Tuesday, September 16, 2014

မငြိမ်းချမ်းသေးသော မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

၂၀၁၄-၉-၁၆
ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
တို့ သည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဧ။်မူဝါဒများဖြစ်သည်။

 တောင်အာဖရိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိသောသင်ခန်းစာ အချို့ မှာ
၁။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထုနှင့် အရပ်သား အဖွဲ့ အစည်းများသည် မရှိမဖြစ် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

၂။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကမ္မကထ ပြုသူ၊ ဆောင်ရွက်ပေးသူသည် ပြည်သူလူထုဧ။်
ယုံကြည်မှုကို ရရှိထားသူများဖြစ်သည်၊ တောင်အာဖရိကတွင် ဘုရားရှစ်ခိုးကျောင်းများကငြိမ်း ချမ်းရေးဆွေးနွေးပွဲများ စတင်နိုင်ရန် စေ့စပ်ညှိုနှိုင်းပေးခဲ့သည်။

သီရိလင်္ကာ နိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိသော သင်ခန်းစာ အချို့မှာ
၁။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူလူထုသည် အရပ်သား အဖွဲ့ အစည်းများမှ တဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းပါဝင်လာခဲ့သည်။
၂။ သီရိလင်္ကာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှူ့ မြင်ရာတွင် ၊ ငြိမ်းချမ်းရေးဆောင်ရွက် သည်ဆိုသည်မှာ လက်တွေ့ ဒုက္ခခံစားနေရသောစစ်ပွဲများဖြစ်ပွားနေသည့် နေရာတွင်နေထိုင် သည့်ဒေသခံများဧ။် အရေးကို လက်တွေ့ ကျကျ အဓိက ထားဖြေရှင်းရမည်ဟု ရှူ့ မြင်ကြသည်။
မြန်မာနိုင်ငံဧ။် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်၊ပြည်သူလူထုက ယုံကြည်အားကိုးသည့် ပုဂ္ဂိုလ်များပါဝင်ဆောင်ရွက်နေပါပြီလား၊ ပြည်သူလူထုကြီးကရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေပါပြီလား၊လက်ငင်းလက်တွေ့ ဒုက္ခခံစားနေရသော ဒေသခံ တိုင်းရင်းသားပြည်သူများ
အတွက် တစ်စုံတစ်ရာ အကောင်အထည်ဖော်ဆောင်ရွက် ပေးနေသည်များ ရှိနေပါပြီလား။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ရာတွင် ဘက်ပေါင်းစုံမှ
ပညာရှင်များ၊ လူထုခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်များ၊ NGO အဖွဲ့ အစည်းများ
အစိုးရအဖွဲ့ များ ဂုဏ်သိက္ခာကြီးမားပြီး သမာသတ်ရှိသောပုဂ္ဂိုလ်များပါဝင်သော တမျိုးသားလုံးဆိုင်ရာ
ကွန်ဖရင့် (National peace conference) ကျင်းပရန် ဒီမိုကရေစီအင်အားစုများမှ ဆောင်ရွက်ဖို့ 
လို အပ်နေပြီး ထိုမှသာ စစ်မှန်သောငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်သည်။