Wednesday, September 3, 2014

ကျောင်းသားထုက အဆင့်မြှင့်ပညာရေးစနစ်နဲ့ မိမိတို့ အခွင့်အရေးတောင်းဆိုမှု အစိုးရနားလည်ဖို့ လိုအပ်

 ၂၀၁၄-၉-၃
အမျိုးသားပညာရေး ဥပဒေမှုကြမ်းကို ကန့်ကွက်တဲ့ ကျောင်းသားတွေကို သမ၀ါယမ တက္ကသိုလ်
(စစ်ကိုင်းတိုင်း) ငွေမိုးထွန်းမော်ထိန်းက စာထုတ်ပြီး မိဘတွေကို ဆင့်ခေါ်ခဲ့ပါတယ်။ ကျောင်းသား
တွေဟာ မိမိတို့ ရဲ့  လိုအပ်သည့် ပညာသင်စနစ်နဲ့  ကျောင်းသားအခွင့်အရေးတွေကို မိမိတို့ ရဲ့ 
လိုအပ်ချက်မျာကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ယခု မော်ကွန်ထိမ်းက အုပ်ထိမ်းသူမိဘများကို ဆင့်ခေါ်ပြီး တွေ့ ဆုံဆွေးနွေးရန်လို့  ခေါင်းစဉ်တပ်
ထားတော့ ၈၈ နောက်ပိုင်း စစ်အစိုးရရဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့  တူနေတဲ့အတွက် လက်ရှိဒီမိုက
ရေစီပြုပြင်ပြောင်းလဲရေးကာလအထိ အာဏာရှင်တွေရဲ့ အရှိန်တွေကျန်ရှိနေသေးထယ်ဆိုတာ
ထင်ရှားနေပါတယ်။ ၈၈ နောက်ပိုင်းမှာ ကျောင်းသားမိဘတွေကိုခေါ်ပြီး ကျောင်းသားတွေကို
ကျောင်းထုတ်ခံရတဲ့အထိ ရှိခဲ့ဘူးပြီး၊ ၂၀၁၀ ရွေးကောက်ပွဲ ဦးသိန်စိန်အစိုးရတက်လာပြီး
နောက်ပိုင်းကျမှ ကျောင်းပြန်တက်ခွင့်ရတာမို့  နှစ်ပေါင်း ၂၀ ကျော် ကျောင်းသားများဟာ
ပညာမသင်ကြားရပဲ ဘ၀တစ်ခုပေးဆပ်ခဲ့ရပါတယ်။ဒါတွေကို ပြည်သူတွေအနေနဲ့  သိထားဖို့ 
လိုအပ်ပြီး မိဘတွေအနေနဲ့ လည်း နားလည်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတကာမှာတော့ အဆင့်မြှင့် ပညာရေးစနစ်နဲ့  တိုင်းပြည်တွင်းမှာ ပညာတတ်လူတန်းစား 
ပညာရှင်များရှိမှ ထိုနိုင်ငံကို ဖွင့်ဖြိုးတိုးတက်တဲ့ နိုင်ငံစာရင်မှာ ထည့်သွင်းကြပါတယ်။မြန်မာ
နိုင်ငံရဲ့  ပညာရေးစနစ်ဟာ နိမ့်ကျတဲ့ ပညာရေးစနစ်ဖြစ်ပြီး လက်တွေ့ မရှိပဲ နှုတ်တိုက်နဲ့ 
အောင်မြင်လာကြတာကြောင့် ဘွဲ့ ရကျောင်းသားများ အလုပ်အကိုင်မရှိဖြစ်နေကြရပါတယ်။ 
ပညာရေးစနစ်ကို နိုင်ငံတကာအဆင့်အတန်းမှီအောင် ခေတ်နဲ့ အညီ ကိုက်ညီတဲ့ ပညာရေး
စနစ်ကို လေ့လာကြမှသာ နိုင်ငံတကာအလယ်မှာ မြန်မာကျောင်းသားတွေ အဆင့်မြှင့်လာ
ကြမှာဖြစ်သလို ပညာရေးစနစ်ကိုလည်း အဆင့်မြှင့်ပညာရေးစနစ်ပြောင်းလဲဖို့ လိုအပ်ပါတယ်။
ဘယ်နေရာမှာမဆို ရေမြေဒေသနဲ့ ကိုက်ညီတဲ့စနစ်လို့ ဆိုကြပြီး မိမိတိုင်းပြည်နဲ့ ကိုက်ညီတဲ့
စနစ်မျိုးဆိုတာ နိုင်ငံတကာအဆင့်နဲ့ နိမ့်ကျနေတာကိုတွေ့ ရပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် နေ့ စဉ်နှင့်အမျှ နည်းပညာတွေ တိုးတက်လာနေတာကြောင့်
လူငယ်တွေကို မြေတောင်မြှောက်ပေးပြီး ခေတ်ရှေ့ ပြေးအောင် ပညာရေစနစ်ကို အစိုးရတွေက
ထောက်ပံ့ကူညီမှုတွေပေးကြပြီး နည်းပညာတွေကို လူငယ်ကျောင်းသားတွေက တီထွင်ကြပါတယ်။
တဖွဲ့ နဲ့ တဖွဲ့  တကျောင်းနဲ့ တစ်ကျောင်း အပြိုင်အဆိုင်တီထွင်ကြပြီး အနိုင်ရတဲ့ ကျောင်းသားတွေ
ကို နည်းပညာဆိုင်ရာ လုပ်ငန်းရှင်တွေက စပွန်စာပေးပြီး တီထွင်မှုပညာတွေနဲ့  ကမ္ဘာကို
ကြေညာပြီး ထုတ်လုပ်ကြတာကို တွေ့ မြင်ရပါသည်။မြန်မာနိုင်ငံမှာတော့ ပညာရေးစနစ်နိမ့်ကျမှု
ကြောင့် နည်ပညာပြိုင်ဆိုင်မှုမရှိသလောက်ပါပဲ။
 
အစိုးရအနေနဲ့  ပညာရေးစနစ်မြှင့်တင်ပေးဖို့ လိုအပ်ပြီး ခေတ်နောက်ကျနေတဲ့ ပညာရေးစနစ်နဲ့ 
 ကျောင်းသားတွေကို ထိမ်ချုပ်တဲ့ ပညာရေးစနစ်ဟာ အာဏာရှင်နိုင်ငံတွေမှာပဲ တွေ့ ရပါတယ်။
 ပြည်သူနှင့် မိဘတွေအနေဖြင့် ထိမ်းချုပ်တဲ့ပညာရေးစနစ်ကို လက်မခံပဲ မိမိတို့ ၏ သားသမီးများ အဆင့်မြှင့်ပညာတွေ ပညာသင်ကြားနိုင်ဖို့ နိုင်ငံတော်အစိုးရကို တောင်းဆိုသင့်ပါတယ်။


မြသိန်း