Friday, July 4, 2014

ပြည်သူတွေ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ နိုင်ငံရေးလှည့်ကွက်အပေါ် အထူးသတိရှိဖို့  လိုအပ်


၂၀၁၄-၇-၎
ပြည်သူတွေအနေဖြင့် သတိကြီးစွာထားဖို့ လိုအပ်လျှက်ရှိပြီး ၁၉၈၈ ခုနှစ်ကလည်း အာဏာရှင်တွေဟာ
 နည်းမျိုးစုံသုံးခဲ့တယ်။ထောင်ထဲက လူဆိုး လူမိုက်နဲ့  နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူတွေကို လွှတ်ပေးလိုက်ပြီး တိုင်းပြည်ဆူပူမှုဖြစ်အောင်လုပ်ခဲ့တယ်။ ခေါင်းဖြတ်သူတွေ၊ သောက်ရေထဲအဆိပ် ခတ်သူတွေ၊ ဆေးထိုး လုပ်ခိုင်းတာတွေရှိခဲ့ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်၊ တိုင်းပြည်
ချောက်ထဲကျခါနီး ကယ်တင်ခဲ့ရတယ်ဆိုပြီး အနှစ် ၂၀ ကျော် အာဏာရှင်စနစ် နဲ့ အုပ်ချုပ်ခဲ့တယ်။
လက်ရှိလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေက တိုင်းပြည်ရဲ့ အာဏာကို ဆုပ်ကိုင်ထားပြီး ချောက်ထဲက
ကယ်တင်လို့ မဆုံးအောင် ဆက်လက်ကြိုးစားနေကြပါတယ်။

အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေကို မတရားတဲ့ ဥပဒေတွေနဲ့  လိမ်လည်လှည့်စားပြီး
နည်းမျိုးစုံသုံးကာ ဒီမိုကရေစီအရေးဆောင်ရွက်သူတွေကို ဖမ်းဆီး သတ်ဖြတ် နှိပ့်စက် ထောင်ဒါဏ်
တွေနှစ်ရှည်ချပြီး ပြည်သူတွေ ဘ၀ပျက်အောင် လုပ်ခဲ့တာ ယနေ့ အထိမေ့လို့ မရသေးပါဘူး။
၂၀၀၃ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ပြည်သူတွေရဲ့  အခက်အခဲအကြပ်အတည်းကို သိရှိတဲ့ရဟန်းတော်တွေဟာ ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေပြုလုပ်ခဲ့ရာ အာဏာရှင်က အကြမ်းဖက်ဖြေရှင်းခဲ့ပါတယ်။သံဃာတုတွေထည့် လူဆိုးလူမိုက်တွေကို ဆူပူအောင်လုပ်ခိုင်း၊ ကြံဖွတ်နှင့် စွမ်းအားရှင်တွေကို မွေးပြီး အကြမ်းဖက်ဖြေရှင်းခဲ့ပါတယ်။  လက်ရှိအစိုးရပါတီဟာ (ကြံဖွတ်အသင်းနဲ့ စွမ်းအားရှင်အသင်း)တွေကနေ ပေါက်ဖွားလာတဲ့ အစိုးရဖြစ်တယ်ဆိုတာ ပြည်သူအားလုံးသိကြပါတယ်။

