Sunday, June 29, 2014

တန့်ဆည်မြို့ ပြည်သူတွေ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၄၃၆ ပြင်ဆင်ရေး သမိုင်းပေးတာဝန် ကျေပြွန်

 ၂၈၊ ၆၊ ၂၀၁၄ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ အခန်း(၁၂)၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆန္ဒဖေါ်ထုတ်ခြင်း။

" ဥပဒေ တစ်ခုကို ပြင်ဆင်မယ်ဆိုရင် .... ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်လို့ ရမယ်ဆိုတာ မတရားသဖြင့် ရေးဆွဲထားတာဖြစ်လို့ ကျွန်တော်တို့က လက်မခံလို့၊ဆန္ဒပြရခြင်းဖြစ်ပါတယ်။

 နောက်တစ်ခုက ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် မဟုတ်တဲ့ ၂၅ ရာခိုင်းနှုန်းက
 ထောက်ခံမှသာလျှင် ဥပဒေတစ်ခုကို ပြင်ဆင်လို့ရမယ်ဆိုတာကိုလည်း ကျွန်တော်တို့က လက်မခံဘူး။

 နောက် တတိယအချက်ကတော့၇၅ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့သော်ငြားလည်း ပြည်သူ့ဆန္ဒခံယူ
တဲ့အခါမှာ မဲဆန္ဒပေးပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံမှ အခြေခံဥပဒေတစ်ခုကို
 ပြင်ဆင်လို့ရမယ်ဆိုတာဟာ မတရားသဖြင့် အခက်အခဲ၊ အကျပ်အတည်းဖြစ်အောင် လုပ်ထားတယ်
လို့ ကျွန်တော်တို့အနေနဲ့ မြင်တယ်။

အဲဒါကြောင့်မို့လို့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဘို့ ဆန္ဒပြရခြင်း၊ ဖေါ်ထုတ်ရခြင်းကို လုပ်ရတာ ဖြစ်ပါ
တယ် "ဦးမြင့်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တန့်ဆည်မြို့နယ်) မှ ပြောကြားလိုက်ကြောင်း
သိရပါသည်။ ပြည်သူများက ၄၃၆ ပြင်ဆင်ရေးကို တခဲနက်ထောက်ခံကြပြီး လူဦးရေ ၃၅၀၀ ခန့်
က တက်ရောက်ဆန္ဒထုတ်ခဲ့ကြသည်။

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဘို့ ဆန္ဒမဖော်ထုတ်ရသေးသော မြို့ နယ်များအနေဖြင့် ဒီမိုကရေစီသမိုင်း
မှာ မိမိတို့ မြို့ နယ်က ဆန္ဒမဖော်ထုတ်ဘဲ ကျန်ခဲ့မယ်ဆိုရင် သမိုင်းပေးတာဝန်မကျေပြွန်သလို သမိုင်းစာမျက်နှာပေါ်တွင် ကျန်ရစ်လိမ့်မည်။၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးဖို့ 
ရက်အနည်းငယ်သာကျန်တော့၍ ဆန္ဒဖော်ထုတ်ကြဖို့  တိုက်တွန်းအပ်ပါသည်။

မြသိန်း