Sunday, September 7, 2014

ပြည်ထောင်စုကော်မရှင် ဥက္ကဌ ဦးတင်အေးအား အယုံအကြည်မရှိသဖြင့် ရွေးကောက်ပွဲကော်မရှင်ကို ဂုဏ်သိက္ခာရှိသော ပုဂ္ဂိုလ်များ ပညာရှင်များဖြင့် ပြန်လည်ဖွဲ့ စည်းသင့်

၇.၉.၂၀၁၄ ရက်နေ့ နံက် ၉ နာရီတွင် နိုင်ငံရေးပါတီများနှင် ပြည်ထောင်စုကော်မရှင်တို့ အစည်း အဝေးကို မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် စတင်ကျင်းပခဲ့ပြီး ပြည်ထောင်စုကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပတော့မည်မဟုတ်ကြောင်း ပြောကြားသွား
ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးသည် မိမိတို့ ၏ တာဝန်ယူကျင်းပ

ပေးမည်ဟုပြောဆိုထားသော ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအား ကျင်းပတော့မည် မဟုတ်ဟု
ပြောကြားခဲ့ခြင်းသည် မိမိတို့ ကော်မရှင်မှ ပေးထားသောဂတိကို ချိုးဖေါက်  လိုက်ခြင်းဖြစ်သည်။
လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း 
ကျင်းပမယ့်အကြောင်းနဲ့ ပြုလုပ်မယ့်ရက်ကိုတော့ အနည်းဆုံး (၃) လ ကြိုတင်ပြီးတော့အကြောင်း ကြားပေးမှာဖြစ်တဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က
မတ်လ (၂၀) ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောကြားသွားခဲ့ပါတယ်။


နိုင်ငံရေးပါတီများ အနေဖြင့် သံသယတွေကို ဖျောက်ဖျက်ပစ်ပြီး ပြဋ္ဌာန်းထားသော ဥပဒေများနှင့်
အညီ လိုက်နာဆောင်ရွက်၍ ပါတီအကျိုး၊ နိုင်ငံအကျိုး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း
 ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ပြောကြားသည်။ ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်မှုမရှိ တရားမျှတမှုမရှိသည့်အပြင်ဘက်လိုက်မှုများရှိနေသည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် လက်ရှိအာဏာရရှိထားသော ပါတီဝင်ဖြစ်ပြီး အစိုးရ၏ သဘောထားအရ
ဆောင်ရွက်နေခြင်းတွေ့ ရှိရပြီး ကြံ့ ခိုင်ဖွင့်ဖြိုးရေးပါတီမှ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်
ရနိုင်ဖွယ်မရှိ ဒီမိုကရေစီအင်အားစုများမှ အားကောင်းလာနေချိန် အာဏာရှင်အစိုးရကို ပြည်သူများ

လက်မခံတော့သည့်အချိန် ဖြစ်လာနေသောကြောင့် လွှတ်တော်တွင်း NLDနှင့် ဒီမိုကရေစီ
အင်အားစုများ အင်အားကြီးထွားလာမည်ကို စိုးရိမ်လျှက်ရှိသည်။ထို့ ကြောင့် ခိုင်လုံမှုမရှိသည့် အကြောင်းပြချက်ဖြင့် လက်ရှိတွင် အချိန်အများကြီးရှိပါလျှက်နှင့် ကြားဖြတ်ရွေးကောက်ပွဲသည်
 မြန်မာနိုင်ငံရေးအပြောင်းအလဲများကိုမည်သို့ မျှ သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း၊ မည်သည့်ရလာဒ်ထွက်ပေါ်ခဲ့သည်ဖြစ်စေ နိုင်ငံရေးအရ ထူးခြားမှုရှိမည်မဟုတ်ကြောင်း၊ 
နိုင်ငံရေးပါတီများအနေနှင့်လည်း လုံလောက်သည့် အချိန်မရရှိ နိုင်ကြောင်း၊ ထို့ ကြောင့် ကျင်းပပေးမည်မဟုတ်ဟုဆိုသည်။

ဘက်လိုက်မှုရှိနေသော ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အား ပြည်သူများအယုံအကြည်မရှိဖြစ်

လာနေပြီး လွတ်လပ်၍ တရားမျှတစွာ ဆုံးဖြတ်ခြင်းမရှိသော ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းပြီး အများပြည်သူလေးစားယုံကြည်သောပုဂ္ဂိုလ်များ ပညာရှင်များဖြင့် ပြန်လည်ဖွဲ့ စည်းနိုင်မှသာ
 မြန်မာပြည်သူများနှင့် ကမ္ဘာ့နိုင်ငံများမှ လာမည့်ရွေးကောက်ပွဲများကို အသိအမှတ်ပြုမည်ဖြစ်
လေသည်။

  မြသိန်း