Tuesday, August 12, 2014

ကျနော်ကတော့ ဘာပြောပြော ဒေါ်အောင်ဆန်းစုကြည်ကို
ထောက်ခံသွားမယ်

၂၀၁၄-၈-၁၂

1-ကျနော်တို့ရောက်စေချင်တဲ့အထိ လျှောက်ဖို့တော့ လိုပါသေးတယ်။
2-အမေရိကန် အစိုးရက အမျှော်အမြင်ကြီးကြီးနဲ့ မြန်မာအစိုးရကို ဆက်ဆံနေတာပါ။
3-ပိတ်ဆို့မှုတွေ အားလုံးမဟုတ်ပေမယ့် တချို့ကို ရုပ်သိမ်းပေးပြီး ဖြစ်ပါတယ်။
4-အခြေခံအားဖြင့်တော့ အစိုးရသစ်တစ်ရပ်အနေနဲ့ အားလုံးကို အဆင်ပြေချောမွေ့စွာ ကိုင်တွယ်နိုင်

သေးတာတော့ မဟုတ်ပါဘူး။
5-ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာလည်း ပြောပြဦးမှာပါ။
6-ကျနော်ကတော့ ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်နောက်က ထောက်ခံပေးမှာပါ။ 7-မြန်မာပြည်အတွင်း လတ်တလောရင်ဆိုင်နေရတဲ့ ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုတွေ၊ တိုင်းရင်းဒေသတွေမှာ ငြိမ်းချမ်းရေးမရသေးတာတွေနဲ့ ရခိုင်ပြည်နယ်အရေး စတာတွေကို အသေးစိတ်ဆွေးနွေးခဲ့ပြီး မြန်မာခေါင်းဆောင်တွေဘက်ကလည်း အဲဒီပြဿနာတွေ ရှိနေတဲ့အကြောင်း အသိအမှတ်ပြုတာမို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအခက်အခဲတွေကို ဖြေရှင်းရာမှာ ဝိုင်းဝန်း 

ကူညီ အားပေးသွားမယ့်အကြောင်းလည်း John Kerry က ပြောကြားပါတယ်။