အကြမ်းဖက်မှုတွေကိုကြည့်မယ်ဆိုရင် နောက်ကွယ်မှာ ကိုင်တွယ်နေတဲ့ အဖွဲ့ အစည်းရှိမယ်ဆိုတာ
သေချာပါတယ်။ ရခိုင်အရေးအခင်းပြဿ     နာ၊မိထီလာ၊ပြည်၊မန္တလေး စသည့်ပြဿ     နာတွေကိုကြည့်ရင်
အကြမ်းဖက်သူတွေက တုတ် ဓါးတွေကိုင်ဆောင်ပြီး အုပ်စုနဲ့  ရွှေ့ လျားနေတာတွေ့ ရပါတယ်။နယ်မြေ
ခံတွေမဟုတ်ပဲ အမည်မသိ နယ်မြေခံပြည်သူမသိသူတွေက လုပ်ဆောင်နေပြီး ထိုအကြမ်းဖက်သူတွေ
ကို ဖမ်းဆီးဖြေရှင်းရာမှာ ပွင့်လင်းမြင်သာစွာ ဥပဒေအရ ထိရောက်စွာအရေးယူပြီး နောက်ခံအဖွဲ့ 
အစည်းပါဝင်ပါသက်မှု ရှိ မရှိကို ပြည်သူတွေကို ရှင်းရှင်းလင်းလင်သိအောင် ယနေ့ အထိမဖြေရှင်း
ပေးခဲ့ပါဘူး။အခင်းတစ်ခုဖြစ်ပွားရာမှာ မီးစထိုးသူ လူရမ်းကားအုပ်စုတွေဟာ ရုပ်ရည်ပုံသဏ္ဍန် အပြုအမူကိုကြည်ရင် ဓါတ်ပုံတွေနဲ့ တကွ ထင်ရှားနေပြီး ပြည်သူတွေမှာ မှတ်တမ်းတင်ထားတာရှိ၍ ထိုလူတွေကို ရုံးထုတ်တာ အပြစ်ဒဏ်ချမှတ်တာ ထင်ထင်ရှားရှားမတွေ့ ဘဲ ယနေ့ အထိ   ပြည်သူတွေသိအောင် ဖေါ်ပြခဲ့တာမတွေ့ ရပါ။အရေးအခင်းမှာ မခံနိုင်လို့ ပါဝင်ပါတ်သက်ခဲ့သူကိုသာ အရေးယူခဲ့ပြီး ဖေါ်ပြခဲ့တာပဲ ရှိခဲ့ပါတယ်။ဒီပြဿ     နာတွေကို ကြိုးကိုင်သူ အဖွဲ့ အစည်း ဂိုဏ်းဂဏတွေကို အစိုးရက ဖေါ်ထုတ်ခြင်းမရှိတာကို တွေ့ မြင်ရပါတယ်။ဒါဟာ အစိုးရကို သံတယရှိနေကြပါတယ်။

လက်ရှိနိုင်ငံရေးမှာ စစ်အာဏာရှင်စနစ်နဲ့  နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်လာပြီး ၂၀၁၀ ခုနှစ်မှာ
ဗိုလ်ချုပ်ကြီးတွေကို ရာထူးမှအနားယူခိုင်းပြီး အရပ်ဝတ်ပုံစံပြောင်းကာ စစ်တပ်ထွက် အုပ်စုက   ရွေးကောက်ပွဲဝင်ခဲ့ပါတယ်။ပြိုင်ဘက်ကင်းအောင် ၂၀၀၈ အခြေခံဥပဒေနဲ့  ချုပ်ကိုင်ထားပြီး
 ကြံဖွတ်အသင်း (တစ်ဖြစ်လဲ ) ကြံခိုင်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးပါတီအဖြစ် အမည်ပြောင်းကာ ပါတီတည်ထောင်၍ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကိုကျင်းပကာ အနိုင်ယူပြီး စစ်အာဏာရှင်
စနစ်ကို သက်ဆိုးရှည်အောင် အသက်သွင်းလုပ်ဆောင်ခဲ့တာ ယနေ့ အချိန်အထိဖြစ်ပါတယ်။
ဆက်ပြီး အာဏာရှင်စနစ်နဲ့  မိမိတို့ အုပ်ချုပ်နိုင်အောင် ရှုတ်ထွေးတဲ့ ပြဿ     နာတွေနဲ့  နိုင်ငံရေးကို
အသုံးချ နေတာတွေ့ မြင်ရပါတယ်။ အာဏာသိမ်း စစ်အစိုးရဟာ ရိုးသာမှုရှိတယ်ဆိုရင် ၁၉၉၀
ခုနှစ် ရလဒ်ကို (ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာလွှဲပေးပြီး စစ်တပ်ဟာ စစ်တမ်းလျား
ကို ပြန်မယ်လို့  ဗိုလ်ချုပ်ကြီး ဦးစောမောင်ကဂတိပြုခဲ့ပါတယ်)အကောင်အထည်ဖော်ပေးဖို့ တာဝန်
ပျက်ကွက်ခဲ့ပါတယ်။၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပါတီစုံဒီမိုကရေစီစနစ်နဲ့  လွတ်လပ်၍ တရားမျှတ
တဲ့ ရွေးကောက်ပွဲကို မကျင်းပပေးခဲ့ပါဘူး(နိုင်ငံတကာအသိဖြစ်တယ်)။ဆက်ပြီး ၂၀၁၅ ရွေးကောက်ပွဲ
ကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးမယ်လို့  ရွေးကောက်ပွဲကော်မရှင်က တသွင်သွင်အော်နေ
ပြီး၊ ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ လက်ရှိကျင့်သုံးနေတဲ့ နိုင်သူအကုန်ယူစနစ် မဟုတ်ဘဲ
ရရှိထားတဲ့ မဲအရေအတွက်အပေါ် မူတည်ပြီးတော့ အချိုးကျ ကိုယ်စားလှယ် ရွေးချယ်တဲ့စနစ်ကို
ကျင့်သုံးဖို့ PR ဆိုတဲ့ နည်းကိုအသုံးပြုဖို့  လက်ရှိအာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသား
လွှတ်တော်မှာ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။ အဓိက က လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူကိုဆိုလိုပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်ထားခြင်းမရှိ
သူကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟု မသတ်မှတ်နိုင်ပါ။ထို့ ကြောင့် ကာကွယ်ရေးဦးစီးချုပ်မှ
တိုက်ရိုက်ခန့် အပ်ထားသော စစ်တပ်ကိုယ်စားပြုသူများသာဖြစ်၍  ပြည်သူကရွေးချယ်ထားခြင်းမဟုတ်
သောကြောင့် လက်ရှိ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၁၂၀ ဥပဒေနှင့် ငြှိစွန်းနေပြီး ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အတည်ပြုခဲ့သော PR  အချိုးကျ ကိုယ်စားလှယ် ရွေးချယ်တဲ့စနစ်တွင် စစ်တပ်ကိုယ်
စားပြုသူ စစ်သားများသည်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အချိုးကျခွဲဝေကျင့်သုံးသည့် စနစ်
တွင် အချိုးကျခွဲဝေရပိုင်ခွင့် မရှိသည့်အတွက် လွှတ်တော်မှဖယ်ရှားပေးရမည်ဖြစ်သည်။ နောက်ဘယ်
လိုနည်းနဲ့  အကြံကုန် ဂဠာန်ဆားချက် မည်မသိပါ။ 

