မေးမြန်းသည့် "ပြီးခဲ့တဲ့နှစ်ပတ်လောက်က 7 Day ဂျာနယ်ကဆောင်းပါးတစ်ခုမှာပါတဲ့ အပြင်မှာ လူမှုရေး၊ စီးပွားရေးတွေဖောက်ပြန်တဲ့လူတွေက
 မြန်မာပြည်မှာလာပြီးတော့ နေရာရနေတယ်ဆိုပြီးဖော်ပြထားတာ အင်မတန်ဝမ်းနည်းစရာကောင်း
ပါတယ်။ နောက်တစ်ခုက ဒီ MPCမှာခန့်ထားတဲ့ပုဂ္ဂိုလ်တွေဟာ ဒေါ်လာတွေ ထောင်နဲ့သောင်းနဲ့ချီပြီး
တော့ရနေတယ်။ ရနေတယ်ဆိုတဲ့ကိစ္စဟာ ဘယ်လောက်များ Transparency ဖြစ်လဲ။ သိချင်ပါတယ်။

ဦးအောင်မင်း
"အခုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက နိုင်ငံတော်အစိုးရကိုယုံကြည်လို့ ထောက်ပံ့နေတာဖြစ်ပါ
တယ်။ အဲဒီတော့ သူတို့အားလုံးက ဒီဘက်ကိုပြောင်းပြီးတော့ ထောက်ပံ့တာဖြစ်တယ်။ အခုတောင် ကျွန်တော်တို့လက်ထဲမှာ ပိုက်ဆံကိုင်ခွင့်မရသေးဘူး။ သိပ်မျက်နှာငယ်ဖို့ကောင်းတယ်။ တကယ်တော့ ကိုယ့်အစိုးရပိုက်ဆံ ကိုယ်သုံးချင်တာပေါ့။ဒီလောက်များတဲ့ပိုက်ဆံကို နိုင်ငံတော်အစိုးရကပေးမယ်
ဆိုရင် လမ်းတွေတံတားတွေဆောက်တဲ့အခါမှာ အဲဒီပိုက်ဆံတွေနည်းသွားမှာပေါ့။ အဲဒါကြောင့် ဟိုဘက်ကရသလောက်ယူမယ်ဆိုတဲ့စိတ်နဲ့ သည်းညည်းခံပြီး မျက်နှာငယ်စွာဖြင့် ဆောင်ရွက်နေခြင်း
ဖြစ်တယ်။

ဦးဝင်းထိန်မေးတဲ့မေးခွန်းနဲ့  ဦးအောင်မင်းဖြေတဲ့အဖြေဟာ ကွဲလွဲနေပါတယ်။ MPC က လူတွေဟာ လူမှုရေး၊ စီးပွားရေးတွေဖောက်ပြန်တဲ့သူတွေဖြစ်မဖြစ်နဲ့  ဒေါ်လာတွေ ထောင်နဲ့  သောင်းနဲ့ ချီပြီး
ရမရ၊ လစာလက်ရှိရယူထားသူများ မည်မျှရရှိသည်ကို ပွင့်လင်းမြင်သာစွာ ပြည်သူများသိရှိရန် ပြော
ကြားဖို့ လိုအပ်ပါတယ်။ ဟိုဘက်ကရသလောက်ယူမယ်ဆိုတဲ့စိတ်နဲ့ သည်းညည်းခံပြီး မျက်နှာငယ်
စွာဖြင့်ယူနေရတယ်ဆိုတာမဖြစ်သင့်ဘူး မိမိတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအောင်မြင်အောင်
စေသနာထားပြီး စိတ်ရှည်ရှည်နဲ့  အအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေရတာဘဲဖြစ်သင့်
ပါတယ်။MPCရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုမရှိဘဲ ငွေသာကုန်ပြီး စစ်ပွဲများ
ထပ်မံဖြစ်ပွားနေသည်ကို တွေ့ မြင်ရသည်။

