Monday, September 8, 2014

သမ္မတ ဦးသိန်းစိန်၏ နောက်တစ်ကြိမ် ထပ်လုပ်ရန် ပြည်သူ့ ဆန္ဒကို ပွင့်လင်းမြင်သာစွာ စစ်တမ်းကောက်ယူရမည်

၂၀၁၄-၉-၈
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဆွစ်ဇာလန်သမ္မတနှင့်အတူ စက်တင်ဘာ ၅ ရက်ကတွေ့ရစဉ်
တိုင်းပြည်အခြေအနေ နှင့် ပြည်သူလူထု၏ စိတ်ဆန္ဒရှိမှုအပေါ် မူတည်၍ သမ္မတသက်တမ်း
 နောက်တစ်ကြိမ်လုပ်ကိုင်ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယခုဥရောပခရီးစဉ်အတွင်း ဥရောပခေါင်းဆောင်များနှင့် ဥရောပသတင်းဌာနများ၏ မေးမြန်းမှုများကို ပထမဆုံးဖြေကြား
လိုက်ခြင်း ဖြစ်သည်။

၂၀၁၅ မှာ သမ္မတ အဖြစ် ဆက်ပြီးတာဝန်ယူဖို့ စိတ်ဆန္ဒရှိ၊ မရှိ မေးတဲ့မေးခွန်းတွေနဲ့ ကြုံတိုင်း သမ္မတကြီးက တိုင်းပြည်ရဲ့အခြေအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒပေါ်မူတည်ပြီး ဆုံးဖြတ်မယ်လို့
ဖြေခဲ့တယ်’’ဟု ပြောကြားသည်။ပြည်သူ့ ဆန္ဒဟုပြောဆိုရာတွင် ပြည်သူ့ ဆန္ဒကို ပွင့်လင်း
မြင်သာစွာဖြင့် စစ်တမ်းကောက်ယူပြီး ပြည်သူ့ ဘောထားကို ထင်သာမြင်သာရှိအောင် ဖေါ်ပြ
ရမည်။လက်ရှိစစ်တမ်းအရ ဦးသိန်းစိန်သည် ၂၀ % သာဖြစ်ပြီး ပြည်သူ့ ထောက်ခံမှု
ကျဆင်းလျှက်ရှိသည်။

ပြည်ပခရီးစဉ်မသွားမှီ ကြိုတင်၍ ဘင်္ဂါလီဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ယခုဥရောပခရီးစဉ် မတိုင်မီကတည်းက ဒုက္ခသည်နှစ်ထောင်ကျော် ပြန်လည်စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူလိုက်ခြင်းကလည်း ယခုဥရောပခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ယခုဥရောပခရီးစဉ်အတွင်း ဖက်ဒရယ်ပြည်ထောင်စုစနစ် အကြောင်းကို
လည်း စိတ်ဝင်တစား လေ့လာနေပြီဖြစ်သည်။ အထူးသဖြင့် စီရင်ပိုင်ခွင့်အာဏာကို အစိုးရနှင့်
ဖက်ဒရယ်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်အပေါ်
စက်တင်ဘာ ၅ ရက် နံနက်တွင် အချိန်သီးသန့်ပေး၍ ဆွေးနွေးလေ့လာခဲ့သည်။

အနောက်နိုင်ငံများ၏ အခြေခံဥပဒေကို လေ့လာနေသည်ဟု ပြောဆိုသော်လည်း မြန်မာနိုင်ငံ၏
၂၀၀၈ အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီသည့်အပြင် တိုင်းရင်းသားများ၏
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူအခွင့်အရေး၊လူ့ အခွင့်အရေး၊နိုင်ငံသားများရသင့်ရထိုက်သော
အခွင့်အရေးနှင့် အခြေခံအလုပ်သမားများ၏အခွင့်အရေး၊မီဒီယာလွတ်လပ်ခွင့် စသည့်အခွင့်အရေး
များ မြန်မာနိုင်ငံတွင် ချိုးဖေါက်ခြင်းခံနေရသည်။နိုင်ငံသားများနှင့် နိုင်ငံတကာကကန့် ကွက်နေသည့် မျိုးစောင့်ဥပဒေကို သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး လွှတ်တော်မှာပြင်ဆင်ဖို့ ကြိုးစားနေပြီး
 ဘာသာရေးနှင့် လူမျိုးရေးကို ခွဲခြားဆက်ဆံဖို့  သမ္မတက ကြိုးစားခြင်းသည် လူ့ အခွင့်အရေး ချိုးဖေါက်ခြင်းဖြစ်ဖြစ်သည်။

၂၀၁၅ တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်းက သမ္မတဦးသိန်းစိန်အနေဖြင့် နောက်တစ်ကြိမ်
သက်တမ်းအတွက် ဝင်ရောက်လုပ်ကိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ကြံခိုင်ဖွင့်ဖြိုးရေးပါတီ
တွင်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် အာဏာအားပြိုင်မှုများ ဖြစ်ပေါ်နေသည်။၂၀၁၅ ရွေးကောက်ပွဲအတွက်
ကြံခိုင်ဖွင့်ဖြိုးရေးပါတီမှ ထိပ်တန်းခေါင်းဆောင်များ သမ္မတနေရာလုပွဲများဖြစ်ပေါ်ပြီး ပါတီကွဲပြဲမှုများ
ဖြစ်လာနိုင်ဖွယ်ရှိသည်။ ဦးသိန်းစိန်၏ ဥရောပခရီစဉ်တွင် နိုင်ငံတကာခေါင်းဆောင်များကို ပြောကြား
လိုက်ခြင်းမှ မိမိကိုယ်တိုင်က ဆန္ဒရှိနေသည်မှာထင်ရှားနေပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ
ဦးရွှေမန်းက သမ္မတနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု အတိအလင်းပြည်သူကို ကြေညာထား
ပြီးဖြစ်သည်။

လာမည့်ရွေးကောက်ပွဲအတွင်း သမ္မတဖြစ်လိုကြောင်း ပြောကြားထားသူများမှာ လက်ရှိသမ္မတ ဦးသိန်း
စိန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်
NLDနှင့် ၈၈ မျိုးဆက် ပွင့်လင်းလူမှုအဖွဲ့ အစည်းတို့ မှ ပြည်သူ့ သဘောထားကို ကောက်ခံခဲ့ရာ
၉၀ % နီးပါးက ထောက်ခံထားသည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူတစ်ဦးတယောက်ကို ရည်ရွယ်ပြီး ပိတ်ပင်ထားသော ပုဒ်မ ၅၉(စ) ကြောင့်  ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတဖြစ်ခွင့် ကန့်သတ်ခံနေရသည်။ထို့ ကြောင့် မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတကာ
ဒီမိုကရေစီစံနှုန်းများကို ဆန့် ကျင်နေသည်။

မြသိန်း