Saturday, July 5, 2014

မန္တလေး အဓိကရုဏ်း လုံခြုံရေးညံဖျင်းမှု အစိုးရတွင် တာဝန်ရှိ


၂၀၁၄-၇-၅
မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေဟာ တာဝန်ရှိသူဖြစ်တဲ့ အစိုးရအနေဖြင့် အချိန်မီ
မထိမ်းသိမ်းနိုင်ခဲ့လို့ ဖြစ်တယ်။လုံထိမ်းရဲအင်အားကို လုံလောက်စွာထားရမည်ကို သိရှိပါလျှက်နဲ့ 
ရဲအင်အား အနည်းငယ်ဖြင့်သာ ချထားခဲ့သောကြောင့် မန္တလေးနေရာအနှံတွင် မဖြစ်သင့်သော ပြသနာ
များ ထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်ပေသည်။

မန္တလေးမြို့မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး လူငါးဦးကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ကပြောပါတယ်။ကိုထွန်းထွန်းရဲ့အသုဘကို လိုက်လံပို့ဆောင်သူ ၅ထောင်ခန့်ရှိပြီး
 ကြာနီကန် သုဿ     န်အတွင်း ရောက်ချိန်မှာ လူတချို့စိတ်မထိန်းနိုင်ဘဲ ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆူပူမှု အဓိကရုဏ်းတွေဖြစ်လာတိုင်း တာဝန်ရှိသူတွေဟာ အမြန်ဆုံးမထိမ်းသိမ်းနိုင်ခဲ့ပါဘူး၊
လက်လွန်ခြေလွန်ဖြစ်ပြီးမှ လုံခြုံရေးကို တာဝန်ယူလာတာတွေ့ ရပါတယ်။ပထမ စဖြစ်ဖြစ်ခြင်းမှာ
လုံခြုံရေးရဲတွေဟာ စောင့်ကြည့်နေကြတာတွေ့ ရပြီး အင်နဲ့ အားနဲ့  ဖိဖိစီးစီး အဓိကရုဏ်းကို
လက်ဦးအောင် မထိမ်းသိမ်းခဲ့ဘဲ အထက်က အမိန့် ကို စောင့်နေတာနဲ့ ဘဲ ဆူပူမှုတွေဟာ
တိုးလာတာတွေရပါတယ်။ခရိုင်ဝန်ကြီးချုပ်ရဲ့  သတင်းမှာ အမည်မသိသူတွေ လူစုလူဝေးနဲ့ 
ရောက်ရှိလာပြီး ဒုတ် ဓါးတွေကိုင်ဆောင်ထားပြီး ဆူပူမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့  ပြောဆို
ထားပါတယ်။

၂.၇.၁၄ ရက်နေ့တွင် ရဲများက ဆန်းလ္ဘက်ရည်ဆိုင်သို့ သွားရောက်၍ ဆိုင်ပိတ်ထားရန်ပြောကြား
ရာမှ လူစုလူဝေးဖြစ်ပြီး ချက်ခြင်းဆိုသလို ၂၆လမ်း အနောက်ဘက်မှ light truck ကား ၃စီးဖြင့်
လူစိမ်းများရောက်လာပြီး ဆူညံစွာအော်ဟစ်၍ အဓိကရုဏ်းဖြစ်ရန်လှုံ့ဆော်ခဲ့သည်။ထိုလူများကို
ဖမ်းဆီးထိမ်းသိမ်းခြင်းမရှိသည်ကို တွေ့ ရှိရသည်။လုံခြုံရေးရဲများ၏ကိုင်တွယ်ထိမ်းသိမ်းမှု လျော့ရဲ
ညံဖျင်းမှုကြောင့် အဓိကရုံးအသွင်ဖြစ်ပေါ်ခဲ့ရသည်။