MPC ရဲ့  ငြိမ်းချမ်းရေးနဲ့  အပစ်အခတ်ရပ်ဆဲရေးဟာ ယနေ့ အထိ အောင်မြင်မှုမရရှိသေးပါ။
ငြိမ်းချမ်းရေးကို မဆိုထားနှင့် အပစ်အခတ်ရပ်ဆဲရေးအတွက်တောင် ငွေအကုန်အကျခံပြီး
 ဆွေးနွေးပွဲပေါင်းများစွာ ကျင်းပလာခဲ့ပေမဲ့ ယနေ့ အချိန်မှာ စစ်ပွဲတွေပြန်လည်ဖြစ်နေတာ
တွေ့ ရပါတယ်။ငြိမ်းချမ်းရေးလိုချင်တယ် အပစ်အခတ်ရပ်ချင်တယ် ပြောနေရုံနဲ့ မရပါဘူး။
တယ်ပဲ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းချင်တဲ့ ဆန္ဒ စိုးရနဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း
တွေကြားမှာ ရှိဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းအောင်နဲ့ ဖွံ့ ဖြိုးတိုးတက်အောင် စိတ်စေသနာ
မှန်မှန်ကန်ကန်နဲ့  ရိုးသားစွာလုပ်ဆောင်နိုင်မှ ရနိုင်မည်ဖြစ်ပေသည်။ ငြိမ်းချမ်းရေးနဲ့  ဒီမိုကရေစီ
အရေး၊ နိုင်ငံရေးမှာ စစ်တပ်ကပါဝင်နေခြင်းဟာလည်း  ငြိမ်းချမ်းရေးနဲ့  ဒီမိုကရေစီအရေးကို အဟန့် အတားဖြစ်နေပါတယ်။စစ်တပ်ဟာ နိုင်ငံကာကွယ်ရေးအတွက်ပဲဖြစ်သင့်ပါတယ်။ဆွေးနွေးပွဲ
တွေမှာလည်း စစ်တပ်ကပါဝင်နေပြီး ညှိနိုင်းဆွေးနွေးမှုတွေမှာ အခက်အခဲတွေနဲ့  ရင်ဆိုင်နေရပြီး
နှစ်ဘက်စလုံး ငြိမ်းချမ်းရေးကို အရောင်းအ၀ယ်ဖလှယ်ရေးသဘောနဲ့  အပေးအယူလုပ်နေတာဟာ
လည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မရောက်နိုင်တဲ့ အကြောင်းအရင်းဖြစ်နေပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ ထားဝရငြိမ်းချမ်းရေးကို ဆိုလိုတာပါ။ငြိမ်းချမ်းရေးရဖို့ အတွက်ဆိုရင်
လက်ရှိ ဖွဲ့ စည်းပုံကို ပြင်မှရပါမယ်။ဥပဒေစိုးမိုးမှုရှိအောင် တိုင်းရင်းသားတွေရဲ့  တန်းတူအခွင့်အရေး
နဲ့  ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊လူ့ အခွင့်အရေး၊နိုင်ငံသားအခွင့်အရေး စသည့် ဒီမိုကရေစီစံနှုန်းနဲ့ ညီညွတ်
တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဖြစ်အောင်အရင်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ဥပဒေစိုးမိုးမှုနဲ့  ငြိမ်းချမ်းရေး
ကိုတည်ဆောက်ဖို့  အဖွဲ့ အစည်းအားလုံးပါဝင်တဲ့ (Rule of law and peace conference)
ဆွေးနွေးပွဲများမှတဆင့် နိုင်ငံတော်အဆင့် (Democracy and peace conference) စသည့်
အဆင့်ဆင့် ဆွေးနွေးပွဲများမှ ရလဒ်များကို အဖြေရှာ၍ ပြည်သူ့ ဆန္ဒကို ယုံကြည်စွာလက်ခံရမည်။

၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှား အာဏာရှင် သမ္မတ ဆူဟာတို ရာထူးမှနှုတ်ထွက်သောအခါ
ယူဒိုယူနိုသည် ပြုပြင်ပြောင်းလဲရေးကို လိုလားသောအခြားအရာရှိများကို ဦးဆောင်ကာ
တိုင်းပြည်နှင့် တပ်မတော်ကို အဆင့်မြှင့်တင်ပြောင်းလဲရန် အတွေးအခေါ်များ၊အကြံဥာဏ်များ
ပေးကာ တည်ငြိမ်ရေး လုံခြုံရေးတို့ ကို လုပ်ဆောင်လာခဲ့သောကြောင့် မြှော်မြင်သော ဗိုလ်ချုပ်
(The thinking general ) ထင်ရှားအောင်မြင်လာခဲ့သည်။အင်ဒိုနီးရှား၏ ဒီမိုကရေစီပြုပြင်ပြောင်း
လဲရေးသည် အမြော်အမြင်ကြီးသော  ခေါင်းဆောင်ကောင်းတစ်ဦးကြောင့် တိုင်းပြည်နှင့် ပြည်သူ
အများ အကျိုးခံစားရပြီး ယနေ့ အထိ အောင်မြင်လျှက်ရှိသည်။

မြသိန်း