Thursday, September 11, 2014

နော်ဝေနိုင်ငံ ပါလီမန်အမတ်များအဖွဲ့နှင့် ၈၈ မျိုးဆက် တွေ့ဆုံ


စက်တင်ဘာလ၊ ၁၀ ရက်၊ ညနေ ၅း ၃၀ နာရီက “နော်ဝေနိုင်ငံ ပါလီမန်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီ” (The Standing Committee On Foreign Affairs and Defence) ၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့၊ Chatrium Hotel သို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ မင်းကိုနိုင်၊ ပြုံးချို၊ ဂျင်မီ နှင့် ဇော်မင်း(ဘောင်းဘောင်း) တို့ ရောက်ရှိခဲ့ကြပြီး နော်ဝေနိုင်ငံ ပါလီမန် ဥက္ကဋ္ဌ Anniken Huitfeldt ဦးဆောင်သည့် “နော်ဝေနိုင်ငံ ပါလီမန်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီ” ၏ အဖွဲ့ဝင် ၂၀ ဦး နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးကြရာမှာ ယနေ့ မြန်မာ့နိုင်ငံရေးတွင်
 နော်ဝေနိုင်ငံ၏ ပါဝင်ပတ်သက်မှု၊ ငြိမ်းချမ်းရေးဖြစ်စဉ်များ အတွက် လက်တွဲ ဆောင်ရွက်နိုင်မှု အနေအထား၊ ရင်းနှီး မြှုပ်နှံမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အလေးအနက် ထည့်သွင်းစဉ်းစားမှု၊ အရပ်ဘက်အဖွဲ့အစည်းများအပေါ် အားပေးမြှင့်တင်နိုင်မှုနှင့် အနာဂတ်မျိုးဆက်
များ၏ ပညာရေးနှင့်ပတ်သက်ပြီး ပိုမို ဂရုပြု အလေးထားနိုင်စေရန် ဆွေးနွေးခဲ့ကြပြီး ညနေ ၆း ၁၅ နာရီတွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့သည်။

88 Generation