၃.၇.၁၄ရက်နေ့ အာဏာပိုင်များက လုံခြုံရေးကို ပြည့်စုံစွာ ကြိုတင်ပြင်ဆင်ထားခြင်း မတွေ့ရ။
ထိုနေ့ညတွင် ဆိုင်ကယ်များဖြင့် စနစ်တကျအုပ်စုဖွဲ့၍ တုတ်ဓါးများဖြင့် လူတစ်စုက လှုပ်ရှားလာပြီး ည ၁၁နာရီခန့်တွင် ၃၄လမ်း ၈၃လမ်းထောင့်အနီးတွင် မြန်မာလူငယ်တစ်ဦးအသတ်ခံရ။ ဆိုင်ကယ်အုပ်စု
မှ မြို့ထဲလှည့်လည်၍ လူထုကိုအော်ဟစ်ခေါ်ငင်ကြသော်လည်း တစ်ယောက်စ နှစ်ယောက်စမှလွဲ၍ မြို့လူထုက မလိုက်လာကြ၍ ထိုဆိုင်ကယ်အုပ်စုအင်အားနည်းပါး။ဘုန်းကြီးကျောင်းတိုက်များသို့လည်း သူတို့နှင့်အတူ လိုက်ကြရန် ခေါ်ကြသော်လည်း သံဃာတော်များက မလိုက်ကြပါ။

၎.၇.၁၄ နံနက် အစောကြီး ၄နာရီ ကျော်ကျော်တွင် ၂၉×၈၃ လမ်းထောင့်နား၌  လူတစ်ဦးကို
 ဝိုင်းသတ်ဖြတ်ခဲ့၍ အဓိကရုဏ်းဖန်တီးသူ ပါဝင်ပတ်သက်သူ ဆယ်ဂဏန်းခန့်သာရှိပြီး ပြောပ
လောက်အောင်ပျက်စီးခြင်းလည်းမရှိ။ မြို့ခံပြည်သူလူထုနှင့် ရဟန်းသံဃာတော်များက ပါဝင်ပတ်သက်ခြင်းလည်း မပြုသည့်အတွက် ကြီးမားသော အဓိကရုဏ်းထိ မရောက်ရှိပါပဲ
ညနေပိုင်းတွင် ပုဒ်မ၁၄၄ ထုတ်ပြန်ခဲ့သည်။

ဆူပူသောင်းကျန်း သူတွေကို ဓါတ်ပုံနှင့်တကွ မှတ်တမ်းတွေ ရှိနေတာကြောင့် အထူးစုံစမ်းထောက်
လှန်းရေးမှ ဘာကြောင့် မဖမ်းဆီးခဲ့တာလဲ အဓိကရုဏ်းတွေဖြစ်ပြီးတိုင်း အဓိက တရားခံတွေ လွတ်နေပြီး နောက်ကွယ်က လှုပ်ရှားနေတဲ့ အဖွဲ့ အစည်းကိုလည်း ဖေါ်ထုတ်ခြင်းမရှိတာတွေ့ 
ရပြီး လူမျိုးရေး၊ဘာသာရေး အဓိကဂုဏ်း တွေဖြစ်အောင် လူတစ်စုက နောက်ကွယ်က လုပ်နေတာ
သချာပါတယ်။ကိုထွန်းထွန်း အသုဘချရာတွင် မန္တလေးကျုံးကြီးကိုပတ်ခွင့်ပေးခဲ့တယ် လုံခြုံရေးက
တားဆီးမှုတွေ မလုပ်ခဲ့ပါဘူး။ပြသနာမှာ ပို၍ကြီးထွားလာပါက ဒေသခံပြည်သူတွေရဲ့  လုံခြုံရေးကို
ထိခိုက်လာနိုင်ပါတယ်။အစိုးရမှ အချိန်မှီမတားဆီးခဲ့သောကြောင့် လုံခြုံရေးညံဖျင်းမှုနှင့် တာဝန်ရှိသူ အစိုးရ၏ ညံဖျင်းမှုတွေ၊ ပြည်သူများ၏ အသက်အန္တရာယ်ကို ကြိုတင်ကာကွယ် ထိမ်းသိမ်းမှုတွေ မပြုလုပ်ခဲ့တာကြောင့် တာဝန်ရှိသူအစိုးရအား ဝေဖန်ရေးသားရခြင်းဖြစ်ပေသည်။

မြသိန်း