Wednesday, June 4, 2014
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲ
ကိုထင်ကျော်
ကိုဝေဠု
ဦးဝင်းချို
၂၀၁၄-၆-၎
မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားများကို ၂၀၁၀ ခုနှစ်မတိုင်မီက နိုင်ငံရေးနဲ့  ဖမ်းဆီးထားသူတွေကျန်
ရှိနေပြီး ၂၀၁၄ မှာ နိုင်ငံရေးလှုပ်ရှားသူတွေကို ပုဒ်မ ၁၈ နှင့် နိုင်ငံတော်ကို အကြည်အညိုပျက်စေတဲ့
ပုဒ်မ ၅၀၅(ခ)နဲ့  ဖမ်းဆီးနေတာတွေ့ ရပါတယ်။ လက်ရှိမှာတော့ အရင်ကလက်ကျန် ၃၀ ဦးနဲ့ 
၂၀၁၄ မှာ ဖမ်းဆီးခံရသူ ၃၀ စုစုပေါင်း ၆၀ ကျန်ရှိသေးတယ်လို့  သိရပါတယ်။
မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့  အကြိမ်ကြိမ်လွှတ်
ပေးခဲ့ပြီး နိုင်ငံတကာမှလည်း လွှတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ်မှာ ကြိုဆိုကြပါတယ်။
လက်ရှိမြန်မာနိုင်ငံရေးဟာ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက်ရှိသေးပါ။ပြုပြင်ပြောင်း
လဲရေးလမ်းကြောင်းပေါ်မှာ တဝေ့လည်လည်နဲ့  ရှေ့ ဆက်မသွားဘဲ အာဏာရှင်စနစ်သက်ဆိုးရှည်
ရေးလမ်းကြောင်းကို ခင်းလာနေတာကို တွေ့ ရပါတယ်။ဒီမိုကရေစီအရေးဆောင်ရွက်သူတွေကို
ဥပဒေ ပုဒ်မတွေတပ်ပြီး တရားစွဲဆိုထားတာတွေ တနေ့ ထက်တနေ့ များပြားလာနေပါသည်။
လျှစ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ လယ်သမားရေးဆောင်ရွက်သူ
ဦးဝင်းချိုနဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုဝေဠု တို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုပြီး ၅ ကြိမ်မြောက်ရုံးချိန်းကို အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့ပါ
တယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ဒီမိုကရေစီ နိုင်ငံမဟုတ်သေးပါဘူး၊
နိုင်ငံသားတွေရဲ့  ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးနေရပြီး၊လူ့ အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ဘာသာရေးလွတ်လပ်ခွင့်တွေကို လက်ရှိအစိုးရက ပိတ်ပင်တားဆီး နေဆဲဖြစ်ပါတယ်။
မြသိန်း
Posted by
luthuorthan.bg@gmail.com