ထို့ နောက် နိုင်ငံရေးအကြပ်အတည်းက ရုံးထွက်နိုင်ရန် (စစ်အာဏာရှင် အထီးကျန်ဘ၀မှ လွတ်မြောက်အောင်) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံဆွေးနွေးမှုတွေလုပ်ပြီး
၂၀၁၁ ခုနှစ် ၁၁ လပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးကာ ဆွေးနွေး
မှုတွေလုပ်ခဲ့ပြီး တောင်းဆိုမှုတွေပြုလုပ်၍ (မြန်မာ့ဒီမိုကရေစီအရေး ဦးဆောင်သူ ခေါင်ဆောင်များ
၆၅ နှစ်ဟူသော နှစ်ရှည်ထောင်ဒါဏ်တွေနဲ့  ထောင်ထဲရောက်နေကြပါတယ်) လွှတ်မြောက်ရန်ကြိုး
စားခဲ့ပါတယ်။ နိုင်ငံရေးအပြောင်းအလဲကြီးကြီးမားမားတစ်ခု ပေါ်လာစေရန် ရည်ရွယ်၍ NLD ကို
 တရားဝင်မှတ်ပုံပြန်တင်ပြီး ၂၀၁၂ ခုနှစ်မှာကြားဖြတ် ရွေးကောက်ပွဲဝင်ရောက်၍အနိုင်ရခဲ့ပါတယ်။
ဒါဟာ ပြည်သူတွေရဲ့ ဘ၀နစ်နာမှုမရှိစေရန် ရွေးကောက်ပွဲနည်းလမ်းနဲ့  ပြည်သူတွေရဲ့  ဆန္ဒအမှန်ကို
 ငြိမ်းချမ်းစွာနဲ့  ဖေါ်ထုတ်ပြသလိုက်တာဖြစ်ပါတယ်။ ထိုနည်းတူစွာဘဲ ၂၀၁၄- ၂၀၁၅ ရွေးကောက်ပွဲ
တွေမှာလည်း စစ်မှန်တဲ့ ဒီမိုကရေစီကိုလိုလားသူများ ဥပဒေစိုးမိုးရေးကို လိုလားသူများအနေဖြင့်
မိမိတို့ ရဲ့  ဆန္ဒအမှန်ကို မဲပေးစနစ်နဲ့  ငြိမ်းချမ်းစွာဖေါ်ပြကြရမှာ ဖြစ်ပါတယ်။ဒါကို မလိုလားသူတွေ
ကတော့ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်မှုတွေကို သတိရှိဖို့ လိုပါတယ်။

