Monday, September 8, 2014

ဧရာဝတီတိုင်း ဒေသလုံးဆိုင်ရာ အရပ်ဖက်လူ့အဖွဲ့အစည်းများ
နှီးနှော ဖလှယ်ပွဲတွင် “ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ”
ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေး


ယနေ့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ဧရာတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ တိုးရွှေဝါ

ခန်းမတွင် ကျင်းပပြုလုပ်သော “ ဧရာဝတီတိုင်း ဒေသလုံး ဆိုင်ရာ အရပ်ဖက်လူ့အဖွဲ့အစည်းများ
 နှီးနှော ဖလှယ်ပွဲ “ သို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲအစည်း) မှ မင်းကိုနိုင်၊
 ကိုဇော်မင်း (ဘောင်းဘောင်း)၊ စမ်းချောင်းကိုကိုကြီးနှင့် အဖွဲ့ သွားရောက်ခဲ့ကြပြီး မင်းကိုနိုင်မှ
 “ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ထိုသို့ဟောပြောဆွေးနွေးရာ တွင် “ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းမရှိလျှင် ငြိမ်းချမ်းရေး အစစ်အမှန် မဟုတ်နိုင်ကြောင်း၊ လက်နက်ရှိသူအချင်းချင်း သဘောတူ ညီမှု ရရုံဖြင့် ငြိမ်းချမ်းရေးရပြီဟု မပြောနိုင်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များသည် အများပြည်သူ သိသာစေရန်အတွက် ပွင့်လင်းမြင်သာမှုရှိရန်လို အပ်ကြောင်း၊ ငြိမ်းချမ်းရေး စားပွဲဝိုင်းများတွင် စစ်ဘေးစစ်ဒဏ် အမှန် တကယ်ခံစား နေကြရသော ပြည်သူတို့၏ အသံများကို ထည့်သွင်းဆွေးနွေးဖို့ လိုအပ်ကြောင်းနှင့် ပြည်သူများအတွက် အမှန်တကယ် ကိုယ်စားပြုဖို့
လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သဘောတူညီထားသော ကတိကဝတ်များမှ
 နောက်ပြန်မသွားရန် စောင့် ကြည့် ထိန်းသိမ်းပေးမည့် ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများလို
အပ်ကြောင်း” တို့ကို ဟောပြော ဆွေးနွေးခဲ့သည်။

အခမ်းအနားအပြီးတွင် မအူပင်မြို့ရှိ ကျောင်းသားများနှင့် တွေ့ဆုံခဲ့ကြသည်။