Sunday, October 5, 2014

တိုင်းရင်းသားပြည်သူလူထုတရပ်လုံးအတွက် တိုင်းရင်းသားပါတီများနှင့် အဖွဲ့ ချုပ်လက်တွဲဆောင်ရွက်ပြီ

 ၂၀၁၄-၁၀-၅
"တိုင်းရင်းသားပြည်သူလူထုတရပ်လုံးအတွက်တိုင်းရင်းသားပါတီများနှင့် အဖွဲ့ ချုပ်လက်တွဲဆောင်
ရွက်ပြီ"အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်တိုင်းရင်းသားပါတီများသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ
ခံစားနေရသည့် ဒုက္ခအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် “တိုင်းရင်းသားမဟာမိတ်
နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ ” “ Ethnic Alliance Political Parties’ working group” အား ဖွဲ့ စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်တိုင်းရင်းသားပါတီများသည် ဖွဲ့ စည်းပုံပြင်ဆင်နိုင်ရေးအတွက်
အဓိက ရည်ရွယ် ပြီး လစဉ် လတစ်လဧ။် ပထမစနေနေ့ တိုင်းတွေ့ ဆုံဆွေးနွေးမှုများပြုလုပ်နေခဲ့
ခြင်းဖြစ်ပြီး ဒုတိယ အကြိမ်မြောက်တွေ့ ဆုံမှုအပြီးတွင်ယခုကဲ့သို့ ပိုမိုကျယ်ပြန့် သည့်ရည်ရွယ်
ချက်ဖြင့် မြန်မာနိုင်ငံရေးတွင် ပေါ်ပေါက်နေသော စိန်ခေါ်မှုများကို အမျိုးသားဒီမိုကရေစီချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ လက်တွဲ ဖြေရှင်းနိုင်ရန်အတွက် လုပ်ငန်းကော်မတီတရပ်ကို ဖွဲ့ စည်းလိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများလုပ်ငန်းအဖွဲ့ ” “ Ethnic Alliance Political Parties’
working committee (EAPP)” သည် ရည်ရွယ်ချက်သုံးခုကို အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်သည်။

ရည်ရွယ်ချက်များမှာ ၁။တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများအတွင်းအပြန်အလှန်စပ်ဆက်မှုရှိရှိပူးပေါင်းဆောင်
ရွက်နိုင်ရန်။
၂။ နိုင်ငံရေးပြဿနာများအားအတူတကွညှိုနှိုင်းဖြေရှင်းမှုပုံစံဖြင့်ဆောင်ရွက်နိုင်ရန်။
၃။ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုတရပ်ပေါ်ပေါက်လာရေးအတွက် လက်တွဲဆောင်ရွက်
နိုင်ရန် တို့ ဖြစ်သည်။
လုပ်ငန်းကော်မတီတွင် အလှည့်ကျသဘာပတိ ထားရှိမည်ဖြစ်ပြီး၊ အဖွဲ့ ခေါင်းဆောင် တစ်ဦး၊
 တွဲဖက် အဖွဲ့ ခေါင်းဆောင်သုံးဦး ၊ စီစဉ်ကြီးကြပ်ရေးမှူးတစ်ဦးတို့ ပါဝင်မည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုယ်စားလှယ်တစ်ဦးသည် အဖွဲ့ ခေါင်းဆောင်ဖြစ် လာမည်ဖြစ်ပြီး၊
 The United Nationalities Alliance (UNA)ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်မှ
ကိုယ်စားလှယ်တစ်ဦး၊ Committee Representing the People’s Parliament (CRPP) ပြည်သူ့
 လွှတ်တော်ကိုယ်စားပြုကော်မတီ မှ ကိုယ်စားလှယ်တစ်ဦး နှင့် အခြားတိုင်းရင်းသားနိုင်ငံရေးပါတီ
များမှ ကိုယ်စားလှယ် တစ်ဦးတို့  သည် တွဲ ဖက်အဖွဲ့ ခေါင်းဆောင်များဖြစ်လာကြမည်ဖြစ်သည်။
 ကော်မတီအဖွဲ့ ဝင်များအား တစ်နှစ် တစ်ကြိမ် ပြန်လည် ရွေး ကောက်တင်မြှောက်မည်ဖြစ်ကြောင်း
လည်း သိရသည်။

ကော်မတီဧ။်အဖွဲ့ ခေါင်းဆောင်နှင့်တွဲဖက်အဖွဲ့ ခေါင်းဆောင်များသည် လိုအပ်လျှင် လိုအပ်သလို
အရေးပေါ် အစည်းအဝေးခေါ်ယူနိုင်သည့်အာဏာ အပ်နှင်းထားခြင်း ခံရသည်။ ကော်မတီအဖွဲ့ ဝင်
ဖြစ်ကြသည့်နိုင်ငံရေးပါတီ များမှ အခြားပါတီဝင်များအနေဖြင့် ကော်မတီတွင်း လုပ်ငန်းဆောင်
ရွက်ပုံများ၊ လုပ်ဆောင်နေခြင်းများအား လေ့လာလိုကြလျှင် ကော်မတီဝင် နိုင်ငံရေးပါတီများမှ
 လေ့လာသူတစ်ဦးစီ ကော်မတီဧ။် ပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် ( UNA) နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တို့ သည် ကော်မတီအတွင်း
တာဝန်ထမ်းဆောင်မည့် ကိုယ်စားလှယ်အသီးသီးဧ။် အမည်စာရင်းကို နိုဝင်ဘာလဧ။် ပထမဆုံး စနေနေ့ တွင်ကျင်းပမည့် အစည်းအဝေး တွင်တင်သွင်းရမည်ဖြစ်သည်။
Nld Central