Wednesday, September 3, 2014

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီဝင် မဟုတ်သူများလည်း လျှောက်ထားကြောင်းသိရှိရ

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ပါတီမှ ဝင်ရောက်အရွေးခံလိုသည်ဟု လျှောက်လွှာတင်သူ
များထဲတွင် ပါတီဝင် မဟုတ်သည့် အပြင်လူများလည်း ပါဝင်သည်ဟု NLD ဗဟိုအလုပ်အမှု
ဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
ပြည်နယ်နှင့်တိုင်း၊ ခရိုင် အဆင့်အဆင့်မှ လျှောက်လွှာများကို စက်တင်ဘာ ၁ ရက် အထိ လက်ခံခဲ့ပြီး နောက်ဆုံး အဆိုပြုရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်း လစ်လပ်မဲဆန္ဒနယ်မြေများ
ရှိNLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများက ရွေးချယ်ထားခြင်းဖြစ်သည်ဟု၎င်းက
 ပြောသည်။