Monday, July 14, 2014

လူငယ်တွေကို အမေစု ပြောခဲ့တဲ့စကား


 ၂၀၁၄-၇-၁၄
ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ကို NLD အနေနဲ့ ပြင်ဆင်ဖို့ကြိုးစားတာဟာ ၂ဝ၁၅ ရွေးကောက်ပွဲ
တွက် မဟုတ်ဘဲ နောင်လာမယ့် မျိုးဆက်တစ်ခုလုံးအတွက် ရည်ရွယ်ပြီး ကြိုးစားနေတာလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၂ရက်နေ့က ပခုက္ကူမြို့မှာ ပြောဆိုခဲ့ပါတယ်။ ၄၃၆ ပြင်ဆင်ရေး နောက်ဆုံး ဟောပြောပွဲမှာ လူငယ်တွေကို ဘာပြောခဲ့လဲ။
နိုင်ငံရေးလုပ်စားတဲ့သူတွေက နောက်လာမယ့် ရွေးကောက်ပွဲတစ်ခုကိုပဲ စဉ်းစားပြီး နိုင်ငံအတွက် တကယ်စဉ်းစားတဲ့သူတွေက နောင်မျိုးဆက်တစ်ခုလုံးအတွက် စဉ်းစားသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပုဒ်မ ၄၃၆ကို ပြင်ဆင်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပရိသတ် ၂သိန်းကျော်ရှိတဲ့ လူထုကြီးကို ပြောဆိုခဲ့ပါတယ်။

  နိုင်ငံရေးမူနဲ့ သဘောတရားတွေ ဆက်ပြီးရှင်သန်ဖို့အတွက် နိုင်ငံရေးမျိုးဆက်သစ်တွေ အမြဲလိုအပ်နေတာကြောင့် လူငယ်တွေနိုင်ငံရေးစိတ်ဝင်စားတာကို လူကြီးမိဘတွေ မဟန့်တားဖို့ တိုက်တွန်းခဲ့ပြီး နိုင်ငံရေးစိတ်ဝင်စားတာ အန္တရာယ်မဟုတ်ဘဲ နိုင်ငံရေးအမြင်မရှိတဲ့မျိုးဆက်တွေပဲရှိ
ရင် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက်တို့ ပြီးခဲ့တဲ့ မေလ ၂၇ရက်နေ့ကနေ လာမယ့် ဇူလိုင် ၁၉ရက်နေ့အထိ တစ်နိုင်ငံလုံး လက်မှတ်တွေကောက်ခံနေပြီး လက်မှတ်ပေါင်း ၃သန်းကျော် ရရှိထားတယ်လို့ NLD က ကြေညာထားပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သွားနေတယ်လို့ အစိုးရက ကြွေးကြော်ထားပေမယ့် သတင်းထောက်တွေကိုဖမ်းဆီးထောင်ချနေတာဟာစဉ်းစားစရာဖြစ်လာတယ်လို့ ဒေါ်အောင်ဆန်း
စုကြည်က ဆိုပါတယ်။ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ချိန်ခွင်လျှာထိန်းညှိရမယ်လို့ ပြောပါတယ်။

Wai Moe Aung