Friday, June 6, 2014

တပ်သိမ်းမြေ ပြန်ရရေး ဦးဆောင်သူ ဟိုပုံး NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌ ပစ်သတ်ခံရ

 ၂၀၁၄-၆-၆
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရပ်ကျေး ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ စစ်တပ်သိမ်းယူထာတဲ့ မြေတွေ ပြန်လည်ရရှိရေး ဦးဆောင်သူတဦးဖြစ်တဲ့ ဦးစိုင်းစံထွန်း ကို သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားကြောင်း ရှမ်းပြည်နယ် NLD တာဝန်ရှိသူတွေနဲ့ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ထံကနေ စုံစမ်းသိရှိရပါတယ်။

အသက် ၅၀ အရွယ်ဦးစိုင်းစံထွန်းကို ဇွန်လ ၄ ရက်နေ့ည ၁၂ နာရီခန့်မှာ လူစိမ်း ၂ ဦးက လက်ထိပ် ခတ် ခေါ်ဆောင် သွားပြီး ဒီနေ့ ၅ ရက်နေ့ မနက်မှာတော့ ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့တောထဲမှာ ဦးခေါင်းကျဉ်ဆံဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးစိုင်းစံထွန်း အလောင်းကို တွေ့ခဲ့ရတယ်လို့ တောင်ကြီး
ခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ဧရာဝတီကိုပြောပါတယ်။

http://burma.irrawaddy.org/news/2014/06/05/59949.html