Wednesday, October 29, 2014

ကိုပါကြီး၏ အမှု့ကိစ္စ တရားမျှတမှု့ ရရှိရေး အမှန်တရားပေါ်ပေါက်ရေး အဖွဲ့ချုပ် ကူညီဆောင်ရွက်မည်


၂၀၁၄-၁၀-၂၉
မနေ့က(၂၈.၁၀.၂၀၁၄) ရုးံချုပ် အစည်းအဝေးမှာ ဘဘဦးတင်ဦးက ကိုပါကြီး အသတ်ခံ ရတာနဲ့
ပတ်သက်ပြီး အခုလို ပြောသွားပါတယ်။ ကိုပါကြီးဟာ အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်စဉ်
ကပင် သုံးရောင်ခြယ် ကျောင်းသား တယောက်အနေနဲ့ အဖွဲ့ချုပ်တွင် ပါဝင်ကူညီခဲ့သူဖြစ်ကြောင်း 
ဒီမိုကရေစီအရေးတွင် တက်ကြွစွာပါဝင်ခဲ့ပြီး ယခုမသေဆုံးမှီ အလွတ်သတင်းထောက်ဘဝဖြင့်
နယ်စပ်နေ တိုင်းရင်းသားပြည်သူများ၏ လူနေမှု့ဘဝကို ပြည်သူများ သိရှိအောင် ကြိုးပမ်းနေသူ
ဖြစ်ကြောင်း ပြောကြားပြီး သူဆုံးပါးပြီး ကျန်ရစ်သူမိသားစုအား အဖွဲ့ချုပ်မှ အနီးကပ် စောင့်ကြည့်ပြီး
ကူညီ သွားမည်ဟု ပြောခဲ့ပါသည်။ကိုပါကြီး သေဆုံမှု့တွင် ဥပဒေကြောင်း အရကြည့်မည်ဆိုလျှင် 
ဖမ်းဆီးထိန်းသိမ်း ခံရသည့် ပုဂ္ဂိုလ်၏လုံခြုံရေးကို ဖမ်ဆီးသူများကသာ တာဝန်ယူရကြောင်း ယခုလို တာဝန်ရှိလျှက်သားနှင့် သေပြီမြေမြုပ်လိုက်ပြီဟု ပြောဆိုလိုက်ခြင်းသည် အလွန်ပင် တာဝန်မဲ့ရာ
 ရောက်ကြောင်း မိသားစုမှာ အလွန်နစ်နာကြောင်း ထိုနစ်နာမှု့ အတွက် အမှန်တရားကို
ဖော်ထုတ်ပြီး တရားမျှတမှု့ ရှိစေရန် အဖွဲ့ချုပ်ကကူညီဆောင်ရွက်ရန် လိုကြောင်း အလောင်းဖော်
ထုတ်ရန်ကြိုးပမ်းနေသော ကျန်ရစ်သူ ဇနီးသည်အား အဖွဲ့ချုပ်မှ လက်တွေ့ ကျကျ ကူညီဆောင်ရွက်
ရမည်ဖြစ်ကြောင်း ပြောကြားသွား ပါသည်။လောလောဆယ် ကိုပါကြီး၏ ဇနီးမသန္တာအား
နိုင်ကျင်းများအား ကူညီထောက်ပံ့သော ရံပုံငွေထဲမှ ငွေကျပ် ၃ သိန်းကို ပေးအပ်ထောက်ပံ့ရန် ဆုံးဖြတ်
ခဲ့ကြောင်း ရုံးချုပ်မှ သိရှိရပါသည်။
 
(-Nld Central)မှ ကိုးကားဖော်ပြပါသည်။