Wednesday, October 29, 2014

၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲ လာရောက်


၂၀၁၄-၁၀-၂၉
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲသည် ယနေ့ အောက်တိုဘာလ
 ၂၉ ရက်၊ ၂၀၁၄ ခုနှစ်၊ နံနက် ၁၁း၀၀ နာရီ အချိန်တွင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်း ) ရုံးသို့ လာရောက်ခဲ့ပြီး မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို 
တို့နှင့် တစ်နာရီကြာ တွေ့ဆုံ ကာ ကချင်ပြည်နယ် ခရီးစဉ်အကြောင်း၊ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ပြီး ၄င်း၏ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် အတွေ့အကြုံများနှင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး 
လုပ်ငန်းစဉ်တွင် အမေရိကန်နိုင်ငံ၏ သဘောထားများကို ရှင်းပြခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များနှင့်ပတ်သက်၍ နှစ်ဖက် သဘောထားအမြင်များ ဖလှယ် ခဲ့ကြပြီး လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရ
သော နိုင်ငံသားဆိုင်ရာအခွင့်အရေးဆုံးရှုံး နစ်နာမှုများ အကြောင်း ဆွေးနွေးခဲ့ကြသည်။

The 88 Generation Peace and Open Society