Sunday, June 29, 2014

ဗိုလ်ချုပ်ဟောင်းတွေအုပ်ချုပ်တဲ့ မြန်မာနိုင်ငံဟာ တာဝန်ယူမှု တာဝန်သိမှု မရှိ ပြည်သူတွေကို ဖိနှိပ့်နေ


၂၀၁၄-၆-၂၉
ဗိုလ်ချုပ်ဟောင်းတွေ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ ကိုယ်နိုင်ငံသားတွေရဲ့ အကျိုးစီပွားကို ဖျက်ဆီး
ဥပဒေမဲ့ အနိုင်ကျင့်နေကြပြီး မြန်မာနိုင်ငံ အစိုးရအနေနဲ့ တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွား
ကိစ္စရပ်တွေမှာ တရုတ်ဖက်က ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်
က ပြောကြားခဲ့ပါတယ်။

တိုင်းပြည်အကျိုးဆောင်ရွက်တဲ့ ကိုယ့်နိုင်ငံက သံဃာတွေကိုတော့ ဖမ်းဆီး သတ်ဖြတ် ကျောင်းမှ
နှင်ထုတ်၊ကျောင်းတွေကို မဟန နဲ့ အစိုးရပေါင်းပြီး အကြမ်းဖက်သိမ်းဆည်း သံဃာတွေကို အမှုဖွင့်
ဖမ်းဆီး သင်္ကန်းချွတ် ဘာသာ သာသနာကို ဂုဏ်သိက္ခာကျအောင် ဗိုလ်ချုပ်အာဏာရှင်တွေက လုပ်
နေကြပြီး တရုတ်နိုင်ငံရောက်တော့ အာဏာရှင်သက်ဆိုးရှည်ရေးကို ကူညီကာကွယ်ပေးခဲ့လို့ 
လက်အုပ်ချီပြီး အရိုအသေပေးနေတဲ့ သိန်းစိန်အစိုးရ၊ နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာတော့ နည်းမျိုးစုံ
နဲ့  နှိပ့်ကွက်နေကြတယ်။

မဟာသန္တိသုခ ကျောင်းတိုက်ပိုင်ဆိုင်မှုနှင့်ပါတ်သက်ပြီး မဟန နဲ့  သာသနာရေးဝန်ကြီးဌာနတို့ ပေါင်း
ပြီး အကြမ်းဖက်မှုအပေါ် အစိုးရတာဝန်ရှိသူ ဦးသိန်းစိန်မှ ထိုကိစ္စနှင့်ပါတ်သက်ပြီး ပါဝင်ပါတ်သက်
မည်မဟုတ်ဟု ပြန်ကြားရေးအဖွဲ့  ဦးရဲထွဋ်မှ ပြောဆိုခဲ့သည်။အစိုးရ ၀န်ကြီးဌာနတစ်ခုနှင့် သက်ဆိုင်
သော ပြဿ     နာကို ကာယကံရှင် ပြည်သူ ရဟန်းတစ်ဦးမှ သမ္မတထံ အကူအညီတောင်းခံမှုအပေါ် အမြှင့်ဆုံး ဆုံးဖြတ်ပိုင်ခွင့် တာဝန်ရှိသူ သမ္မတမှ တာဝန်မဲ့စွာ ဖြေရှင်းပေးခြင်းမရှိသည်မှာ တာဝန်ယူ
မှု တာဝန်သိမှု မရှိခြင်းကြောင့် ဖြစ်ပေသည်။

 မဟာသန္တိသုခ ကျောင်းတိုက်နှင့်ပါတ်သက်၍  ဗိုလ်ချုပ်ကြီး ခင်ညွန့် မှ ဦးဆောင်ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံသို့  ကျောင်းတော်ကြီး ထိမ်းသိမ်းရန်အတွက် အပ်နှံထားကြောင်း
 အတိအကျ အထောက်အထားများ ရှိပါသော်လည်း ထိုအချိန်က တာဝန်ရှိခဲ့သူ ဦးခင်ညွန့် မှာ သက်ရှိထင်ရှားရှိပါလျှက်နှင့် ထိုကိစ္စနှင့်ပါသက်ပြီး ဖြေရှင်းပေးခြင်းမရှိပဲ တာဝန်ယူမှု တာဝန်သိမှုများ ဗိုလ်ချုပ်တွေ မျက်နှာလွဲပြီး ရှောင်နေကြတာဟာ အရုပ်ဆိုးအကြီတန်ပြီး တိုင်းပြည်နှင့် ပြည်သူတွေ
အပေါ် တာဝန်မယူတတ်တဲ့ ဗိုလ်ချုပ်တွေရဲ့  အုပ်ချုပ်မှုကို ဆက်ပြီးလက်မခံနိုင်ပေ။

ဒီလို  အယောင်ဆောင် ဒီမိုကရေစီနဲ့ ဗိုလ်ချုပ်တွေအုပ်ချုပ်တဲ့ မြန်မာနိုင်ငံဟာ ဘယ်တော့မှ တိုင်းပြည်
လည်းမတိုးတက်ဘူး။ ပြည်သူလည်း တိုးတက်ဖို့ ဆိုတာ လမ်းမမြင်ဘူး။ ဗိုလ်ချုပ်တစ်စု ကြီးပွားရေးနဲ့ 
အာဏာတည်မြဲရေးအတွက်သာ လုပ်နေကြတာဖြစ်တယ်။စစ်မှန်တဲ့ ဒီမိုကရေစီနဲ့  ဥပဒေစိုးမိုးရေး
မရရှိသရွေ့  ပြည်သူတွေဟာ ဗိုလ်ချုပ်တွေရဲ့  စစ်ဖိနပ်အောက်က လွှတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
တိုင်းပြည်မှာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်ပေါ်လာအောင် ပြည်သူတွေအနေနဲ့  မိမိတို့ ရဲ့ ကံကြမ္မာ
ကို မိမိတို့ ဖန်တီးရမှာဖြစ်တယ်။ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ဟာ မိမိတို့ ကို ဖိနှိပ့်အုပ်ချုပ်နေတဲ့
အစိုးရအား အုပ်ချုပ်ရေးနယ်ပယ်မှ ဖယ်ရှားနိုင်အောင် ပြည်သူ့ အင်အားဖြင့် စည်လုံးညီညွတ်စွာ
ဖယ်ရှားကြရမည်။

မြသိန်း