Wednesday, September 3, 2014

ဒဂုံတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ တကသကျောင်းသားများရဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ


အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်ကြောင်း စက်တင်ဘာလ ၂ရက်နေ့ကဒဂုံတက္ကသိုလ်၊
စီးပွားရေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂတို့ပူးပေါင်း၍ပါဖောမန့်များဖြင့်
 ဒဂုံတက္ကသိုလ်တစ်ပတ်လှည့်လည်ဆန္ဒပြခဲ့ကြောင်းတွေ့ရသည်။
ကျောင်းသားလူငယ်တွေရဲ့ စိတ်ဓါတ်ကိုလေးစားပါတယ်။ ယနေ့ အချိန်အထိ မတရားတဲ့ကိစ္စမှန်သမျှ
ကို ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နေတုံးပါပဲ၊ ကျောင်းသားတွေဟာ မိမိတို့ အခွင့်အရေးကို လက်ပိုက်ကြည့်
မဲ့သူ မရှိသလောက်ဖြစ်လာနေပြီး အနာဂတ်မှာ တိုင်းပြည်ကို ဦးဆောင်နိုင်မည်   ခေါင်းဆောင်
ကောင်းတွေပေါ်ထွက်လာဖို့   ပညာရေးစနစ်ကိုမြှင့်တင်ဖို့ လိုအပ်ပါတယ်။