ထိုမှတဖန် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးစတင်လာခဲ့ရာ နိုင်ငံရေးလှုပ်ရှားမှုတရပ်
 ပြန်လည်အသက်ဝင်ခဲ့ပါတယ်။၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် သမိုင်းပေးတာဝန်တရပ်ကို
NLD နဲ့  88 ပူးပေါင်းခဲ့ပါပြီ၊ ဒီမိုကရေစီအင်အားစုများနှင့် ရုပ်ရှင် ဂီတ အနုပညာရှင်များ ကျောင်သားများ၊
အလုပ်သမား လယ်သမားအဖွဲ့ အစည်းများ၊ရှေ့ နေများ၊ ရဟန်းရှင်လူ ပြည်သူများလည်း ပူးပေါင်းပါဝင်
လာ၍ အောင်မြင်မှုရရှိလာချိန်ဖြစ်သလို ယနေ့ အချိန်တွင် ပြည်သူများ၏ နိုင်ငံရေး အသိ အမြင်နှင့်
 လှုပ်ရှားမှုများ အားကောင်းလာနေချိန်ဖြစ်ပါတယ်။နိုင်ငံရေးပါတီများ၊ကျောင်းသား အလုပ်သမား
 သမဂ္ဂများ၊လူမှုအဖွဲ့ အစည်း ကွန်ယက်များ စစ်မှန်တဲ့ ဒီမိုကရေစီ လိုလားသူ ကွန်ယက်များ ရှိနေပြီဖြစ်သောကြောင့် အာဏာရှင်စနစ်ကို တော်လှန်နိုင်ရန် စုစည်းညီညွတ်သော  အင်အားစုများဖြစ်ပေါ်လာအောင် ၀ိုင်းဝန်းကြိုးစားရမည့် အချိန်ဖြစ်လာနေပါတယ်။

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သောကြာင့် နိုင်ငံရေး
ရှုပ်ထွေးမှုများဖြစ်ပေါ်နေပါတယ်။ပြည်သူတွေက အုပ်ချုပ်သူအစိုးရရဲ့ လယ်သိမ်း၊ယာသိမ်း၊ဘုန်းကြီး
ကျောင်းတွေ အသိမ်းခံရ ပြည်သူပိုင်မြေတွေလည်း အသိမ်းခံနေရပြီး အလုပ်သမား၊လယ်သမား၊
ကျောင်းသားတွေလဲ ဖိနှိပ့်ခံနေရဆဲဖြစ်ပါသည်။ပြည်သူ့ ဘ၀ဟာ ဥပဒေစိုးမိုးမှုမရှိ၊ လုံခြုံမှုနဲ့  အာမခံချက်မရှိတဲ့ အားကိုးရာမဲ့ ဘ၀ကိုရောက်နေပြီး ဘ၀အာမခံချက်မရှိသလို အစိုးရလည်းအားကိုး
မရ၍ အကြမ်းဖက်ရင်ဆိုင်မှုများကို ပြည်သူတွေ ခါးစည်းခံနေကြရပါတယ်။တိုင်းပြည်မငြိမ်မသက်ဖြစ်
အောင်အရေးအခင်းများဖြစ်ပေါ်နေပြီး ရှုပ်ထွေးမှုတွေပေါ်ပေါက်လာနေပါတယ်။အဓိကကတော့ ၂၀၀၈
 ပြင်ဆင်ရေး အရှိန်မြှင့်လာချိန်မှာ လမ်းလွှဲဖို့  နိုင်ငံရေးကစားနေတာဖြစ်ပြီး အာဏာဆက် လက်ချုပ်ကိုင်နိုင်ရေးအတွက် မတည်မငြိမ်ဖြစ်အောင်ဖန်တည်းနေတာဖြစ်တယ်၊၊ပြည်သူတွေအနေနဲ့  အရေးအခင်းပြဿ     နာတွေမှာ အလံရှုးတွေကို  ရှောင်ရှားဖို့ နဲ့  သတိကြီးစွာထားဖို့  လိုအပ်ကြောင်း
 ပြောကြားလိုပါတယ်။

မြသိန်း